Playboy...(chapter-6)
----------------------အဲ့ဒီနေ့က မိုးလဲမရွာသလို.....နေလဲမပူနေပါ....။မိုးသားတိမ်တိုက်နှင့်နေအလင်းရောင်က အလိုက်သင့်လေးနွေးထွေးစေသည်။ပတ်ဝန်းကျင်ကမထူးခြားပေမဲ့....ထူးခြားသည်က ကျွန်တော့်၏ ရင်ခုန်နှုန်းပင်ဖြစ်သည်။ရင်ခုန်စိတ်လှုပ်ရှားမှုများက လူကို တစ်လှပ်လှပ်ပင်ဖြစ်စေသည်။ချစ်ရသူနှင့် ပထမဆုံးဆုံတွေ့ရမည့်နေ့အတွက် အရာအားလုံးအသေးစိတ်ကအစကျွန်တော်ကြိုတင်ပြင်ဆင်ကာထားမိသည်။ကျွန်နော်အကြိုက်ဆုံး....အဖြူရောင်အော်တာရှပ်အကျီင်္ကို အောက်မှ စတိုင်ပင်အဖြူရောင်ဖြင့် လိုက်လျောညီထွေစွာဝတ်ဆင်သည်။ဆံပင်ကို ဆီမလိမ်းပဲ follow me လိမ်း၍သေသပ်စွာပင် ဘေးခွဲခွဲ၍ထားသည်။မှန်ထဲတွင်ကြည့်လိုက်သည့် ကိုယ့်ကိုကိုယ်မြင်ရသည်နှင့်.....ကျွန်တော်အားရကျေနပ်မိသည်။
ဧည့်ခင်းအတွင်းထွက်လာပြီးနာရီကိုကြည့်မိတော့ သူနှင့်တွေ့ရန် တစ်နာရီမျှပင်လိုသေးပါသည်။သို့ပေမဲ့ထိုတစ်နာရီကာ...ကပ်ကမ္ဘာတစ်ခုမျှပင်ကြာညောင်းလွန်းနေသည်။သူကခုမှစရောက်သူဖြစ်၍ တွေ့မည့်နေရာကိုပင်ကျွန်တော်ကိုယ်တိုင်ရွေးချယ်ခဲ့သည်။သူရှိသည့်မုဒုံကိုသွား၍ ကန်ကြီးဘုရားကစားသောက်ဆိုင်တွင်ဖြစ်သည်။ဆိုင်ကယ်နှင့်သွားလျှင်နာရီဝက်မျှလောက်သာကြာမြင့်မည်ဖြစ်၍ အိမ်တွင်ဆက်မနေလိုတော့ပဲ ကျွန်တော်ကအစောတလျင်ထွက်လာခဲ့သည်။
လေးလမ်းသွား....highway လမ်းမကြီးပေါ်တွင် ဆိုင်ကယ်ကိုမောင်းနှင်ရင်း တဖြူးဖြူးတိုက်ခတ်လာသောလေက ကျွန်တော့်နှလုံးသားကိုတလှပ်လှပ်ဖြစ်စေပါသည်။ပတ်ဝန်းကျင်သည် သာယာနေပေမဲ့ လှပလွန်းသည့်အခြေအနေမျိုးမဟုတ်ပေ....သို့ရာတွင်ကျွန်တော့်စိတ်အတွင်း လှပနေသည်ဟုထင်မှတ်မိသည်။ဆိုင်ကယ်မောင်းရင်း ဘေးဘယ်ညာကိုကြည့်၍ကျွန်တော် ပြုံးရီကနေမိသည်။ဘာ့အတွက်ကြောင့်မှန်းတော့ကျွန်တော်မသိ....ကျွန်တော်ပြုံးရီနေသည်။