The First Meeting [U+Z]

1K 76 4
                                    

"Oh,the Prince is here!" ဘုရင်ကြီးရဲ့ ပြောစကားကြောင့် အားလုံးရဲ့အာရုံက အခုမှရောက်လာသော မောင်နှမအပေါ် ရောက်ရှိသွားသည်။ Princess Sooyeon က သူမရဲ့နတ်သမီးတမျှ လှပတဲ့အပြုံးလေးနှင့် ဧည့်သည်တွေကို ပြုံးပြလိုက်ချိန်တွင် Prince Taeyeon ကတော့ ဗလုံးဗထွေးသာ ပြောနိုင်ရှာသည်။

"Appa တကယ် လုပ်မလို့လား? သူက zombie လေ ပြီးတော့ wori Miyoungie ကို သူနဲ့လက်ထပ်ခွင့်ပြု မလို့လား... Appa ရူးနေတာလား? " Hwang မိသားစု၏ အကြီးဆုံးသားဖြစ်သူက သူ့အဖေကို တိုးတိုးလေးကပ်ပြောသည်။ အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ညီမငယ်လေးက မင်းသားကို သဘောကျနှစ်သက်မှုတွေ ပြည့်နှက်နေတဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေလေရဲ့။

"ချစ်ဖို့ကောင်းတယ်" Tiffany တိုးတိုးလေးရေရွတ်လိုက်သည်။

"W-WHAT????" သားအဖနှစ်ယောက်လုံး ရုတ်တရက် ပြိုင်တူပြောလိုက်မိသည်။ဘုရင်ကြီးနဲ့တခြားသူတွေ ထိတ်လန့်သွားတာကြောင့် သူတို့ဦးခေါင်းညွှတ်၍ တောင်းပန်လိုက်ရင်း စိတ်ညစ်စရာကောင်းလှသည့် လူတွေ၏အကြည့်ကို ရှောင်ရှားလိုက်သည်။

"ငါကိုယ်တော် မင်းကို တောင်းဆိုတာက မင်းအတွက် ကြီးမားလွန်းမှန်း သိပါတယ်၊ ဒါပေမယ့် မင်းက ငါကိုယ်တော် ယုံကြည်ရတဲ့တစ်ဦးတည်းသောသူပါ၊ မင်း ငါကိုယ်တော်တို့မိသားစုအတွက် အချိန်အကြာကြီး တာဝန်ထမ်းဆောင်ပေးခဲ့တယ်လေ ပြီးတော့ မင်းမှာ အရမ်းလှတဲ့သမီးလေးတစ်ယောက်ရှိတာ မင်းအရင်တုန်းကမပြောပြခဲ့ပါလား။ မင်းသိတဲ့အတိုင်းပဲ အိမ်ရှေ့စံမှာ မိဖုရားတစ်ပါး လိုအပ်တယ်ဆိုတာ၊ ဒီလိုအခြေအနေမျိုးမှာတောင် သူ့ဘေးမှာ အမြဲတမ်းရှိနေမယ့် မိဖုရားတစ်ပါးပေါ့။ အိမ်ရှေ့စံအတွက် ဖြေဆေးကိုသေချာပေါက်ရှာတွေ့မှာပါ၊မင်းရဲ့သမီးနဲ့ တစ်သက်လုံးအတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားနိုင်ပြီလေ။" Fany၏ဖခင်နှင့်အစ်ကိုတို့က ခေါင်းညိမ့်လက်ခံလိုက်ကြသည်။ အိမ်ရှေ့စံ နဲ့ မင်းသမီးတို့သည် လူကြီးတွေစကားပြောနေကြတာကို နားထောင်နေစဉ်တွင် Fany ကတော့ သူမရဲ့သတို့သားလောင်းကို ခိုးခိုးကြည့်နေလေသည်။

"မဟုတ်ရပါဘူး၊ အရှင်မင်းကြီးဆီက ဒီလိုမျိုးကြီးမြတ်တဲ့လက်ဆောင်ကို ကမ်းလှမ်းခြင်းခံရတဲ့အတွက် ကျွန်တော်မျိုးကသာ ဝမ်းသာသင့်တာပါ၊အိမ်ရှေ့စံကလည်း အရှင်မင်းကြီးလိုပဲ ခန့်ညားတည်ကြည်ပါတယ်" Mr.Hwang ချက်ချင်း သဘောတူလိုက်သည်။နှစ်ဖက်မိဘတွေသည် မင်္ဂလာပွဲကို လကုန်မှာ ပြုလုပ်မည်ဟု သဘောတူလိုက်ကြသည်။ လကုန်ဖို့တစ်ပတ်သာလိုတော့သည်။

My Heartless Oppa {MM Trans}Where stories live. Discover now