FIVE YEARS LATER
Taeyeon နှင့် Tiffany တို့သည် သူတို့ကလေးကို သေစေချင်နေသောလူများထံမှ ထွက်ပြေးတိမ်းရှောင်ရင်း မည်သူမျှမသိနိုင်သော Bhutan ဆိုသောနိုင်ငံလေးတွင် ကောင်းမွန်စွာ ပုန်းရှောင်နေနေကြသည်။ သူတို့သည် သာမန်လူများကဲ့သို့ တံငါသည်နှင့် ဈေးထဲ၌ပျံကျဈေးသည်ပမာ လူအများကြား၌ ရောထွေးကာနေထိုင်နေကြသည်။ သူတို့သားလေး Chanwoo နှင့် ပျော်ရွှင်စွာ နေထိုင်လျက်ရှိကြသည်။ ကံကောင်းစွာဖြင့် Chanwoo သည် သာမန်ကလေးငယ်များကဲ့သို့ မွေးဖွားလာကာ လူတိုင်းနှင့် ရင်းနှီးဖော်ရွေလေသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ပို၍ရင်းနှီးလေသည်။ သူတို့အိမ်ရဲ့ နောက်ဘေးမွေးမြူ ရေးခြံငယ်လေးထဲမှာ ဆိတ်၊မြင်း နှင့် ကြက်နှစ်ကောင် မွေးမြူ ထားလေသည်။
"Appa! Omma!" Chanwoo ကျောင်းမှနေ၍ သူတို့အိမ်လေးသို့ သူငယ်ချင်းနှင့် ပျော်ရွှင်စွာပြေးလာလေသည်။
"Good afternoon, Sir and Madam " Chanwoo၏ သူငယ်ချင်း Khawae မှ Kim လင်မယားကို နှုတ်ဆက်လေသည်။
"Good afternoon too Khawae." Tiffany ကောင်လေးကို ပြုံး၍ ပြန်နှုတ်ဆက်လိုက်သည်။
"Appa ဘယ်မှာလဲ.."ဟု Chanwoo မှ မေးလိုက်သည်။
"Oh, သူ အိမ်နောက်ဘက်မှာ သူ့ငါးဖမ်းပိုက်ကို ပြန်ပြင်နေလေရဲ့."
"လာလေ..Wae!" ဟု Chanwooက ကောင်လေးကို ခေါ်လိုက်သည်။
"မင်း appa ကို ငါတို့ ငါးဖမ်းပိုက် ကူပြင်ပေးလို့ရတယ်.." ဟု Khawae မှပြောလိုက်သည်။
(A/N: Okay, Bhutan ဘာသာစကားကိုပြောနေတယ်လို့ပဲ သဘောထားလိုက်ရအောင်..ဒီနိုင်ငံကို Korea နဲ့တော်တော်ဝေးလို့ရွေးထားတာပါ..ဒီအတိုင်းကောက်ရွေးလိုက်တာ :D)
"Appa!" လူသားတစ်ဝက် zombie တစ်ဝက်ပုံစံကို ဖုံးကွယ်ဖို့ မျက်နှာဖုံးဝတ်ဆင်ထားသော သူ့အဖေကို Chanwoo တွေ့လိုက်သည်။
"Uggrrrr..." Taeyeon ကလေးနှစ်ယောက်ကို လက်ဝှေ့ယမ်းရင်း ပြန်လည်၍နှုတ်ဆက်လိုက်သည်။
"မင်းအဖေက စကားမပြောနိုင်ဘူးမလား.." Khawae တိုးတိုးလေး ပြောလိုက်သည်။
"ဟုတ်တယ်..ဒါပေမယ့် သူ အနည်းဆုံးတော့ ဝူးဝူးဝါးဝါး ပြန်ပြောနိုင်တယ်လေ.." Chanwoo ပြုံးရင်းပြောလိုက်သည်။
YOU ARE READING
My Heartless Oppa {MM Trans}
RandomThis story is not mine owner: @chocomint89 Officially get permission from original author ^_^ ပထမဆုံးအကြိမ် translation လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ လိုတာလေးတွေရှိရင် ထောက်ပြပြီး ခွင့်လွှတ်ပေးကြပါလို့ 🙏🙏