ပန်းပွင့်သတို့သမီး
အပိုင်း (၃)
စာဂိရိသည် ကြာပန်းများကို ကြည့်ရင်း အေးချမ်းမှူကိုခံစားနေရသည်။ တိုခီဝါသည် ထိမိုယွမ် အချက်ပြသည်ကို တွေ့သောအခါ
'သခင်မလေး .... ထိမိုယွမ် မင်းသားရောက်နေပါတယ် သခင်မလေးကို နူတ်ဆက်စကားပြောချင်ပါတယ်တဲ့'
စာဂိရိ ရုတ်တရက် လန့်သွားပြီး ထရပ်ကာ အထိန်းတော်ကြီးကို တိုးတိုးပြော၏။
'ဟင့်အင်း .. မဖြစ်ဘူး ... အကိုတော် မှာထားတယ် ... သွားရအောင် တိုခီဝါ ...'
တိုခီဝါက သခင်မလေးကို အသာတိုက်တွန်းလိုက်သည်။
'သခင်မလေး .... အခုက မင်းသားလေးက တောင်းဆိုတာဆိုတော့ ငြင်းလို့မကောင်းဘူးထင်တယ်။ တော်ကြာ စာဂိရိမင်းသမီးက မာနကြီးတယ်လို့ သတင်းထွက်နေပါ့မယ် ... နူတ်ဆက်စကားလောက်သာ ပြောပြီး ပြန်ကြတာပေါ့ ....'
'အကိုတော် သိသွားရင် အဆူခံရလိမ့်မယ် တိုခီဝါ ...'
'အိမ်ရှေ့ကိုယ်တော်လေး ကို ပြန်မပြောဖို့ ထိမိုယွမ် မင်းသား ကို နူတ်ပိတ်လိုက်ပေါ့ ... အတော်ပဲ ... သခင်မလေး ကျောက်တောအုပ်အကြောင်း မေးချင်နေတယ်ဆို ... တစ်ခါတည်း မေးလိုက်ပါလား ...'
စာဂိရိသည် အထိန်းတော်ကြီး၏ စကားကြောင့် နန်ကျောင်မင်းသားနှင့် တွေ့ရန်ခေါင်းငြမ့်လိုက်သည်။
ထိမိုယွမ် သည် ပုဝါကို ခြုံထားသော စာဂိရီရှေ့တွင် ဦးညွတ်နူတ်ဆက်ကာ
'ညီမတော်ကို အနှောက်ယှက်ပေးမိရင် ခွင့်လွှတ်ပေးပါ။ ကျူပ်ပေးတဲ့ လက်ဆောင်ကို ကြိုက်၊မကြိုက်မေးချင် လို့ပါ။'
'ကျွန်မရရှိဖူးတဲ့လက်ဆောင်ထဲက သဘောအကျဆုံး လက်ဆောင်တစ်ခုပါ။ ကျေးဇူးအများကြီးတင်ပါတယ် အရှင်မင်းသား'
'စာဂိရိ နှစ်သက်လို့ တော်ပါသေးရဲ့ ..... ဖြစ်နိုင်ရင် နန်ကျောင်ပြည်ကို အလည်လာဖို့ စာဂိရီကို ဖိတ်ကြားချင်ပါ တယ်။ ရေသဘင်ပွဲတော်ကို ဆင်နွဲရရင် စာဂိရီ အရမ်းပျော်မှာပဲ။ ပြီးတော့ မီးပုံးပွဲတော်မှာ ကဗျာပညာရှင်များရဲ့ ကဗျာရွတ်ပြိုင်ပွဲလည်းရှိပါတယ်။ နောင်တော်တင်ဂီရိ လာရင် စာဂိရိ လည်း လိုက်လာစေချင်ပါတယ်။'
စာဂိရီသည် ထိမိုယွမ်၏ စကားကိုကြားသောအခါ အကိုတော် သတိပေးထားသည့်အတိုင်း စကားပြော ကောင်းကာ တဖက်သားကို ဆွဲဆောင်နိုင်ကြောင်း ကောင်းကောင်းသိသွားလေသည်။
'ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် .... ဒါပေမယ့် မိန်းကလေးတစ်ယောက်အဖို့ ဒီလိုသွားရဖို့ အခွင့်လမ်းမရှိပါဘူး။ '
'ဘာကြောင့် မရှိရမှာလဲ ... ချစ်ကြည်ရေး ခရီးစဉ်မှာ စာဂိရိ လိုက်လာလို့ရပါတယ် ... စာဂိရိ သာ နန်ကျောင်ပြည်ကို လာရင် စာဂိရီရဲ့ အလှကြောင့် ပန်းလေးတွေတောင် ငိုသွားမှာပဲ ...'
