part 4

1.8K 101 2
                                    

Playboy....(chapter-4)
-----------------------

တိုက်​ခန်း၏အခန်းတံခါးဖွင့်​ဖွင့်​လိုက်​ခြင်း ဝင်​လိုက်​သည်​နှင့်​ မီးဖွင့်​ထား​သော်​လဲတစ်​ခန်းလုံး ​မှောင်​မိုက်​​နေသည်​ဟုထင်​ရ​လောက်​​အောင်​...အနက်​​ရောင်​ကိုသုတ်​လိမ်းထားသည်​ပါလား....။ဆိုဖာဆက်​တီများမှအစအနက်​​ရောင်များသာဖြစ်​ပြီး.....အခန်းတံခါးရွက်​များကိုလဲ အနက်​​ရောင်​သာသုတ်​ထားသည်​။ဒီတိုက်​ခန်းအတွင်း.......​တေဇာတစ်​​ယောက်​တည်းသာ​နေသည်​ထင်​ရ၏။ပရိ​ဘောဂပစ္စည်းများများစားစားမ​တွေ့ရ​ချေ။အခန်းဝင်​ဝင်​ခြင်းတွင်​ ဖိနပ်​တင်​စင်​အနက်​​ရောက်​တစ်​ခုနှင့်​ ဟိုးဘက်​ခြမ်းအတွင်းပိုင်းတွင်​ဆက်​တီခုံနှင့်​တီဗွီစင်​သာရှိသည်​။

အခန်းပတ်​ဝန်းကျင်​ကို ​ဝေ့ဝဲကြည့်​ရင်း ဆက်​ပိုင်​ ​တေဇာ၏စိတ်​အ​ခြေအ​နေကိုခန့်​မှန်းနိုင်​သည်​။တေဇာ၏စိတ်​အ​ခြေအ​နေသည်​ လူ​ကောင်းတစ်​​ယောက်​အတိုင်းအတာတွင်​မရှိနိုင်​ မိုင်းနက်​စ်​ပြ​နေလိမ့်​မည်​။ထိုသို့ဖြစ်​ရခြင်းမှာလဲ....သူကြုံ​တွေ့ခဲ့ရ​သောဆိုးရွားဖွယ်​အတိတ်​ဆိုးများ​ကြောင့်​သာဖြစ်​နိုင်​ပါသည်​။

"​တေဇာ...မင်းဒီမှာတစ်​​ယောက်​ထဲ​နေတာလား....."

"အင်းဟုတ်​တယ်​....ငါခုနှစ်​မှအိမ်​ခွဲ​နေတာ...ငါလူ​တွေနဲ့သိပ်​မဆက်​ဆံချင်​​တော့လို့....."

"ဘာရယ်​....."

"မင်းခုမြင်​​နေရတာက......ငါ့ရဲ့အပြင်​ပန်းပုံပန်းသဏ္ဏာန်​ကိုကိုယ်​စားပြု​နေတာ....လူ​တွေအမြင်​ ငါ့ရဲ့ပုံစံက​မှောင်​မိုက်​​နေလိမ့်​မယ်​....​ထိတ်​လန့်​မှုအသွင်​​ဆောင်​​နေလိမ့်​မယ်​....ဒါ​ပေမဲ့ငါ့ရဲ့အတွင်းစိတ်​အ​ခြေအ​နေကိုပြမယ်​....ငါ့ကိုသူရူးတစ်​​ယောက်​လို့​တော့မင်းမသတ်​မှတ်​ပါနဲ့....ငါမရူးဘူး....ရူး​လောက်​တဲ့နှလုံးသားဆိုတာလဲငါ့မှာမရှိ​တော့ဘူး.....ငါလူတစ်​​ယောက်​ကိုစွဲလန်းမိတာ​ကြောင့်​အရာရာကို​ပြောင်းလဲခဲ့တာ.....ငါအမှန်​အတိုင်းဝန်​ခံရရင်​ သူ့ကိုအရမ်းချစ်​တယ်​....ပြီး​တော့အရမ်းလဲမုန်းတယ်​....ငါ့ရဲ့အချစ်​နဲ့အမုန်းဆိုတာ သူ့အ​ပေါ်မှာဒွန်​တွဲ​နေတယ်​"

Playboy....Where stories live. Discover now