Baby Baby [U+Z]

908 70 13
                                    

Taeyeon နှင့်အကြင်နာပေးပြီးသည့်နောက်ပိုင်း Tiffany သူ့ကို မျက်နှာချင်းမဆိုင်ရဲခဲ့၊ အဘယ်ကြောင့်ဆိုသော် Taeyeonကို အမြဲတမ်းဒုက္ခပေးမိသည့်အတွက် သူမကိုယ်သူမ ရှက်နေသောကြောင့်ဖြစ်သည်။ Taeyeon သူမအနားမှာ ရှိနေသည့်အချိန်တိုင်း သူ့ရဲ့အပြောအဆို၊ အပြုအမူ၊ ဟန်ပန်တွေသည် သူမကို ရင်ခုန်စေသည်။ ထို့ကြောင့် သူမအခန်းထဲတွင် နှစ်ရက်ကြာတံခါးပိတ်၍နေခဲ့သည်၊ ဤအပြုအမူကြောင့် တော်ဝင်မိသားစုမှ သူမနေကောင်းဖြစ်နေသလားဟု စိုးရိမ်လာကြသည်။ သူမဘာသာ ထမင်းစားဖို့တောင်းဆိုသည်၊ သို့မှသာ အမှုထမ်းတွေ သူမကိုထမင်းစားရန်ဖိအားပေးခံရခြင်းမှ စိတ်မရှုပ်မှာဖြစ်သည်။ နောက်လာမယ့်နှစ်ပတ်အတွင်း ကျင်းပမည့်မင်္ဂလာပွဲမတိုင်ခင်အထိ သူမ မင်းသားနှင့် မျက်နှာချင်းမဆိုင်ချင်သေး။ တစ်ခုကျေးဇူးတင်ဖို့ကောင်းသည်ကတော့ မင်းသမီးတွေသည် သူတို့အားသည့်အချိန်တိုင်းလာရောက်၍ ညမိုးမချုပ်ခင်အထိ စကားစမြည်လာပြောကြသည်၊ သူတို့အစ်ကိုအကြောင်းကတော့ မပါမဖြစ်ပေါ့။

"Oppa, တစ်ခုခုကို လျှို့ဝှက်ထားတယ်လို့ ကျွန်မထင်တယ်။ ဘာလို့လဲဆိုတော့ Oppaကို နန်းတော်အပြင်ဘက်မှာ အရင်ကထက်ပိုပြီး မကြာခဏတွေ့နေရတာက ထူးဆန်းတယ်။ အခု Oppaရဲ့အခြေအနေက သူ့ကို ဘယ်လောက်တောင် စိတ်ဒုက္ခပေးသလဲဆိုတာလဲ သိတဲ့အတိုင်းပဲလေ၊ အဲ့ဒါကြောင့် သူ လူတွေအာရုံစိုက်တာနဲ့ paparazzi တွေကို မုန်းတာလေ။" ဟု Soojung ကပြောလိုက်သည်။ သူမပြောတာကို ကျန်တဲ့သူနှစ်ယောက်က ဂရုတစိုက်နားထောင်နေကြသည်။

"Well, Tiffany ဒါနင်နဲ့များ ပတ်သက်နေမလား။ ငါတို့မသိဘဲနဲ့ တစ်ခုခုဖြစ်ခဲ့သေးလား။" Sooyeon သူမပြောတာကို နားမထောင်ဘဲ ဖုန်းကပိုစိတ်ဝင်စားဖို့ကောင်းသယောင်လုပ်နေသော Tiffany ကို သိချင်စိတ်ပြင်းပြနေသောမျက်ဝန်းများဖြင့် မေးလိုက်သည်။

"Tiff?!"

"Ah,dae? ဘာပြောလိုက်တာလဲဟင်။ တောင်းပန်ပါတယ်၊ ကျွန်မ တစ်ခုခုကို စဉ်းစားနေမိလို့ပါ။"

"အဲ့ဒါကြောင့် ငါတို့ နင့်ကို မေးနေတာ။ ငါတို့မေးချင်တာ ဒါပဲ Tiff. နင်နဲ့ Oppaနဲ့ အဆင်ပြေရဲ့လား။" Sooyeon စိတ်တိုနေသောလေသံဖြင့် နောက်တစ်ကြိမ်မေးလိုက်သည်ကြောင့် Tiffany တစ်စက္ကန့်လေးတောင်မဆိုင်းငံ့ဘဲ ချက်ချင်းပြန်ဖြေလိုက်သည်။

My Heartless Oppa {MM Trans}Where stories live. Discover now