Seoul တော်ဝင်နန်းတော်သို့ Tiffany ရောက်နေသည်မှာ ကာလအားဖြင့် နှစ်ပတ်ရှိခဲ့ပြီ။ ဒီအတောအတွင်း နန်းတော်၏ဓလေ့ထုံးတမ်းစဉ်လာများနှင့် နေသားတကျ ဖြစ်လာခဲ့ပြီပင်။မကြာခင် လက်ထပ်တော့မည် သတို့သား သတို့သမီးတို့သည် အကြင်နာ ပေးခဲ့ကြပြီးကတည်းက တစ်ယောက်နဲ့တစ်ယောက် မတွေ့ကြသေး၊ တစ်ယောက်နဲ့တစ်ယောက် ယောင်လို့တောင် မျက်လုံးချင်းမဆုံကြ၊ ပြုံးရုံသာ ပြုံးပြကြသည်။ တစ်ခန်းတည်း အတူတူမနေကြသောကြောင့် တစ်ယောက်နဲ့တစ်ယောက်လဲ အဆက်အသွယ် သိပ်မလုပ်ဖြစ်ကြ၊ Fany သည် Princess Sooyeon, Soojung တို့နှင့် မိဖုရားကြီး တိုက်တွန်းသည့် shopping mall သို့ အတူတူ မကြာခဏ သွားပြီးကတည်းက ပို၍ရင်းနှီးလာသည်။Fany သူတို့ညီအစ်မ၂ယောက်ကို ခင်မင်သည်၊သူတို့သည် လူတွေကို အေးစက်စက်သဘောထားဆက်ဆံတတ်သော်လည်း ကြင်နာတတ်သောနှလုံးသားပိုင်ရှင်များဖြစ်သည်ပင်။
တော်ဝင်မိသားစုနှင့် မနက်စာစားဖို့ အခန်းထဲမှထွက်လာသော Fany ဆီကို Soojung ပြေးလာ၍ အော်ခေါ်လိုက်သည်။..."UNNIEEEE~~~"
"Oh,Soojungieee...." Fany သူမကို ခုန်၍ဖက်လိုက်သော Soojung ကို ဖမ်းထိန်းလိုက်သည်။
"မနက်စာစားပြီးတာနဲ့ မြှားပစ်ကြရအောင်....Oppa က Unnie ကို မြှားပစ်သင်ပေးလိမ့်မယ်..ဒါမှမဟုတ် Oppa နှလုံးသားကို လေးနဲ့ပစ်လဲရပါတယ်" Soojung မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်၊ Tiffany မျက်နှာကြီးနီရဲ၍ ရှက်သွေးဖြာသွားသည်။
"Prince Taeyeon နဲ့ ဆက်ဆံရေးက ဘယ်လိုလဲ..." ဘုရင်ကြီး ပြုံး၍မေးလိုက်သည်၊ Fanyရဲ့အဖြေကို မျှော်လင့်နေသည်။ မိသားစုထဲက အမျိုးသမီးများအားလုံးလဲ မျှော်လင့်စောင့်စား၍ Fany ကို ကြည့်နေကြသည်။
"Ahm, ကျွန်မ မင်းသားနဲ့ အဆင်ပြေပါတယ်" Tiffany သူမပါးစပ်ထဲကို အသားမထည့်ခင် ရိုးသားစွာ ဖြေလိုက်သည်။
" ဟုတ်တာပေါ့...သူနဲ့ဆိုရင် အဆင်ပြေပြီး ပျော်ဖို့ကောင်းတာပေါ့..." Soojung ထေ့ငေါ့၍ပြောပြီး ဟိုကြည့်ဒီကြည့်လုပ်နေလိုက်သည်၊ Taeyeon က အေးစက်စက်နှလုံးသားပိုင်ရှင် zombie ဖြစ်နေတာကြောင့် သူက ပျော်ဖို့မကောင်းမှန်းသိတယ်လေ။
"Yah, Soojung! " Sooyeon သူ့ညီမကို အော်ပြီး ပါးစပ်ကိုလှမ်းပိတ်လိုက်သည်။ ပြီးတော့ စူးစူးရှရှ စိုက်ကြည့်လိုက်သည်။
YOU ARE READING
My Heartless Oppa {MM Trans}
RandomThis story is not mine owner: @chocomint89 Officially get permission from original author ^_^ ပထမဆုံးအကြိမ် translation လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ လိုတာလေးတွေရှိရင် ထောက်ပြပြီး ခွင့်လွှတ်ပေးကြပါလို့ 🙏🙏