part 7

1.7K 107 0
                                    

Playboy...(chapter-7)
=================

တေဇာက​ပြော​နေရင်းမှ တစ်​ချက်​ချက်​ရှိုက်​သံများထွက်​လာကာ....ရစ်​ဝဲလာ​သောသူ၏မျက်​ရည်​များကိုသုတ်​တတ်​ပါသည်​။တေဇာခံစား​နေမှုကိုကြည့်​ရင်း ဆက်​ပိုင်​ ​ဖြေမဆည်းနိုင်​​အောင်​ဖြစ်​မိသည်​။ကော့ညွတ်​ညွတ်​မျက်​​တောင်​ထိပ်​ဖျားနားက ခိုတွဲ​နေ​သော ​တေဇာမျက်​ရည်​များကိုကြည့်​၍ဆက်​ပိုင်​ ရင်​ထဲစို့နင့်​လာရသည်​။တုန်​ရင်​​နေ​သော ​​တေဇာနှုတ်​ခမ်းများက ခံပြင်းရတိုင်းကိုက်​မိတတ်​၍ နီရဲ​၍​နေပါသည်​။

ဆက်​ပိုင်​ ​တေဇာ၏ပုခုံးကိုတစ်​ချက်​ပုတ်​၍စကားဆိုသည်​။
"​တေဇာရယ်​...မင်းအရမ်းခံစား​နေရပြီ...ဆက်​မ​ပြောရင်​လဲမ​ပြောပါနဲ့​တော့....."

ကျွန်​​တော်​ကမျက်​​တောင်​ကိုပုတ်​ခတ်​ကာ ဆက်​ပိုင်​ကိုကြည့်​သည်​။ဆက်​ပိုင်​သည်​ ကျွန်​​တော့်​​နေရာတွင်​ကိုယ်​တိုင်​ခံစား၍​နေရသည့်​အတိုင်း....သနားညှာတာစွာဖြစ်​ ပြာလဲ့လဲ့ကြည့်​​နေပါသည်​။

"ဟင့်​အင်း....ငါမြိုသိပ်​ထားရတဲ့ခံစားချက်​​တွေကအရမ်းပူ​လောင်​​နေပြီ..ဆက်​ပိုင်​...ငါအကုန်​မဖွင့်​ထုတ်​ရင်​ရူးသွားနိုင်​တယ်​.....ငါမင်းကိုရင်​ဖွင့်​ပါရ​စေ....ဒါ​လေး​တော့မင်းငါ့ကိုနားလည်​ပေးပါ​နော်​..."

"ဒါ​ပေမဲ့..မင်းခံစားရတာကိုငါမမြင်​ချင်​ဘူး​တေဇာ.....မင်းဆီကငါလိုချင်​တာမင်းရဲ့အပြစ်​ကင်းစင်​တဲ့အပြုံး....မင်းရဲ့ပူ​လောင်​လွန်းလှတဲ့မျက်​ရည်​မဟုတ်​ဘူး.."

"ငါ့ပူ​လောင်​မှု​တွေကို....ဒီ​ည​နောက်​ဆုံးပဲဖြစ်​​စေရမယ်​....ငါမနက်​ဖြန်​ကိုမသယ်​သွား​တော့ဘူး.......မင်းကို​တောင်းဆိုစရာရှိတယ်​...."

"​ပြော​လေ...."

"မင်းအပူမရှာချင်​ပါနဲ့ဆက်​ပိုင်​....မင်းမျက်​လုံး​တွေကိုငါရိပ်​မိတယ်​...ငါကမဖြူစင်​​တော့ဘူး​နော်​.....ငါခံစား​စေချင်​တဲ့သူ​တွေအထဲမင်းမပါဘူး.....မင်း​တောင်းဆိုချင်​တဲ့အရာကိုငါ​ပေးနိုင်​မှာမဟုတ်​ဘူး...."

Playboy....Where stories live. Discover now