°°°°°°°°°°°°°°°°°°°°Final Part 1°°°°°°°°°°°°°°°°°°°°°
ဆေးရုံ ဝန်း အတွင်း ထိုးရပ်လိုက် သည့် အရေး ပေါ် ကား တစီး ၊
ကား ရပ် ပြီး တာ နဲ့ ဆင်း လာ တဲ့ လူ တွေ က အုံးအုံး ကျ က် ကျ က် ၊
ဒါ ပေ မယ့် အောက် ပိုင်း တခု လုံး မြင် မကောင်း လောက် အောင်
သွေး ခြင်း ခြင်း ရဲ နေ သည့် ကောင် လေး အား ပွေ့ ဖက် ကာ
တွေ့ ရာ လူ အကူ အညီ တောင်း နေ သည့် လူ တယောက် က တော့
အများ မြင် ကွင်း မှာ စိတ် မကောင်း ဖြစ် စေ ရ သည့် အနေ အထား မျိုးသူ ဟာ ထို ကောင် လေး ကို ပွေ့ ဖက် ထား တာ တင်း ကြပ် လွန်း
သည်။ သူ့  ရင် ခွင် ထဲ က ကောင် လေး ဟာလဲ
မျ က် ရည် တွေ နှင့် လုံး ထွေး ကာ မပီသ သော
စကား လုံး တွေ ကို ထပ် ကာ ထပ် ကာ ပြော သည်။" ကျွန်တော့် ရဲ့ ကလေး လေး တွေ ကို ပဲ ကယ် ပါ..."
"ဦး...ပိုင်....သိတယ် မလား....သူတို့က အမြွှာ လေး...တွေ လေ.."
"သူတို့ ကို ပဲကယ်ပါ....သူတို့ ကို ပဲ...ကယ်ပေး ပါ"
ို စကား လုံး တိုင်းရဲ့ အဓိပ္ပါယ် ကရိုး ရှင်းသည်။ ဒါပေမဲ့ ထို လူ က ခေါင်း မညိမ့် သ လို ၊ ခေါင်း လဲ မခါ ခဲ့ ၊ ကောင် လေး ရဲ့ မျ က် နှာ ကို
သာ မျ က် ရည် တွေ ကျ ရင်းစိုက် ကြည့် နေခဲ့ ၏။ဝန်ထမ်းတွေကတော့....ကောင်လေးရဲ့ ခန္ဓာ ကိုယ် ကို အမြန် မ ကာ
တွန်း လှည်း ပေါ်တင် သည်။ ထို လူ က တော့
ကောင် လေး ရဲ့ လက် တဖက် ကို မြဲ မြံ စွာ ဆုပ် ကိုင် ထား ဆဲ
ဝန် ထမ်း တွေ ပြေး သွား သည့် ခြေ လှမ်း တွေ အတိုင်း
အရှိန် တင် လို့ မျ က် လုံး တွေ ကို ကောင် လေး ရဲ့ မျ က် နှာ
က မဖယ် ခွာ ခဲ့ ပါ...တွန်းလှည်း ပေါ် က ကောင် လေး သည် လဲ ထို လူ ရဲ့ မျ က် နှာ
ကို စိုက် ကြည့် လို့ မျ က် ရည် တွေ က မျ က် လုံး ထောင့် ဘက် မှ
အဆမတန် စီး ကျ နေ သည်။ဒါ ပေ မယ့်......ထို ကောင် လေး ရဲ့ မျ က် လုံး တွေ က
နွမ်းနယ် မှု ကြောင့် လား......အားတင်းခဲ့ ရ တာ ကြောင့် လား
မသိ ၊ တဖြည်း ဖြည်း မှေး စက် လာ တော့ ၏