AT THE ROYAL PALACE
"Ah, သာယာလိုက်တဲ့ တနင်္ဂနွေနေ့လေးပါလား။ အခုချိန်ဆို မင်းသားလဲ နိုးနေပြီလားမသိဘူး။" သူမအခန်းပြတင်းပေါက်မှတစ်ဆင့်ဝင်ရောက်လာသော လေပြေလေညှင်းအားရှူ ရှိုက်ရင်း အကြောဆန့်ကာ Tiffany ပြောလိုက်သည်။ သူမ အမြဲတမ်း ထိုသို့လုပ်လေ့ရှိသည်၊ ပြီးတော့ ပျင်းရိငြီးငွေ့သည်ကို ဖြေဖျောက်သည့်အနေနှင့် အပြင်သို့ မကြာခဏ လမ်းလျှောက်ထွက်လေ့ရှိသည်။ ဘာလို့ဆို တော်ဝင်မိသားစုက အရမ်းအလုပ်များနေကြတာကိုး၊ အထူးသဖြင့် ဘုရင်ကြီးနဲ့ မိဖုရားကြီးတို့က ပိုအလုပ်များကြသည်။ ထို့ကြောင့် သူမမှာ နန်းတွင်းကိစ္စရပ်တွေကို လေ့လာသင်ယူရန်နှင့် အိမ်ရှေ့စံနှင့်လက်ထပ်ပွဲအတွက် ပြင်ဆင်ရန်ကလွဲ၍ အခြားလုပ်စရာမရှိပေ။
"Lady Tiffany, မနက်စာရပါပြီ။" တော်ဝင်အမှုထမ်းတွေထဲကတစ်ယောက်မှ သူမအခန်းအပြင်ဘက်ကနေ ပြောကြားလိုက်သည်။
"Oh, သယ်လာခဲ့ပါ။ ကျေးဇူးပါပဲ။" Tiffany ပျော်ရွှင်စွာဖြင့် တံခါးကိုဖွင့်ရန်လှမ်းလိုက်သည်။ သို့သော် သူတို့ကြောင့် လန့်သွားသောအစောင့်တစ်ယောက်က သူမကို ရိုက်လိုက်မိသည်။ သူမနောက်ပြန်လဲကျသွားသည်။ အမှုထမ်းများလည်း အံ့သြတကြီးဖြစ်ကာ Tiffany အား မကြာခင် အိမ်ရှေ့စံမိဖုရားဖြစ်တော့မည့်သူမကို နာကျင်အောင်လုပ်မိ၍ ကြောက်ရွံ့နေသော အစောင့်နှင့်အတူ လာရောက်ဆွဲထူကြသည်။
"ရိုင်းပြမိတဲ့အတွက် တောင်းပန်ပါတယ်၊ Lady Tiffany. အဆင်ပြေရဲ့လား။ ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါနော်" Tiffany နာသွားပုံရသောဟန်ပန်ကိုမြင်လိုက်ရသော အစောင့်တစ်ယောက်မှ နောင်တရနေသောမျက်နှာနှင့် တောင်းပန်သည်။
"Arniyo, ကျွန်မ အဆင်ပြေပါတယ်။ မစိုးရိမ်ပါနဲ့။ " Tiffany သူမ အဆင်ပြေကြောင်း လက်ပြ၍ဆိုသည်။ သူမဘာသာသူမ လမ်းလျှောက်နိုင်သေးသည် အဘယ်ကြောင့်ဆိုသော် ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲသူကဲ့သို့ သူမဘာသာသူမ ပြန်ထပြီးသောကြောင့်ဖြစ်သည်။
"အိမ်ရှေ့စံရော မနက်စာ စားပြီးပြီလား" Tiffany သူတို့ကြားက အခြေအနေကို ရှောင်လွဲရန် စကားလွှဲလိုက်သည်။
YOU ARE READING
My Heartless Oppa {MM Trans}
RandomThis story is not mine owner: @chocomint89 Officially get permission from original author ^_^ ပထမဆုံးအကြိမ် translation လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ လိုတာလေးတွေရှိရင် ထောက်ပြပြီး ခွင့်လွှတ်ပေးကြပါလို့ 🙏🙏