'ထိမိုယွမ် အကိုတော်က သတင်းကြီးသလို စကားပြောကောင်းလှပါပေတယ်။ စာဂိရိ ထက်လှသူတွေ အများကြီးရှိပါတယ်ရှင်။ ထိမိုယွမ် အကိုတော်ထံက တိုင်းပြည်ပေါင်းစုံက မိန်းမလှလေးတွေ အကြောင်းပြန် မေးပါရစေ။'
ထိမိုယွမ်သည် စကားပြောထက်မြက်သော စာဂိရိ၏ နူတ်ရေးသွက်ပုံကို ပြုံးမိသည်။ သူမလေးသည် ပကတိ ကလေးတစ်ဦး ပမာ ရိုးသားလွန်းလှသည်။ နန်ကျောင်မင်းသား တစ်ဦးကို ဆွဲဆောင်ရမှန်းပင် မသိအောင် ဖြူစင် လွန်းလှသည်။
မိမိကို ကြောက်ရွံနေပုံပေါက်နေသည်က လွဲပြီး မိမိကို စိတ်ဝင်စားပုံလည်း မရပေ။ မိမိကြုံဖူးသမျှ မင်းသမီး တိုင်း ကြီးကြီးငယ်ငယ် နန်ကျောင်မင်းသား၏ မိဖုရားဖြစ်ချင်သောကြောင့် နည်းမျိုးစုံဖြင့် မိမိ၏ စိတ်ဝင်စားမှူကို ရအောင် ကြိုးစားကြသည်ချည်းဖြစ်သည်။ ယခုတော့ သူမလေးက မိမိ အနားမှ ထွက်ပြေးချင်နေသည်ကလွဲပြီး ဘာမှ မကြိုးစားပေ။ စာဂိရိ၏ ပုံလေးကို တွေ့သော် ထိမိုယွမ် အူယားလာသည်။ သူမလေးကို ပွေ့ဖက်ကာ မွှေ့ယမ်းလိုက်ချင်သည်။
မိမိတွေ့ခဲ့သောမိန်းကလေးများနှင့် လုံးဝမတူသော မိန်းကလေးကို ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် ထိမိုယွမ်သည် စာဂိရိ၏ လက်လေးကို လှမ်းကိုင်ကာ
' ကိုယ် စာဂိရိကို စိတ်ဝင်စားနေမိပြီ။ စာဂိရိကို လက်ထပ်ပါရစေ။'
စာဂိရိသည် ရုတ်တရက် လက်ကို ကိုင်ပြီး ပြောလာသော ထိမိုယွမ်၏ စကားကြောင့် လက်ကို အတင်းရုန်းကာ အလန့်တကြားဖြင့် ထွက်ပြေးဟန်ပြင်၏
'ဟင့်အင်း .... မဖြစ်နိုင်ပါဘူး .... ခွင့်ပြုပါ အရှင်မင်းသား ...'
ထိမိုယွမ်သည် စာဂိရိ၏ ရှေ့တွင်ပိတ်ရပ်ကာ တားပြီး
'ဘာ့ကြောင့် ကိုယ့်ကို ငြင်းတာလဲ စာဂိရိ .... ကိုယ် စာဂိရိ အလိုရှိတာ အားလုံးပေးနိုင်ပါတယ်။ ကိုယ့်ကို လက်ထပ်ပါ။ ကိုယ် စာဂိရိ လို ဖြူစင်တဲ့ မိန်းကလေးမျိုးကို မကြုံးဖူးဘူး။ ကိုယ် စာဂိရိ ကို ပိုင်ဆိုင်ချင်တယ်'
စာဂိရိသည် မျက်နှာတပြင်လုံး ထူပူပြီး ဘာပြောရမှန်းပင် မသိတော့ပေ။ အကိုတော် ပြောထားသလို ကြောက်စရာကောင်းလှသော ထိမိုယွမ် မင်းသားကို စာဂိရိ ကြောက်သွားတော့သည်။ လက်ရဲကာ အတင့်ရဲ လှသော မင်းသားကို စာဂိရိ လန့်လာ၏။
'ဟင့်အင်း .... စာဂိရိ လက်ထပ်ဖို့ ငယ်ပါသေးတယ်. ပြီးတော့ စာဂိရိ ဒါတွေ မစဉ်းစားချင်သေးဘူး။ ခွင့်ပြုပါ။ စာဂိရိ အဆောင်ပြန်ပါတော့မယ် ... တိုခီဝါ .... တိုခီဝါ ...'
