__________________muu paing____________________
Zawgyi
မိုးလေ တဖြောက် ဖြောက်ရွာကျ နေ သည့်
ခြံ ဝင်းကျယ်ကြီးထဲ မှာ မှ .....ဘွတ်ဖိနပ်ရှည်.....အနီ ရောင်
လေးကို စီးကာဖြင့်....
ဗွက် အိုင်ထဲ လူးနေသော
ဝကစ်ကစ်ကလေးလေးတယောက်........မိုးစက် အချို့ က....
ပါးပြင် ရဲ ရဲ လေး တွေ ထိ
စင် နေ သည် ကို ပင်....တခ်ခ် ရယ် ကာသဘော
ကျ နေသော ထို ကလေး လေး........မျက် နှာ ဖွေးဖွေး လေး ပေါ်
မှာ မှ မလိုက် ဖက် စွာ ပင်.....
ပေ လူးနေ သည့်...
ရွှံ့ စက် တွေ က အများအပြား.......လက်ဖမိုး ပေါ် က...
မိုးရေ စက် တွေ ကို ခံ ယူ ကာ...
နှုတ်ခမ်း လေး ဖြင့်မှုတ်ထုတ် လိုက်....သူ့ ကိုယ် လုံး လေး ကို ဗွက်အိုင် ထဲ
လှိမ့် ချ လိုက် ဖြင့်....ပေ တူး နေသော...
ထိုကလေး လေး ပုံစံ က
အသည်း ယားဖွယ် .......ဆံ ပင် နက် နက် အုပ် အုပ် လေးတွေ
ပေါ်........လိမ့်ဆင်းနေ သည့်
မိုး ပေါက် လေးတွေကြောင့်ရေစို နေသည့်....ဆံ ပင် အချို့ က...
သူ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ ပေါ်
လာထိ ကပ် နေသည်မှာမျက်ခွံတွေ ပေါ် လာ စိုက်
ထိနေ သည့်......ဆံ ပင် အချို့ ကို
ခါရမ်း ရင်း....သူ့ လက် ဖမိုး ဖောင်း ဖောင်း
လေး တွေ က လဲ....
မိုးရေ တွေ ကို ခံ ယူ မပျက်"မူ.....ပိုင်!!!!!"
အိမ်မကြီး ထဲ က...
ပြဲ လန်စွာ ထွက် လာ သော...
အသံ ကြား သည် နှင့်...စတော် ဘယ် ရီ ရောင် နှုတ်ခမ်း
ဖူးလေး က...
ပြုံး နေ ရာ မှ....ချက် ချင်း ဆို သ လို
ထော် လန် သွား သည် မှာ....."မူ....ပိုင်..!!!!"
နောက် တကြိမ် ထွက် ပေါ် လာသော...
အသံအဆုံး မှာ တော့...
ဗွက် အိုင် ထဲ က...
ကုန်း ရုန်း ထရင်း.....
ခြေ သ လုံး တုတ် တုတ် လေး တွေ က
ဗွက် အိုင် ထဲမှာ ပင်....တဗွမ်းဗွမ်း
ဆောင့် အောင့် ကာ ဖြင့်.....