Back To The Palace [U+Z]

664 63 4
                                    

SOMEWHERE IN BHUTAN

"တဆိတ်လောက်..ဒါ Kimမိသားစုရဲ့အိမ်လားမသိဘူး.." အနက်ရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ထားသော လူတစ်ယောက်က Khawae ဆိုသော ကောင်လေးကို English ဘာသာစကားဖြင့် မေးလိုက်သည်။ သူ့ကို Chanwoo က English စကားနည်းနည်းသင်ပေးထားသဖြင့် စိတ်သက်သာရာရသွားသည်။ Mrs.Kim လည်း English လိုနည်းနည်းပြောတယ်ထင်ရတာပဲ..

"သူတို့အိမ်က ဒီကနေ နှစ်ဘလောက် လောက်လိုသေးတယ် Mister." Khawae သူ၏ကိုယ်ပိုင် Englishလို ပြန်ဖြေလိုက်သည်။

"Thank you." ထိုသူမှ ဦးညွှတ်၍ထွက်သွားသည်။

AT THE KIM'S HOUSE

Taeyeon သည် လွန်ခဲ့တဲ့ရက်တွေက Chanwoo ဝယ်လာခဲ့သော puppy လေးအတွက် အိမ်လေးဆောက်ပေးနေသည်။ ထိုစဉ် ရုတ်တရက် လူတစ်ယောက် ရောက်လာပြီး အရိုအသေလာပေးသည်။ သူ ပထမတော့ ကြောင်သွားသည်။ ထို့နောက် သူ့ရှေ့မှောက်က မြင်ဖူးနေသောလူကို သေချာမြင်သွားသောအခါမှာတော့ သူ ပြန်ပြီးအသိစိတ်ဝင်ဝင်လာသည်။

"Prince Taeyeon. "

".............." ထို့စဉ် သူတို့အိမ်လေး၏ ညစ်ပတ်နေသောမီးဖိုချောင်ထဲမှ Tiffany ထွက်လာသည်။

"Mr.Kang?"

"Oh, Princess Tiffany." Kangဟု ခေါ်သောသူမှသူတို့ကို ဦးညွှတ်လိုက်သည်။

"ကျွန်တော်မျိုး မင်းသားတို့အတွက် သတင်းတစ်ခုသယ်လာပါတယ်.." သူ ထပ်လောင်းပြောကြားလိုက်သည်။

"Oh, အိမ်ထဲဝင်ပါဦး..ရှင့်အတွက် လက်ဖက်ရည်ပြင်ပေးလို့ရတာပေါ့.." Tiffany က သူတို့အိမ်တွင်းသို့ ထိုသူကို ခရီးဦးကြိုပြု၍ ဧည့်ခံသော်လည်း Taeyeonသည် ထိုသူ၏လက်ကောက်ဝတ်ကို ဖမ်းကိုင်၍ အိမ်ထဲဝင်မှာကို တားမြစ်လေသည်၊ သူ့ကို ကြည့်ရတာ ဒေါသထွက်နေတဲ့ပုံပဲ။

"ကျွန်တော်မျိုး မင်းသားတို့ကို အန္တရာယ်ထဲ ဆွဲသွင်းဖို့လာတာမဟုတ်ပါဘူး.." ထိုသူက တည်ငြိမ်စွာပြောလိုက်ပြီး ဆုပ်ကိုင်ထားတာကလည်း ပြေလျော့သွားလေသည်။

AFTER 15 MINUTES

မည်သူမျှ စကားမစရဲကြပေ..အဘယ်ကြောင့်ဆိုသော် Mr.Kangသည် တည်ငြိမ်လေးနက်၍ သတင်းစကား မည်သို့ဆိုရမည်ကို စဉ်းစားနေဟန်တူသည်။

My Heartless Oppa {MM Trans}Where stories live. Discover now