'သခင်မလေး ... ထိမိုယွမ် အရှင့်သား .. သခင်မလေးကို မခြောက်လှန့်ပါနဲ့ ... တောင်းပန်ပါတယ်'
တိုခီဝါသည် တုန်ယင်ကာ ကြောက်လန့်နေသော သခင်မလေးကို တွဲကာ ထိမိုယွမ် ကို ရှောင်ကာ ထွက်လာခဲ့ သည်။
ထိမိုယွမ်သည် စာဂိရိ၏ လက်ကို လှမ်းဆွဲကာ ပြတ်သားစွာပြောသည်။
'မင်းကို ကိုယ်ရအောင် လက်ထပ်မယ် စာဂိရိ ။ မင်းကို ရဖို့ ဘာလုပ်ရ လုပ်ရ ... ကိုယ် နောက်မဆုတ်ဘူး'
' စာဂိရိ ရဲ့လက်ကို လွှတ်ပါ အရှင်မင်းသား စာဂိရိ အရှင့်သားကို လက်မထပ်နိုင်ဘူး။ အကိုတော် နဲ့ခင်မင်မှူကို
ထောက်ထားပြီး ရှေ့ဆက်မတိုးပါနဲ့ .. စာဂိရိ တောင်းပန်ပါတယ်။ '
စာဂိရိ သည် ထိမိုယွမ်၏ လက်မှ အတင်းရုန်းရင်း ပြော၏။
ထိမိုယွမ်သည် မိမိကို အတင်းငြင်းဆန်နေသော စာဂိရိ၏ ပုံလေးကို ရင်နာစွာကြည့်ကာ
'မင်းကို ချစ်တာ ကိုယ် မကောင်းမှူကို ကျူးလွန်နေတာ မဟုတ်ဘူး။ နောင်တော် တင်ဂီရိ ကို ခင်မင်တာနဲ့  မင်းကို ကျူပ် လက်လျှော့မှာမဟုတ်ဘူး စာဂိရိ။ မင်း လက်မခံရင် ကိုယ် နည်းပေါင်းစုံ သုံးပြီး လက်ခံလာအောင် လုပ်ရမှာပဲ။ နောက်ဆုံး စစ်ခင်းပြီး မင်းကို ရအောင်ယူ သင့်ရင် ယူရမှာပဲ ...'
စာဂိရိသည် ထိမိုယွမ်၏ စကားကြောင့် စိုးရိမ်သွား၏။ မခံချင်စိတ်လည်းပေါ်လာသဖြင့် ရင်ထဲရှိသည့်အတိုင်း ပြောချလိုက်သည်။
'အရှင်မင်းသားက သတင်းကြားထားသလို ကြောက်စရာကောင်းလှပါပေတယ်။ အရှင်မင်းသားက ကိုယ်လိုချင် တာရဖို့ သူငယ်ချင်းမျက်နှာကိုတောင် မထောက်တော့ပါလား ။ '
ထိမိုယွမ်သည် စာဂိရိ ၏ စကားကြောင့် ရင်ထဲ တင်းသွား၏
'ဒါက မင်းဘက်က အမြင်လေ။ ကျုပ်တို့ ယောက်ျားလေးတွေရဲ့စိတ်ကို မင်းနားမလည်ပါဘူး။ ကိုယ်ချစ်တဲ့သူ ကိုမှ ရအောင် မယူနိုင်ရင် ယောက်ျားကောင်း မဟုတ်တော့ဘူး။ မင်းပြောချင်တာပြောပါ။ ကိုယ်မင်းကို ရအောင် ယူမယ်။ ကိုယ်နဲ့ လက်ထပ်ပြီးမှ မင်းကို ဘယ်လောက်ချစ်တယ်ဆို တာ မင်းသိလာလိမ့်မယ် စာဂိရိ။ အချစ် နဲ့ စစ်မှာ မတရားတာ မရှိဘူး။ ကျူပ်ပြောတာ မမေ့ပါနဲ့။ မင်းက ကျူပ်ရဲ့ မိဖုရားဖြစ်ရမယ် စာဂိရိ။'
ထိမိုယွမ်သည် စာဂိရိ ကို ပြောပြီး လှည့်ထွက်လာခဲ့သည်။ ယခုမှ ထိမိုယွမ် စာဂိရိကို တကယ်လိုချင်လာသည်။ မိမိကို ငြင်းလေလေ ... ပိုလိုချင်လေ ဖြစ်သည်။
စာဂိရိသည် မိမိနန်းဆောင်ကို ရောက်သောအခါ သလွန်ပေါ် ပုံလျက်သား လဲကျသွား၏။ တိုခီဝါသည် သခင်မလေးကို ရေတိုက်ပြီး
'သခင်မလေး .... စိတ်မပူပါနဲ့ .... ထိမိုယွမ် မင်းသားက သခင်မလေးကို ခြောက်လိုက်တာပါ။ တော်ကြီးဘုရား နဲ့ အိမ်ရှေ့စံ မင်းသားလေးတို့ ရှိပါတယ်။'
'သူ... တကယ်ပြောနေတာ တိုခီဝါ။ သူ့ကို လက်မထပ်ရင် စာဂိရိ တို့တိုင်းပြည်ကို စစ်ခင်းမှာ စိုးရိမ်မိတယ်။'
'ဒီလောက် မစိုးရိမ်ပါနဲ့ သခင်မလေး။ စစ်ဖြစ်ဖို့ဆိုတာ အချိန်လိုပါတယ်။ ထိမိုယွမ် မင်းသား စစ်ကြေငြာတဲ့ အချိန်ဆိုရင် သခင်မလေးက ယောက်ျားလေးအဖြစ်ခံယူပြီးလောက်ပါပြီ။ '
တိုခီဝါ၏ စကားကြောင့် စာဂိရိ စိုးရိမ်စိတ်လျော့သွား၏။
'ဒီလိုဆို တော်သေးတာပေါ့ .... စာဂိရိကြောင့် စစ်ဖြစ်မှာစိုးရိမ်မိတယ် ... တိုခီဝါ ... ထိမိုယွမ် မင်းသားက စာဂိရိကို တကယ် စစ်ခင်းပြီး မယူလောက်ပါဘူးနော် ...'
