Prologue [U+Z]

2K 84 4
                                    

"Y-Yoona yah! Yoona! Yeobo-yah! မင်း
ဘယ်မှာလဲ?? " Taeyeon သူ့လည်ချောင်းတွေ အက်ကွဲသည်အထိ အော်ခေါ်နေခဲ့တာတောင် မှောင်မည်းနေသည့်တောအုပ်အလယ်မှာ သူ့ဇနီး၏ အရိပ်အယောင်တောင် မတွေ့ပေ။ သူ အားတင်းပြီး သူမကို ရှာနေခဲ့၏။ သို့သော် သူ့ဆီကို လူစိမ်းတစ်ယောက်လျှောက်လာနေသည်၊ ပုံစံကား အားမရှိသလို ဖြူ ဖတ်ဖြူ ရော်နှင့် အဲ့သည်သူစိမ်းလူဆီက ကျယ်လောင်သော မာန်ဖီသံကို ကြားလိုက်ရသည်။ သူနောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ... သူ့ကိုယ်သူ အသည်းအသန်ကြိုးစားကာကွယ်နေတုန်းမှာ zombie က သူ့လက်ကိုကိုက်လိုက်သည်.... Taeyeon သူ့ဘေးနားမှာရှိတဲ့ ကျောက်တုံးကို လှမ်းယူလိုက်ပြီး zombie ရဲ့ခေါင်းကနေ ဦးနှောက်ထွက်ကျလာသည်အထိ ရိုက်ပစ်လိုက်သည်။ သူ အလောင်းကောင်ကိုဖယ်ပြီးထလိုက်၏။ အနီးအနားမှာရှိသည့် မြစ်နားကို သူ ရောက်လာခဲ့ပြီး zombie တစ်သိုက်က မည်သူမှန်းမသိရတဲ့အလောင်းတစ်ခုကို သူတို့ထွက်မသွားခင် စားနေကြတာတာကို မြင်လိုက်သည်။ သနားစရာကောင်းလောက်အောင် ပျက်စီးနေတဲ့ ခန္ဓာကိုယ်က ဘယ်သူလဲဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ Taeyeon ထိတ်လန့်သွားရသည်... အဲ့ဒာကတော့ Yoona ရဲ့ခန္ဓာကိုယ်ပင်။

"Y-Yeobo? Yoona? Baby? " Taeyeon Yoona ရဲ့ ခန္ဓာကိုယ်လေးကို လှုပ်နှိုးခဲ့ပင်မယ့် Yoona ကတော့ သေဆုံးသွားခဲ့ပါပြီ သူသည် Yoona ကို ဖက်ထားရင်း ငိုကြွေးနေခဲ့သည်။.... သူ့အတွေးတွေထဲမှာ အရင်တုန်းက အမှတ်တရလေးတွေ ပြန်မြင်ယောင်လာမိ၏။သူ ကလေးဘဝကတည်းက Yoona နဲ့ ဆုံတွေ့ခဲ့တာ ပြီးတော့ Seoul ပြည်သူတွေအားလုံးရှေ့မှာ ပျော်ရွှင်စွာ မင်္ဂလာဆောင်ခဲ့တာတွေကို ပြန်မြင်ယောင်ရင်း အရာအားလုံး အမှောင်အတိကျကာ သတိလစ်သွားခဲ့တော့သည်...

*insert BGM - Gemini by Taeyeon*

"AAAARRRGGGGGHHHHHHHHHHHHH" Taeyeon အကိုက်ခံလိုက်ရပြီးကတည်းက သူ့ပါးစပ်က မာန်ဖီသံသာ ထွက်လာတော့သည်... သူသည် ရုပ်ရှင်တွေထဲကလို စကားပြောနိုင်သည့် အာရုံကြောယိုယွင်းမှုတွေကို ခံစားနေရ၏။... Taeyeon သူ့လက်မောင်းကိုဖြည်းဖြည်းချင်းဆွဲဆန့်လိုက်တာက အရိုးအက်သွားတဲ့အသံပေါ်ထွက်လာစေသည်၊Taeyeon ကိုယ်ပေါ်ကစောင်ကိုဆွဲဖယ်လိုက်ပြီးနောက် ပုလဲတွေနဲ့တန်ဆာဆင်ထားတဲ့ အိမ်တွင်းစီးဖိနပ်လေးကို စီးလိုက်သည်။ ပြတင်းပေါက်ခန်းစီးနားသို့ လျှောက်သွားလိုက်၏၊ အဘယ်ကြောင့် ခန်းစီးကာထားရသနည်းဆိုလျင်တော့ Taeyeonက နေရောင်ကို အရမ်းမုန်းလို့ပါ။ ပြတင်းပေါက်ဘေးမှာ ချိတ်ဆွဲထားတဲ့ သူနဲ့ Yoona တို့ရဲ့ ချစ်စရာကောင်းလှတဲ့ ပန်းချီကားကို ဂရုတစိုက်နဲ့ အသေးစိတ်ကြည့်ပါသော်လဲ ကောင်မလေးက ဘယ်သူဆိုတာ မမှတ်မိတော့။ ဘုရင်ကြီးက Taeyeon ကို ကောင်မလေးက သူ့မိန်းမပါလို့ပြောသည့်တိုင်အောင် သူမမှတ်မိချေ။ သူကြိုးစားပင်မယ့်လည်း မှတ်မိမလာပါဘူး။ Taeyeon ရဲ့မျက်လုံးတွေက ချစ်စရာကောင်းလှတဲ့ မိန်းကလေးနှင့် သူမခါးကိုဖက်ထားသော သူ့ပုံကို ကြည့်နေ၏။ သူတို့နှစ်ယောက်လုံးက အမှန်တကယ်ကို ချစ်စရာကောင်းတဲ့ couple တွေဖြစ်ပင်မယ့် သူမရဲ့အမည်ကိုတောင် မမှတ်မိတော့တဲ့ Taeyeon အတွက်တော့ ထိုသို့မဟုတ်ခဲ့ပေ။

My Heartless Oppa {MM Trans}Where stories live. Discover now