Playboy....(chapter-2)
-----------------------Canteen....ထဲရှိလွတ်နေသော ဆိုင်တစ်ဆိုင်မှ ထိုင်ခုံတစ်နေရာကိုကျွန်တော်နေရာယူကာထိုင်လိုက်သည်။အရင်တစ်ချိန်ကဆိုကျွန်တော်က သူငယ်ချင်းတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင် စားသောက်ရသည်ကိုသဘောကျသည်။ခုချိန်တွင်တော့ကျွန်တော်ထိုအရာများနှင့်ဆန့်ကျင်ဘက်ကိုသာနှစ်သက်တော့သည်။လူတွေများပြားသော နေရာမျိုးကိုလဲကျွန်တော်က ရှောင်ကျဉ်လာသည်။သီးသန့်နေခြင်းသည်က ကြုံလာသောအန္တရာယ်ကို ကြိုတင်ရှောင်လွှဲနိုင်သည်ဟုကျွန်တော်က ထင်မှတ်လိုက်၍ ခင်မင်ခဲ့ဖူးသော သူငယ်ချင်းများနှင့်ပင်အဆက်အသွယ်မလုက်တော့ကာ အားလုံးကရှောင်ဖယ်ကာသွားတော့သည်။
စားပွဲတွင် ထိုင်လိုက်သည်နှင့် ပထမဦးစွာ....canteen ဘေးရှိ ကံ့ကော်ပင်တန်းကို ကျွန်တော်ကဝေဝေမှုန်မှုန်စိုက်ကြည့်သည်။ကြည့်စမ်းပါဦး ကံကော်ပင်လုံးကျွတ်ဖူးနေသည်က အခက်အလက်များပင်ကိုင်းညွတ်နေသည်။တစ်ချိန်တစ်ခါက သူ(ကိုခန့်နောင်)နှင့် ထိုကံ့ကော်ပင်အောက်တွင်အတူလျှောက်ခဲ့ဖူးတာပါပဲလား....။ကံ့ကော်တန်းတစ်ခုလုံးက နီရဲရဲထွေးမြမြလေးဖြင့် အရွက်များကခပ်ဝေဆာနေသည်။ကံ့ကော်ပင်ကလဲယခင်နှစ်များအတိုင်းသာပင်......မတူခြားနားနေသည်က ဒီနှစ်တွင်း သူကျွန်တော့်အနားမှာမရှိတော့သည်သာပင်။
ကျွန်တော့် အတွေးများက ကျွန်တော့်ရှေ့တည့်တည့်သို့လှမ်းလာသော လူတစ်ယောက်၏ ခြေသံကြောင့် ပြတ်တောက်ကာသွားသည်။လှမ်းလာသောသူ့ကို ကျွန်တော်က အကဲခတ်သလိုနှင့်ကြည့်မိသည်ခန သူကပြန်လည်ကာပြုံးပြသည်။သူ၏အပြုံးသည် ရိုးသားပါသည်ဟုဆိုနိုင်ပေမဲ့ ဖုံးကွယ်မှုတစ်ခုပါနေသည်။သူ၏မျက်လုံးက ဦးတည်ချက်တစ်ခုကိုဦးတည်ကာ တောက်ပနေသည်။ဓားမပုံ သူ၏မျက်ခုံးများက သူ့ဥပဒိရုပ်ကို နဂိုထက်သာလွန်စေသည်။ပသိုင်းမွှေးရေးရေး နှင့်ခပ်စိမ်းစိမ်းက မြင်ရသူကိုတစ်မျိုးဖြစ်စေသည်ကအမှန်သာပင်....။သူက ဂျင်းပင် အနက်ကို အပေါ်မှ အော်တာရှပ် အဖြူအနက်ကွက်ဖြင့်ဝတ်ဆင်ထားသည်။ အင်္ကျီလက်တိုဝတ်ဆင်ထား၍ သူ၏လက်မောင်းကတောင့်တင်းနေကာ သူ၏ကိုခန္ဓာကိုယ်သည်လဲ တောင့်တင်းပြေပြစ်လွန်းသည်ဟုကျွန်တော်အတတ်သိလိုက်သည်။လက်အတွင်းမှ တစ်ရှူးစကိုမြင်ရတော့ ကျွန်တော့်အာရုံစူးစိုက်မှုက ထိုတစ်နေရာထဲသို့ကျရောက်ကာသွားသည်။