'မယူပါဘူး သခင်မလေးရယ် ... သခင်မလေးသာ သူ့ရှေ့ထပ်မထွက်ပါနဲ့တော့။ ဒါဆို သူ သခင်မလေးကို တဖြည်းဖြည်းမေ့သွား လိမ့်မယ်'
'ဒါဆို သူ မပြန်မချင်း စာဂိရိ အဆောင်ထဲမှာပဲ နေတော့မယ် ...'
စာဂိရိ နှင့် တိုခီဝါ အဆောင်သို့ ပြန်လာခဲ့ကြသည်။ ထိုနေ့မှစပြီး စာဂိရိ တကယ်လည်း အဆောင်ထဲမှ မထွက်တော့ပေ။
ထိမိုယွမ်သည် သူငယ်ချင်းများနှင့် သောက်စားနေစဉ် မွန်ဂို မင်းသားက မေးလိုက်၏။
'ထိမိုယွမ် .. မင်း .. စာဂိရိ မင်းသမီးကို လက်လျှော့ရတော့မယ် ထင်တယ်။ ဟိုနေ့ကတည်းက စာဂိရိ အဆောင်ထဲက မထွက်တော့ဘူး။ '
'ဟုတ်တယ်။ စာဂိရိ က တခြားမိန်းကလေးတွေနဲ့ မတူဘူး။ မင်း အရှူံးပေးလိုက်ပါတော့ကွာ... ။သူလေးက အရမ်းကို ဖြူစင်လွန်းတယ် ...။ မင်းကိုလည်း ခါးခါးသီးသီး ငြင်းလိုက်တယ်ဆို ... ။'
ထိမိုယွမ်က ပြုံးကာ အရက်ကို တရှိန်ထိုးမော့ရင်း
'မင်းတို့ စောင့်ကြည့်နေပါကွာ ... ငါ့ရဲ့ အချစ်သင်ခန်းစာကို မပို့ချရသေးလို့ပါ. စာဂိရီ ကို ငါ့ နည်းတွေနဲ့ စွဲအောင်လုပ်ပြမယ်။ ငါ့လက်ထပ်ခွင့်ကို သူကိုယ်တိုင် လက်ခံလာလိမ့်မယ် ..'
ပါရှားမင်းသားက ဟက်ဟက်ပက်ပက် ရယ်ကာ
'အေးပါကွာ ... ဒါဆို ငါတို့ မင်းဆီမှာ အမှူတော်ထမ်းရသေးတာပေါ့ ...'
'စာဂိရိနဲ့ နှစ်ယောက်တည်း တွေ့ဖို့ အခွင့်ရေးရှိပါစေကွာ ... သူ က မင်းကို ကြောက်လို့ အဆောင်ထဲကတောင် မထွက်တော့တာ... မင်း ရဲ့ အချစ်သင်ခန်းစာကို သူ့အဆောင်ထဲထိ သွားပို့ချမှ ဖြစ်တော့မယ်ထင်တယ်။'
ထိမိုယွမ်သည် သူငယ်ချင်းများ၏ ရယ်သွေးသွမ်းသည်ကို ကြားသော် ပြုံးရုံသာပြုံးပြီး
'ဟုတ်တယ်။ မင်းတို့ပြောသလို သူ့အဆောင်ထဲ ရအောင်ဝင်ရုံပဲရှိတော့တယ်။ '
'မလုပ်ပါနဲ့ကွာ.... ရဲမတ်အပြည့်စောင့်ကြပ်တယ်လို့ကြားတယ် .... မိသွားရင် တိုင်းပြည်အချင်းချင်း စစ်မက်ဖြစ်သွားနိုင်တယ်...'
'အရှူံးပေးလိုက်ပါတော့ကွာ... မင်းအတွက် ရွှေစင်တစ်ထောင်က မပြောပလောက်ပါဘူး။'
ထိမိုယွမ်က ရယ်မောကာ
'မလောကြပါနဲ့ကွာ ... အချိန်က သုံးရက်တောင်ကျန်ပါသေးတယ် ... စကားမများနဲ့.. သောက်မှာဖြင့် သောက်ကြ .... အချိန်တန်ရင် ကျူပ်အစွမ်းကို တွေ့ရလိမ့်မှာပေါ့'
တင်ဂီရိသည် အစေတော်များမှ တဆင့် ထိုစကားကို ကြားသောအခါ စာဂိရိ၏ အဆောင်ကို လုံခြုံရေးတင်းကျပ် လိုက်သည်။
