Playboy....(chapter-8)
=================မနက်ခင်း လင်းရောင်ခြည်သည် မလင်းလွန်းစေပဲ ခပ်မှိန်မှိန်ခပ်ဖျော့ဖျော့လေး.....ကန်းတင်းဘေးရှိ ကံ့ကော်ပင်တန်းကြားကိုဖြာကျဆင်းနေသည်။
နေရောင်ပိတ်ပိတ်ပျောက်ပျောက်ကြား....ကံ့ကော်ရွက်နုများကနီရဲစွာဖြင့်ထွေးမျနေသည်။
တိမ်ဆိုင်များက ပြာလဲ့လဲ့ကောင်းကင်ပြင်နောက်ခံအောက်မှာ.....အဆုပ်လိုက်အထွေးလိုက်ဖြင့် ကြည်ပြာပြာလဲ့နေ၏။ထိုအချိန်တွင် လေပြေနုနုတစ်ချက်သွေးပြန်၏။လေနုနုတွေကြား ကံ့ကော်ရွက်များကတစ်ဖြုတ်ဖြုတ်လေးကြွေလေသည်။
မနက်ခင်းရောင်ခြည်နှင့် ကြွေကျလေသောကံကော်ရွက်များကြား....ဖြူစွတ်စွတ် ခြေလှမ်းတစ်စုံကလှမ်းလာသည်။ထိုခြေလှမ်းသည် ပေါ့ပါးနေသလို သွက်လက်နေ၏။
ပထမစစ နေခြည်နှင့်ကံကော်ပင်က ဆက်ပိုင်အတွက်ထူးထူးခြားခြားသိပ်မရှိလှပေမဲ့.....ထိုမြင်ကွင်းအတွင်း တေဇာ၏ခြေလှမ်းဝင်ရောက်လာတော့ လောကကြီးတစ်ခုလုံးလင်းထိန်သွားသည်ဟု ဆက်ပိုင်ထင်မှတ်မိ၏။
ပင်မြင့်စံမြေခသည့်ရော်ရွက်ဝါတွေကြား....တေဇာကတစ်လှမ်းခြင်းကို မြင်သူအပေါင်းမှင်သက်နိုင်အောင်လှမ်းလာသည်။ရှပ်အကျီင်္လက်ရှည်အဖြူကိုမှ အောက်ကအဖြူရောင်စတိုင်ပင်ဖြင့် ရှူးအဖြူရောင်ကိုပါတွဲဖက်ဝတ်ဆင်ထားသည်။မြင်တွေ့ရသည်မှ စူးရှတောက်ပနေသလို.....ကြည့်သူအဖို့မဝံ့မရဲလဲဖြစ်စေသည်။တေဇာတစ်လှမ်းခြင်းလှမ်းလာသည်က ဆက်ပိုင်တို့သူငယ်ချင်း ထိုင်နေသည့်စားပွဲဝိုင်းသို့ဖြစ်သည်။
"ထိုင်မယ်နော်........."
တေဇာ၏အသံသည် ယခင်လိုမပွင့်တစ်ပွင့် တစ်စုံတစ်ခုကိုချူငင်နေသည့်အသံမျိုးမဟုတ်....ပေါ့ပါး၍လွတ်လပ်နေသည့်အသံမျိုးဖြစ်သည်။တေဇာထံမှခွင့်ပြုချက်တောင်းပြီး မိနစ်အနည်းငယ်ခန့်ထိ ဆက်ပိုင်တို့ဝိုင်းမှ စကားသံတစ်ခွန်းမျှပေါ်ထွက်၍မလာပဲ တေဇာကိုသာစူးစူးစိုက်စိုက်ငေးကြည့်နေကြသည်။