"သူမ ကိုယ်ဝန်ကို တတ်နိုင်သမျှ မြန်မြန် ဖျက်ချရပါမယ်" Mr.Choi အလေးအနက်ထား၍ပြောလိုက်သော စကားကြောင့် မင်းကြီး အံသြသွားသည်။
"ဒါပေမယ့် ဘာကြောင့်လဲ...ငါ့ရဲ့ အမွေဆက်ခံသူက မကြာခင်မွေးဖွားလာတော့မှာ...ငါ မင်းရဲ့ စိတ်လိုက်မာန်ပါချလိုက်တဲ့ဆုံးဖြတ်ချက်ကို သဘောမတူဘူး..Mr.Choi." မင်းကြီးက သူ့ရဲ့အရင်းနှီးဆုံးလူယုံကို ပြန်ပြောလိုက်သည်။
"ကလေးကို မင်းသားရဲ့မကုသရသေးတဲ့ရောဂါ ကူးစက်သွားလိမ့်မယ်..ဒါ ကျွန်တော်တို့အားလုံးအတွက် မကောင်းတဲ့လက္ခဏာပဲ...အထူးသဖြင့် Princess Tiffanyပဲ..သူမလည်း ကလေးလိုပဲ ကူးစက်ခံရလိမ့်မယ်.." ဟု Mr.Choi ရှင်းပြလိုက်သည်။ မင်းကြီး.နောက်တစ်ကြိမ် ပြန်စဉ်းစား၍ နောက်ထပ်ရှင်းပြချက်တွေကိုနားမထောင်တော့ဘဲ လက်ခံလိုက်သည်။ သူ့အတွက် ယခုကြားလိုက်ရသော မကောင်းတဲ့အချက်တွေနှင့်ပင် လုံလောက်နေပြီဖြစ်သည်။
"ကျေးဇူးတင်ပါတယ် Mr.Choi. ငါ မင်းကို တတ်နိုင်သမျှ မြန်မြန်ပြန်တွေ့ပြီး ဒီအရေးကြီးကိစ္စအကြောင်း ထပ်ဆွေးနွေးကြတာပေါ့..ငါတို့အားလုံး ဒီရောဂါကြောင့် ခံစားခဲ့ရတာတွေကို စိတ်ပျက်နေပြီ..ကျေးဇူးပြုပြီး ငါတို့အိမ်ရှေ့စံအတွက် ဖြေဆေးကို မြန်မြန်ဖော်ထုတ်ပေးပါ.." မင်းကြီးသည် သူ့ကို လုပ်ပိုင်ခွင့်ပေးလိုက်၍ မင်းသမီး၏ကိုယ်ဝန်ဖျက်ချမှုကိုလဲ သဘောတူလိုက်သည်။
"ဒါ ကျွန်တော်မျိုးရဲ့ တာဝန်ပါ..အရှင်မင်းကြီး.." Mr.Choi အရိုအသေပြု၍ ခန်းမအတွင်းမှ ထွက်ခွာသွားသည်။
AT THE CROWN PRINCE CHAMBER
"ငါရဲ့ တူလေးလား တူမလေးလားကို တွေ့ရဖို့ စိတ်လှုပ်ရှား လိုက်တာ.." Soojung တက်ကြွစွာပြော၍ Tiffany လဲလျောင်းနေသာအိပ်ယာပေါ်သို့ ဝင်လှဲလိုက်ရင်း Sooyeonက နောက်မှ ပျော်ရွှင်စွာ ပြုံး၍လိုက်လာသည်။
"ကျွန်မဗိုက်ထဲမှာ ကလေးလေးရှိနေတာကို မယုံနိုင်သေးဘူး.." Tiffany ပြုံးရင်း သူမရဲ့ဗိုက်လေးကို ကြင်နာစွာပွတ်သပ်ရင်း ပြောလိုက်သည်။ Sooyeon သူမပခုံးကို ခပ်ဖွဖွပုတ်ရင်း ပြောလိုက်သည်။
"Congratulation Mi Young. " Sooyeon ပြုံးနေသည်။
"ကျေးဇူးတင်ပါတယ်."သူမလည်း ပြန်ပြုံးပြရင်း ပြောလိုက်သည်။
YOU ARE READING
My Heartless Oppa {MM Trans}
RandomThis story is not mine owner: @chocomint89 Officially get permission from original author ^_^ ပထမဆုံးအကြိမ် translation လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ လိုတာလေးတွေရှိရင် ထောက်ပြပြီး ခွင့်လွှတ်ပေးကြပါလို့ 🙏🙏