ထိမိုယွမ်သည် လုံခြုံရေးတင်းကျပ်သည်ကို စိတ်အနှောက်အယှက်မဖြစ်ပေ။ မည်မျှ လုံခြုံသည့်နေရာဖြစ်ပါစေ အတွင်းမှ ထွက်ပေါက်ရှိစမြဲပင်။ ခမည်းတော် မိမိကို နန်းဆောင်မှာ အစောင့်ဖြင့် ထားသော်လည်း မိမိ အမြဲ မြို့ထဲ ခိုးထွက်နိုင်သည့် ထွက်ပေါက်တစ်ခုမက ရှိခဲ့သည်။ စာဂိရိသည်လည်း မိမိလိုပင် ထွက်ပေါက်ရှိလိမ့်မည်။ ထိုအပေါက်မှ မိမိ အလွယ်တကူ ၀င်ထွက်နိုင်သည် မဟုတ်လား။ ယခု စာဂိရိ၏ အထိန်းတော်ကြီးကို ဆင့်ခေါ် ဖို့ အချိန်ကျလေပြီ။အချိန် ၂ ရက်တည်းကျန်တော့သည်ဆိုတော့ လှုပ်ရှားဖို့အချိန်တန်လေပြီ။
အထိန်းတော်ကြီး၏ သားကို မိမိ လူလွှတ်ကာ ခေါ်ခိုင်းပြီးလေပြီ။ ထို့ကြောင့် ယခုည ဆယ်မောင်းတီးတွင် နန်းတော်အပြင်တွင် လာတွေ့ရန် စာပို့လိုက်သည်။
တိုခီဝါသည် ထိမိုယွမ် သခင်လေးထံမှ စာရသောအခါ သားကိုတွေ့ချင်ဇောဖြင့် နေမထိ ထိုင်မသာ ဖြစ်နေ မိသည်။ ညအချိန် အ၀င်အထွက်မလုပ်ရသောကြောင့် စာဂိရိ သခင်လေး သုံးနေကျ လျှို့ဝှက်ထွက်ပေါက်မှ သွားတွေ့၇န်ဆုံးဖြတ်ထားသည်။ မိမိ မသေခင် သားမျက်နှာကို တွေ့ဖူးလျှင်၊စကားပြောဖူးလျှင် သေပျော်ပါပြီ ဟုတွေးကာ သွားရန်ပြင်ဆင်နေမိသည်။ ကောင်းကင်ကလည်း မည်းမှောင်ကာ မိုးးရွာတော့မည့်ပုံပေါ်သည်။ ထို့ကြောင့် စာဂိရိ သခင်လေးကို စောစောအိပ်ရန်သွားပြောလိုက်သည်။
'သခင်မလေး ... မအိပ်သေးဘူးလား ... '
စာဂိရိသည် စာဖတ်နေရာမှ တိုခီဝါကို လှည့်ကြည့်ကာ
'တိုခီဝါ အိပ်ချင်သွားအိပ်တော့လေ။ စာဂိရိ စာဖတ်လိုက်ဦးမယ်။ ခဏနေရင် အိပ်တော့မယ်..'
'ဒါဆို ကျွန်မ သွားအိပ်တော့မယ်နော် ... မိုးရွာတော့မယ်။ သခင်မလေး စောစောအိပ်တော့နော်။ ကျွန်မ တံခါးပိတ်သွားပေးမယ်။'
စာဂိရိသည် တိုခီဝါ ထွက်သွားပြီးနောက် ၀တ္တုဆက်ဖတ်နေမိသည်။ မည်မျှအချိန်ကြာသွားသည် မသိတော့ပေ။ မိုးချိန်းသံကြားမှ မိုးအတော်သည်းနေသည်ကို သတိပြုမိတော့သည်။ ထို့ကြောင့် စာအုပ်ကိုချပြီး အိပ်တော့မည် ဟုတွေးကာ အိပ်ယာပေါ်လှဲလိုက်စဉ် အဆောင်တံခါး ဖွင့်သံလိုလိုကြားလိုက်ရ၏။ အစေတော်အားလုံးလည်း အပြင်ဆောင်တွင် အိပ်သောကြောင့် သူတို့တော့ မဖြစ်နိုင်ပေ။ လေတိုက်သောကြောင့် တိုခီဝါ ပိတ်သွားသော တံခါးပွင့်သွားသည်ဟု ထင်သောကြောင့် တံခါးပြန်ပိတ်ရန် အိပ်ယာထဲမှ ထွက်လာခဲ့သည်။ အပြင်လျှောက်လမ်း တွင် မီးအိမ်တချို့ လေတိုက်ပြီးငြိမ်းကုန်သဖြင့် မှောင်သည့်နေရာက မှောင်နေ၏။ စာဂိရိသည် မိမိနေနေကျ အဆောင်ဖြစ်သောကြောင့် အကြောက်လန့်မရှိပဲ ပွင့်သွားသည့် တံခါးကို ပိတ်ပြီး ပြန်လှည့်လာစဉ် အနောက်မှ သိုင်းဖက်လာသော လက်တစ်စုံကြောင့် လန့်ဖြတ်ကာ အတင်းရုန်းရင်း မျက်နှာချင်းဆိုင်ပြီး မေးလိုက်သည်။
'ဘယ်သူလဲ ...'
'ကျူပ်ပါ ... စာဂိရိ ... ထိမိုယွမ်ပါ ...'
