°°°°°°°°°°°°°°°°°°°Muu Paing°°°°°°°°°°°°°°°°°°°°°
"အထုပ် တွေ အကုန် စုံ ရဲ့ လား သေ ချာ စစ် နော် . . .ဦးစီး!
မူ ပိုင့် အဝတ် အိတ် နဲ့ လမ်း မှာ စား ဖို့
ပြင် ထား တဲ့ မုန့် ထုပ် ခြင်း ကော ကား ထဲ ထည့် ထား ရဲ့ လား
သေချာကြည့်ဦး ၊ မူ ပိုင့် အအေး ဘူး တွေ လဲ မေ့ မယ် နော် . . .မူ ပိုင် စီး ဖို့ ဟို ညှပ် ဖိ နပ် အပါး လေး လဲ တခါ တည်း ထုတ် ထား ပေး ၊မူ ပိုင် ထွက် လာ ရင် တခါ တည်းစီး လို့ ရ အောင်"
"ကြား လား လို့......ဦးစီး!!!"
"အင်း!!! . . . ကြား တယ် ကြား တယ် . .
မင်း ထည့် ထား ခိုင်း သမျှ လဲ ကိုယ် အကုန် ကား ထဲ ထည့် ပြီး ပြီ
မင်း လေး သာ မြန် မြန် ထွက် လာ ခဲ့ ပေး ပါကိုယ် ချိန်း ထား တာ ၁၀ နာ ရီ အရောက် နော် . . "
မင်း ထင် က အော် ပြော ကာ ဖြင့် မူ ပိုင့် ကို သတိ လှမ်း ပေး သည် ။
မူ ပိုင် က တော့ မှန် ရှေ့ က မထ နိုင် ၊ ခြောက်စ မပြု သေး သည့်
ဆံ ပင် တွေ ကို လက် ဖြင့် ဆွဲ ခါ ရင်း"ဟင်း!!......အဲ့ ချိန်း ထား တယ် ချိန်း ထား တယ် ဆို တာ ကြီး
ထည့် မပြော ပါနဲ့ လား ဦးစီး ၊ မူ ပိုင် တို့ ခရီး ထွက် တယ် လို့ပဲ
တွေး စမ်း ပါအခု သွား တာ က လဲ ဦးစီး အလုပ် ကိစ္စ ကြောင့် မှန်း မူ ပိုင်
သိ ပါ တယ် ၊ ဒါ လေး ကြာ တာ ကို ပွစိ ပွစိ ပြော နေ လိုက်
တာ များ.....""ပွစိ ပွစိ မဟုတ် ဘူး လေ . . မူ ပိုင် "
မင်း ထင် ဦး စီး တယောက် နား ပါး သည် ကြောင့် အခန်း ထဲ
တောင် ရောက် ချ လာ လေ ပြီ ။ မူ ပိုင် မှာ မကျေ မချ မ်း ပင်
သိပ် မပြော လိုက် ရ . . .မင်း ထင် ကသူ့ ဟာ လေး စိတ် ကောက် ရန် ဆိုင်း ပြင်
နေ မှန်း သိ တာ ကြောင့် အလိုက် တသိ ပင်
အဝတ် စင် ပေါ် က ချိတ် ထား သည့် ဝတ် စုံ ကို ယူ လာ ကာ
လှမ်း ပေး သည် ။