AT THE ROYAL CEREMONIAL
ပြည်သူများအားလုံး တော်ဝင်နန်းတော်ရှေ့တွင် အိမ်ရှေ့စံTaeyeonသည် မင်းကြီးအဖြစ်နှင့် Chanwoo က အိမ်ရှေ့စံမင်းသားလေးအဖြစ် နန်းတက်ပွဲ၌ အသိသက်သေတွေအဖြစ် လာရောက်စုဝေးနေကြသည်။ အားလုံး ပျော်ရွှင်နေကြသည်။ အထူးသဖြင့် တော်ဝင်မိသားစုတွေပေါ့..နန်းတက်ပွဲမတိုင်ခင် Mr.Choi က သူ ဖော်ထုတ်နိုင်ခဲ့သော ဖြေဆေးကို မင်းသားအား ထိုးပေးလေသောကြောင့် ယခုဆိုလျင် မင်းသားသည် စိတ်ရောကိုယ်ပါ ပြန်လည်ကျန်းမာလာပြီဖြစ်သည်။ သူတို့ သတင်းကောင်းကို ပျော်ရွှင်စွာ ဆင်နွှဲကျင်းပကြလေသည်။ သူတို့၏မယ်တော်လည်း အပါအဝင်ဖြစ်လေသည်။
"အားလုံး မင်းကြီးကို ကြိုဆိုနှုတ်ဆက်ကြလော့..." Kim မိသားစုနှင့် Hwang မိသားစုတို့ ကောင်းချီးသြဘာ ပေးကြသည်။ ယခုတော့ Taeyeon နှင့် Tiffany တို့သည် တောင်ကိုးရီးယား၏ အုပ်ချုပ်သူအသစ်တွေဖြစ်သွားကြပြီဖြစ်သည်။
"အားလုံးပဲ...ကျွန်မတို့ သတင်းကောင်းတစ်ခု ကြေညာစရာရှိတယ်.." Soojung က ကြားဖြတ်ဝင်ပြောလိုက်သည်။
"အိုး...ဘာများပါလိမ့်..." Taeyeon ကြည်လင်ပြတ်သားသောအသံဖြင့် ပြောလိုက်သည်။
"Omo, ကျွန်မ Oppaရဲ့ ယောကျ်ားပီသပြီး ကြည်လင်ပြတ်သားတဲ့အသံကို လွမ်းနေတာ.." ဟု Soojung နောက်ပြောင်ကြည်စယ်လိုက်ကာ အားလုံး ရယ်မောကြသည်။
"ပြောလေ..ငါ့ကို နောက်မနေစမ်းပါနဲ့.." King Taeyeon မှ စလိုက်သည်။
"Okay, ကျွန်မတို့မိသားစုထဲကို နောက်ထပ်တစ်ယောက်ထည့်သွင်းရတော့မယ်လို့ ပြောချင်တယ်.."
"H-huh?" အားလုံး သံပြိုင်ရေရွတ်လိုက်မိသည်။
"ကျွန်မ Yoongရဲ့ကလေးကို လွယ်ထားနေရပြီ.." Soojung သူတို့ကို ပြုံးရင်းပြောလိုက်သည်။
"ဘာ..ဘာ.." Yoong ညစာစားခန်းထဲမှာ ပန်းကန်အပြည့်စားစရာထည့်နေရင်း ဇဝေဇဝါဖြစ်နေသလို ပြောလိုက်သည်။
"ရှင် အဖေဖြစ်တော့မယ်လို့ပြောနေတာ အရူးရဲ့.." Soojung သူမဘေးက သတိလွတ်နေသောသူ့ကို တံတောင်ဖြင့်တွတ်လိုက်သည်။
"အဖေ..?" "ငါက..?" Yoong သူ့ကိုယ်သူ လက်ညှိုးထိုးရင်းပြောလိုက်တာကြောင့် အားလုံး.ရယ်မောကြပြန်သည်။
YOU ARE READING
My Heartless Oppa {MM Trans}
AcakThis story is not mine owner: @chocomint89 Officially get permission from original author ^_^ ပထမဆုံးအကြိမ် translation လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ လိုတာလေးတွေရှိရင် ထောက်ပြပြီး ခွင့်လွှတ်ပေးကြပါလို့ 🙏🙏