လျှပ်စီးလက်လိုက်ချိန်တွင် မိမိဆီ လျှောက်လှမ်းလာသော ထိမိုယွမ် မင်းသားကို ထင်ရှားစွာမြင်လိုက်ရသဖြင့် စာဂိရိ အံ့အားသင့်သွားမိသည်။ အစောင့်များကြား သူဘယ်လိုဖြတ်ပြီး မိမိ အဆောင်ထဲ ရောက်လာသည်ကို တွေးလိုက်စဉ် သူနှင့် ဝေးရာသို့ ဆုတ်ရင်း ဟန်မပျက် စကားပြောနေလိုက်သည်။
'အရှင်မင်းသား ... ဘာကြောင့် ကျွန်မ အဆောင်ကို ညအချိန်မတော် လာရတာပါလဲ ... '
ထိမိုယွမ်သည် မီးရောင်မှိန်မှိန်ကြားမှ အလှကြီးလှနေသော စာဂိရိ၏ ပကတိ အကာအကွယ်မဲ့မျက်နှာလေးကို ရွှမ်းရွှမ်းစားစားကြည့်ကာ နူးညံ့စွာပြောလိုက်သည်။
'စာဂိရိ ရဲ့ မျက်နှာလှလှလေးကို တွေ့ဖူးချင်လို့ ... ပြီးတော့ စာဂိရိ ဆီက အဖြေကို လိုချင်လို့ လာခဲ့တာ ... ကျူပ်လာရကြိုးနပ်သွားပါပြီ... ဘယ်သူမှ မမြင်ဖူးတဲ့ စာဂိရိ ရဲ့ အလှကို ကျူပ်မြင်ခွင့်ရသွားပြီ။ မင်းက ကျူပ် ထင်ထားတာ ထက်ကို လှတာပဲ။ မင်းကို ကျူပ်ရအောင်ယူမှ ဖြစ်တော့မယ်... စာဂိရိ ...'
စာဂိရိသည် ထိမိုယွမ်၏ စကားကြောင့် နောက်သို့ တရွေ့ရွေ့တိုးလာရင်း အိပ်ခန်းထဲသို့ ရောက်လာလေပြီ။
လေအဝှေ့တွင် ထိမိုယွမ်ထံမှ အရက်နံ့ကိုလည်း ရလိုက်သဖြင့် သူ မူးနေသည်ကို သိကာ အနည်းငယ်ကြောက် သွားသည်။
'အသင်မင်းသား .... ညအချိန် ယောက်ျားနဲ့ မိန်းမ အတူရှိတာ မသင့်တော်ပါဘူး .... မနက်မှ ပြန်လာခဲ့ပါ။ စာဂိရိ အသင်မင်းသားရဲ့ စကားကို ပြန်စဉ်းစားပေးပါ့မယ် ... '
ထိမိုယွမ်သည် စာဂိရိ၏ စကားကို သဘောကျစွာရယ်မောကာ
'စာဂိရိလေး ... ကျူပ်ကို စကားနဲ့ အချိုမသပ်ပါနဲ့တော့လားကွယ် ... ကျူပ်က ဒီည စာဂိရိရဲ့ အချစ်ကိုမှ မရရင် မပြန်ဘူး ... '
စာဂိရိသည် ထိမိုယွမ်၏ စကားကြောင့် သူ့ရည်ရွယ်ချက်ကို သိသွားလေပြီ. ထို့ကြောင့် ပြတင်းတံခါးဆီပြေးကာ အပြင်မှ ရဲမတ်များကို အော်ခေါ်ရန် ကြိုးစားလိုက်သည်။ စာဂိရိ၏ ရည်ရွယ်ချက်ကို သိထားသည့်အလား ထိမိုယွမ်က စာဂိရိ၏ ကိုယ်လေးကို လမ်းမှဖြတ်တားကာ ပွေ့ချီပြီး ခုတင်ပေါ်လှဲချလိုက်သည်။
'ဒီလောက် အပင်ပန်းမခံပါနဲ့ကွယ် ... အပြင်မှာ မိုးတွေ ဒီလောက်ရွာနေတာ စာဂိရိရဲ့ အသံကို ဘယ်သူမှ ကြားမှာ မဟုတ်ဘူး။ မင်းကို နူတ်ဆက် အနမ်းလေးပေးချင်လို့ပါ။'
စာဂိရိသည် သူ့ရင်ခွင်အောက်တွင်ရောက်ပြီး ရုန်းမရအောင်ချူပ်ထားခြင်းခံရသည်. မီးရောင်အောက်တွင် အရက်နံ့မွှန်ကာ စူးရဲစွာ စိုက်ကြည့်နေသော ထိမိုယွမ် မင်းသား၏ မျက်နှာကို အနီးကပ်တွေ့လိုက်ရသည်။ သူသည် အကိုတော်ပြောသလို လိုချင်တာကို မည်သူ့မျက်နှာမှမထောက်ပဲ အရယူမည့်သူဖြစ်သည်ကို သိလိုက်စဉ် စာဂိရိ ကြောက်သွား၏။
'လွှတ် ... လွှတ် ... စာဂိရိ ကိုလွှတ်... '
ထိမိုယွမ်သည် အတင်းငြင်းဆန်နေသော မိန်းမလှလေးကို ပြုံးကြည့်ကာ
