_________________muu paing ___________________
မူ ပိုင် တယောက် စာ သင် ရန်နောက် ကျ နေတာ
ကြောင့် လွယ် အိတ် ထဲ စာ အုပ် တွေ ထိုး
ထည့် နေ ရုံ သာ မ က ရှိ သ မျှ မုန့် ထုပ် တွေ ကို လဲ
ဟိုကြား ထည့်ဒီ ကြား ထည့် . . . . . .ခါ တိုင်း နေ့ ဆို လျှင် စာ တခါ သွား သင် ဖို့ အ ရေး
အမေ ဖြစ် သူ ကိုဂျစ် ပွေး ကျ သ လောက်
ယနေ့  တက် ကြွ လွန်း နေ သည် မှာ ပုံ မှန် တော့ မဟုတ်ရာ သီ ဥ တု က မိုး အေး နေ သော် ငြား လည်း
မူ ပိုင် တယောက် လှ ချ င် လွန်းသည်ကြောင့်
ရှိ သ မျှ ဘောင်း ဘီ တွေ ထဲ မှ အတို ဆုံး ဘောင်း ဘီ
ကို ရွေး ဝတ် ပြီး . . . . . .အကျီ က လဲ ကြပ် ထုတ်နေတာ ကြောင့်
သူ့ ပုံ စံ က ကောက် ညှင်း ထုပ် သာ သာ . . . .မှန် ရှေ့ တွင် ရပ် ပြီး ........တကိုယ် လုံး လှည့် ကာ ပတ် ကာ ဖြင့်
်ဟို ဆွဲ ချ ဒီ ဆွဲ ချ လုပ်ပြီး မှ
တင် ပါးလုံး လုံး လေး ကို နောက် ပစ် ရင်း
လွယ် အိတ် ဆွဲ ကာ ထွက် လာ တော့ သည် . . . .မူ ပိုင် ၏ ယနေ့ ထူး ခြား ချက် အား ပြော
ရမည် ဆို လျှင် ခါ တိုင်း လို ခြစ် ချ ရ လောက်
သော သနပ် ခါး ဗြစ် ထူ ကြီး ရှိ မနေ တော့ပါးပြင် မို့  မို့ လေး ထက် တွင် ဘယ် အချိန် က
ခိုး လိမ်း ထား မှန်း မသိ သည့် ပါး နီ တွေ က
ရဲ တက် ၍ ပါး ရိုက် ထား သည့် အလားပြူးကျ ယ် နေ သော မျက် လုံး နှစ် လုံး ကို မှ
Eyeliner အထူ ကြီး ခြယ် ကာ
နှုတ်ခမ်း ပိစိ လေး တွင် လည်း ပန်း ဆီ ရောင် ဆိုး ဆေး
ကို အရောင် တင်ပြီး ထော် လန် ထား ပုံ က အသည်းယားဖွယ် . . . .ဦးစီး တို့ ခြံ ရှေ့ အရောက် အခုန် မြန်
လွန်း သည့် ရင် ဘတ် ကို လက် ဖြင့်ဖိ ရင်း
ပါးစပ် လေး ဟစိ ဟစိ ဖြင့် အသက် ရှု ပြီး မှတံ ခါး မရှိ ဓား မရှိ သူ ကဲ့ သို့ ခြံ တံ ခါး ကို
အသာ အယာ တွန်း ဖွင့် ပြီး
လိမ် ဖယ် လိမ် ဖယ် လျှောက် ကာ
အိမ် ထဲ သို့်  ဝင် လာ လိုက် သည် . . . . .