မကြာခင် မင်္ဂလာဆောင်တော့မည့်စုံတွဲသည် သူတို့မိသားစုဝင်တွေနှင့် မတွေ့ရသည်မှာ နှစ်ပတ်ပင်ကြာသွားခဲ့ပြီ။ များပြားလှတဲ့အချိန်ဇယားတွေကြောင့် တစ်ယောက်နှင့်တစ်ယောက်တွေ့ရန် ခဲယဉ်းလှသည်၊သူတို့အခန်းထဲမှာပဲ အမြဲနေနေကြတဲ့အတွဲကလွဲ၍ပေါ့။
Tiffanyသည် နန်းတော်ထဲမှာ သူမအယုံကြည်ရဆုံးအစေခံ Victoriaနဲ့ အေးအေးဆေးဆေးလမ်းလျှောက်ရတာကို နှစ်သက်သည်။ မိန်းကလေးတွေပြောလေ့ပြောထရှိတဲ့ အကြောင်းအရာတွေအကြောင်း စကားစမြည်ပြောကြသည်။ဒါပေမယ့် သူမစိတ်တွေကတော့ နေ့ရောညပါ သူ့အခန်းထဲက ထွက်ခဲလှတဲ့သူ့ခင်ပွန်းလောင်းအကြောင်းကို မစဉ်းစားဘဲမနေခဲ့ပါဘူး၊ Taeyeon သူမကို ရှောင်နေတယ်လို့ခံစားနေရသည်၊ တမင်ရှောင်နေသလားဆိုတာတော့မသေချာပါဘူးယ မိန်းကလေးတစ်ယောက်အနေနဲ့ Taeyeon လိုချင်တဲ့ တစ်စုံတစ်ခု သူမမှာမရှိဘူးလို့ သူမခံစားနေရသည်။ Taeyeon ရဲ့အရင်ဇနီးအကြောင်းသိပြီးတဲ့နောက်မှာတော့ တစ်နေ့ထက်တစ်နေ့ သူမကိုသူမ ယုံကြည်မှုကင်းမဲ့လာပါတော့သည်။ Lady Yoona ရဲ့ပုံတူဓာတ်ပုံကို တွေ့လိုက်ရသောအခါမှာတော့ Yoona သည် လှပသည်၊ဆွေကြီးမျိုးကြီးမှဆင်းသက်လာသည်၊ထက်မြတ်၍ နူးညံ့ကြင်နာတတ်သောသူ ဖြစ်သည်ကို သိလိုက်ရသည်။ ထို့ကြောင့် Taeyeon လဲ Yoona လိုသူမျိုးကိုသာ နှစ်သက်သဘောကျလိမ့်မည်ဟု ထင်နေသည်။ သူမမှာ ထိုကဲ့သို့အရည်အချင်းမျိုးမရှိ၊ သို့သော်ငြား သူမသည် တစ်ခါတစ်ရံ Taeyeon ကို ပြုံးရယ်အောင်ပြုလုပ်ပေးနိုင်တယ်ဆိုတာတော့ သေချာပါသည်။ သူမမှာ ထိုကဲ့သို့ အရည်အချင်းမျိုးမရှိခြင်းသည် သူမကိုဝမ်းနည်းစေသည်။
" မမလေး Tiffany နေကောင်းရဲ့လား..." Victoria Tiffany ရဲ့မျက်နှာက ဝမ်းနည်းဟန်ပြောင်းသွားတာကို မြင်လိုက်ရသောအခါ မေးလိုက်သည်။ သူတို့နှစ်ယောက်လုံး နန်းတော်၏အနောက်ဖက် ဥယျာဉ်အတွင်းရှိ Tiffany အနှစ်သက်ဆုံးဖြစ်သော ချယ်ရီပင်၏အောက်မှာထိုင်နေကြသည်။
"Ah...erm.... ငါနေကောင်းပါတယ်...အိမ်ရှေ့စံနဲ့ သူရဲ့ဇနီး ဘယ်လိုတွေ့ဆုံခဲ့ကြသလဲဆိုတာကို စဉ်းစားနေတာပါ...ငါ အရမ်းသိချင်စိတ်နေလို့" Tiffany သူမရဲ့အစေခံကို ပြုံးပြီးပြောလိုက်သည်။
YOU ARE READING
My Heartless Oppa {MM Trans}
RandomThis story is not mine owner: @chocomint89 Officially get permission from original author ^_^ ပထမဆုံးအကြိမ် translation လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ လိုတာလေးတွေရှိရင် ထောက်ပြပြီး ခွင့်လွှတ်ပေးကြပါလို့ 🙏🙏