'မင်း ဘာကြောင့် ကိုယ့်ကို ဒီလောက် ခါးခါးသီးသီးဖြစ်နေတာလဲ စာဂိရိ ... ကျူပ်လို နန်ကျောင် အိမ်ရှေ့မင်းသားကို ငြင်းတာ မင်းတစ်ယောက်တည်းရှိတယ်။ မင်းကို ကျူပ် တကယ် သဘောကျတာပါ။ မင်းကို ကျူပ် မိဖုရားခေါင် မြှောက်မှာပါ။ ဒါကြောင့် အသာတကြည်ပဲ ကျူပ်အလိုကို လိုက်လျောလိုက်ပါ။ မင်းကို ကျူပ် အချစ်အကြောင်းသင်ပေးမလို့ပါ။ '
သူ့စကားများကြောင့် စာဂိရိ ပိုကြောက်သွား၏။
'ဟင့်အင်း .. .အသင်မင်းသား... ကျွန်မကို လွှတ်ပေးပါ။ အကိုတော့် မျက်နှာကို ထောက်ပါအုံး။ ဒီလိုမျိုး မိန်းမ တစ်ယောက်ကို အနိုင်ကျင့်တာ ယောက်ျားကောင်းတို့ အပြုအမူ မဟုတ်ပါဘူး။ ကျွန်မကို လွှတ်ပါ'
'ယောက်ျားကောင်းဆိုတာ သူလိုချင်တာကို ရအောင်ယူတတ်ရတယ် ဆိုတာ မင်းလို အားနွဲ့တဲ့မိန်းကလေးက ဘယ်လိုသိမှာလဲ ... မပူပါနဲ့ ... ကျူပ် မင်းကို ကြင်ကြင်နာနာ ချစ်မှာပါ။ ဒါကြောင့် အားကုန်မခံနဲ့တော့ ..... အလှလေး'
ထိမိုယွမ်သည် မရည်ရွယ်သော်လည်း အကြောက်လွန်နေသော မိန်းကလေးကို စနောက်ချင်သောကြောင့် တမင်ပြောလိုက်သည်။ မိမိပြောလိုက်မှ စာဂိရိ မျက်နှာလေးဖြူဖွေးသွားပြီး အခြွေရံများကို အော်ခေါ်တော့၏။
'ဟင့်အင်း ... တိုခီဝါ ...တိုခီဝါ ... မမတို့ .. လာကြပါဦး ...'
ထိမိုယွမ်သည် အသည်းအသန်း ငြင်းဆန်ပြီး အခြွေရံများကို အော်ခေါ်နေသော စာဂိရိ၏ အသံကို အနုနည်းဖြင့် ပိတ်ပေးလိုက်တော့သည်။ ထိမိုယွမ်သည် ပထမ စာဂိရိ ဆက်မအော် နိုင်ရန် နူတ်ခမ်းလေးကို ပိတ်လိုက်ခြင်း ဖြစ်သော်လည်း မကြုံဖူးအောင် အိထွေးသော နူတ်ခမ်းလေးက ထိမိုယွမ်ကို မရပ်နိုင်အောင်လုပ်လိုက်သလိုပင်။
နီမြန်းအိထွေးသော နူတ်ခမ်းလေးကို မွတ်မွတ်သိပ်သိပ် နှင့် အချိန်ကြာမြင့်စွာ နမ်းလိုက်မိသည်။ အတင်းထုရိုက် နေသော လက်လေးများကို ချူပ်ထားလိုက်သည်။
' မင်း ဒါ ပထမဆုံး အနမ်းခံတာ မဟုတ်လား။ မင်း မငြင်းပဲ ခံစားကြည့်လိုက်ပါ။ ကျူပ်မင်းကို ကောင်းအောင် လုပ်ပေးမှာပါ. ကျူပ်က မင်းကို အချစ်အကြောင်း အားလုံးသိအောင် သင်ပေးမလို့ပါ။ မငြင်းပါနဲ့တော့ စာဂိရိ'
စာဂိရိသည် သူ့ အနမ်းကြမ်းများမှ လွတ်သော် လေကို အလုအယက်ရှူနေရသဖြင့် စကားပြန်မပြောနိုင်သေးပေ။
သူ့စကားများအရ သူ မိမိကို အရယူမည်ဆိုလျှင် မိမိ တို့၏ လျှို့ဝှက်ချက်ပေါ်တော့မည်။ ထို့ကြောင့် စာဂိရိသည် သူစကားပြောစဉ် အတင်းတွန်းကာ ထွက်ပြေးရန်ကြိုးစားပြန်၏။
သို့သော် လက်မြန်သော ထိမိုယွမ်က လှမ်းဆွဲလိုက်ပြီး
'မင်းကို ကျူပ် အသာတကြည်ပြောတာ မရဘူးဆိုတော့ ကျူပ်ဆက်မပြောတော့ဘူး။ လက်တွေ့ပဲပြတော့မယ်'
ထိမိုယွမ်သည် စာဂိရိကို စကားဆိုခွင့်မပေးတော့ပဲ အချစ်သင်ခန်းစာများကို တစ်ခုပြီး တစ်ခုပို့ချနေတော့သည်။
စာဂိရိသည် သူ့အနမ်းကြမ်းများကြောင့် စကားဆိုမရသည့်အပြင် သူ့လက်များက မိမိ အ၀တ်များကို ချွတ်နေ သဖြင့် ရုန်းကန်သော်လည်း ဘယ်လိုမှ တားမရပဲ သူပြုသမျှခံနေရသည်။ ဒီအတိုင်းဆိုလျှင်မိမိတို့လျှို့ဝှက်ချက် ပေါ်တော့မည်ဟု တွေးမိစဉ် ထိမိုယွမ်၏ လက်အစုံက အ၀တ်အောက်ကိုစမ်းမိသွား၏။
'သွားပြီ .. သူ သိသွားပြီ ...'
