မင်္ဂလာပွဲအား နန်းတော်၏အနောက်ဘက်ဥယျာဉ်ထဲ၌ လူအနည်းငယ်ဖြင့်သာ ရိုးရှင်းစွာ ကျင်းပခဲ့သည်။ အထူးသဖြင့် Chaebolနှင့် Hwangမိသားစုကိုသာ ဖိတ်ကြားခဲ့သည်။ လူတိုင်း ရိုးရာဝတ်စုံ hanbok ကိုသာ ဝတ်ဆင်ထားကြသည်။ နွေရာသီ၏ပူပြင်းမှုကြောင့် Tiffany နေရထိုင်ရတာ အဆင်မပြေလှ။ ဤသည်ကို ဘုရင်ကြီး သတိထားမိ၍ ပွဲကို တတ်နိုင်သမျှ မြန်မြန်ကျင်းပ၍ အားလုံးအား ဧည့်သည့်များအတွက် ပြင်ဆင်ထားသော အခန်း၌ နေရာချထားပေးလေသည်။ ဧည့်သည်အများစုသည် အလွန်ဝေးသောနိုင်ငံမှ လာကြခြင်းဖြစ်သည်။
"အဆင်ပြေရဲ့လား Tiffany ဒါမှမဟုတ် မိဖုရားလောင်း လို့ပဲခေါ်ရမလား" Soojungသည် တစ်လလောက် ကောင်းကောင်းမအိပ်ရသေးဟန်နှင့် မျက်ကွင်းတွေညိုနေသော သူမ၏ယောင်းမအား စနေလေသည်။
"အဆင်ပြေပါတယ်၊နည်းနည်း.နေမကောင်းဖြစ်ရုံလေးပါ" Tiffany အခမ်းအနားမှာ ခဏလောက် အသက်ရှူ မဝဖြစ်ခဲ့တာကြောင့် လူတိုင်း သူမကျန်းမာရေးအတွက် စိုးရိမ်နေကြသည်။ သူမအဖေ Mr.Hwangက ပို၍တောင် စိတ်ပူနေသေးသည်။
"Honeymoon က ဘယ်တော့လဲ" Sooyeon ရေချိုးခန်းထဲမှ ပိုးသားကဲသို့နူးညံသောဝတ်စုံကို ဝတ်ရင်း ထွက်လာသည်။
"သန်ဘက်ခါ ထင်တယ်"
"အဲ့နေ့က Oppa မွေးနေ့ပဲ" Soojung စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"အဖေက အဲ့နေ့ကို တမင်ရည်ရွယ်ပြီးလုပ်တာထင်တယ်" Sooyeon တွေး၍ပြောလိုက်သည်။
"ဘာကိုလဲ Unnie" Soojung မေးလိုက်သည်။
"ဝေါ့" Tiffany သူမပါးစပ်ကို လက်ဖြင့်အုပ်ရင်း ရေချိုးခန်းထဲသို့ ပြေးဝင်သွားသည်။
"Unnie အဆင်ပြေတယ်ဆိုတာ သေချာရဲ့လား" Soojung စိုးရိမ်နေသောမျက်နှာဖြင့် မေးလာသည်။
"ငါ နင့်ကို ကြည့်ပေးဖို့ Dr.Kang ကို အခု ခေါ်လိုက်မယ်" Sooyeon သူမဖုန်းဖြင့် တော်ဝင်မိသားစု၏သမားတော်ကို ခေါ်လိုက်သည်။
"Nah, ရပါတယ်။ ကျွန်မအခန်းကို ပြန်ပြီးကောင်းကောင်းပြန်အိပ်လိုက်ရင် ကောင်းသွားမှာပါ။ Good night Sooyeonie ~ Soojungie~" Tiffany မင်းသမီးတို့ရဲ့ အခန်းထဲမှ ထွက်မလာခင် နှစ်ယောက်လုံးကို နမ်းလိုက်သည်။ ထို့နောက် မင်းသားနှင့်အတူတူနေရမည့်အခန်းသို့ ဝင်လာခဲ့သည်။ မင်းသားက အိပ်ပျော်နေပြီ။
YOU ARE READING
My Heartless Oppa {MM Trans}
RandomThis story is not mine owner: @chocomint89 Officially get permission from original author ^_^ ပထမဆုံးအကြိမ် translation လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ လိုတာလေးတွေရှိရင် ထောက်ပြပြီး ခွင့်လွှတ်ပေးကြပါလို့ 🙏🙏