စာဂိရိ တကိုယ်လုံးအေးစက် သွားမတတ် ထိတ်လန့်သွားတော့သည်။ ထိမိုယွမ်၏ မျက်နှာကိုပင် မကြည့်ဝံ့ အောင်ရှက်ရွံစွာ ဖြင့် မျက်လုံးကိုမှိတ်ထားလိုက်မိသည်။
ထိမိုယွမ်သည် မိမိ စမ်းမိသည်ကို မယုံကြည်နိုင်အောင်ဖြစ်မိသွားသည်။ အာနန်ပြည်၏ လျှို့ဝှက်ချက်က
ထိမိုယွမ်ကို ရုတ်တရက်စကားမဆိုနိုင်အောင် ဖြစ်မိသွားစေသည်။ ထိမိုယွမ်သည် စာဂိရိ၏ အပေါ်ပိုင်း အ၀တ်အားလုံး ကို ဆွဲချွတ်လိုက်ပြီး
' စာဂိရိ ....မင်း က ယောက်ျားလေး တစ်ယောက်ပဲ....ဒါ မင်းရဲ့ လျှို့ဝှက်ချက်လား။ မဟုတ်ဘူး။ ဒါ မင်းတို့တိုင်းပြည်ရဲ့ လျှို့ဝှက်ချက်ပဲ ... ဒါကြောင့် မင်းကျူပ်ကို အသည်းအသန်ငြင်းခဲ့တာလား... '
စာဂိရိသည် သူလွှတ်ပေးလိုက်သည်နှင့် မိမိ အ၀တ်များကို ကပျာကယာ ပြန်ဆွဲတင်ကာ ငိုရှိုက်ရင်း ရှက်ရွံ နာကြည်းစွာဖြင့် ဖြေလိုက်သည်။
'ဟုတ်တယ် ... ကျွန်တော်က ယောက်ျားလေးတစ်ယောက်ပဲ ... အသင် မင်းသားကျေနပ်ပြီလား ... ကျွန်တော့် ကို လွှတ်ပေးပါတော့ ... '
ထိမိုယွမ်သည် မီးရောင်အောက်မှ ချောမွေ့လှပလွန်းသော အလှလေးကို ငေးစိုက်ကြည့်ရင်း သတိဝင်လာ၏။ ဘယ်လိုကြည့်ကြည့် ယောက်ျားလေးပုံ မပေါက်အောင် လှရက်လွန်းသော စာဂိရိကို ကြည့်ရင်း ပိုပြီး စိတ်လှူပ်ရှား လာသည်။
သိမ်မွေ့စွာ ငိုရှိုက်နေသော စာဂိရိကို ကြည့်ရင်း အချစ်စိတ်တို့ ကြောင့် သွေးတိုးနှူန်း နှစ်ဆမြန်လာသလို ခံစားလိုက်ရသည်။ စာဂိရိ မိန်းကလေးဖြစ်ဖြစ်၊ ယောက်ျားလေးဖြစ်ဖြစ် မိမိကရုမစိုက်ပေ။ မိမိ သိသည်က စာဂိရိကို မိမိလိုချင်သည်။ သူ့ ကိုမရလျှင် မိမိရူးသွားတော့မည်။ မိမိအသိဥာဏ်ကို နှလုံးသားက အနိုင်ရသွားပြီ။
'ယောက်ျားလေးတစ်ယောက်လို ၀တ်ထားရင်တောင် မင်းရဲ့ အလှက တစ်စက်မှ လျော့မှာမဟုတ်ဘူး။ နတ်သမီးတစ်ယောက်လို ချောတယ်ဆိုတာ မင်းကိုပြောတာပဲ စာဂိရိ ။ မင်းကို '
ထိမိုယွမ် တအံ့တသြပြောလိုက်သည်။
'ကျွန်တော် မိန်းကလေး မဟုတ်ဘူးဆိုတာ သိပြီးပြီ ... ကျွန်တော့်ကို လွှတ်ပေးပါတော့ အရှင်မင်းသား ..'
စာဂိရိ အံကြိတ်ကာပြောလိုက်သည်။
ထိမိုယွမ်က စာဂိရိ၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ မိမိဘက် ကိုလှည့်ပြီး အိပ်ယာပေါ်တွန်းလှဲကာ
'မင်းဖာသာ ဘာဖြစ်ဖြစ် မင်းကို ကျူပ်လိုချင်တယ် စာဂိရိ .... မင်းကို အရင်ကထက် ကျူပ်ပိုပြီး စိတ်ဝင်စား သွားပြီ...မရုန်းပဲ ကျူပ်သင်ပေးတာကို အရသာခံကြည့်ပါအုံး .. .မင်းသဘောကျမှာပါ။'
~ ဆက်ရန်