ပန်းပွင့်သတို့သမီးအပိုင်း (၁၄)

6.3K 401 2
                                    

ပန်းပွင့်သတို့သမီး
အပိုင်း (၁၄)

သခင်မလေး.... ပင်းပင်းမင်းသမီးကို သိပ်မယုံပါနဲ့။ မင်းသားလေး အကြောင်းကို ဘာမှမပြောလိုက် နဲ့နော်။ သူက သခင်မလေးကနေတဆင့် မင်းသားလေးနဲ့ နီးစပ်အောင်ကြိုးစားနေတာ။ မင်းသားလေး ရဲ့ အချစ်ကိုသာရသွားရင် သူ့ရဲ့ စိတ်ရင်းမှန်ပေါ်လာလိမ့်မယ်။ လူ့စိတ်ဆိုတာ သိပ် ကြောက်ဖို့ကောင်းပါတယ် သခင်မလေး။"

စာဂိရိသည် တိုခီဝါကို ဖက်ထားကာ
"တိုခီဝါရယ်... တွေ့သမျှ မိန်းကလေးတိုင်းကို ကိုယ့်ရဲ့ လင်လုဖက်လို့မြင်နေ ရင် စာဂိရိမှာ အပေါင်း အသင်းဘယ်ရှိတော့မှာလဲ။ အမြဲတမ်း အထီးကျန်နေ တော့မှာပေါ့။ စာဂိရိ အဲ့လို သတိကြီးနဲ့ နေရ တဲ့ ဘ၀ကို မကြိုက်ဘူး။ ပြီးတော့အိမ်ရှေ့မင်းသားက နောက်မိဖုရားမြှောက်မှာပဲလေ။ စာဂိရိ ဘယ်လို လုပ်လုပ် နောက်မိဖုရားတွေ လာမှာပါ။ ပြီးတော့ စာဂိရိက ဒီနန်းတွင်းမှာသေတဲ့အထိ နေသွားမှာ
မဟုတ်ဘူး။ သူ စာဂိရိကို အချစ်လျော့သွားရင်၊ သူစာဂိရိကို မေ့သွားရင် စာဂီရိ အာနန်ပြည်ကို ပြန် မယ် တိုခီဝါ။"
ထိမိုယွမ်သည် နိုရုန်းထံမှ ပင်းပင်းလာသည်ကိုကြားသော် မျက်မှောင်ကြုတ် လိုက်မိသည်။ စာဂိရိကို ပင်းပင်း စိတ်အနှောက်ပေးမည်ကို စိုးရိမ်ကာတားသော်လည်း စာဂိရိက နားမထောင်ပေ။ ပင်းပင်း သည် အပြင်ပန်းချိုသာသလောက် အလိုလောဘကြီးလွန်းလှသည်။ ပင်းပင်း၏ရည်ရွယ်ချက်မှာ သူ့ အရီးတော်လို မိဖုရားခေါင်ဖြစ်ရန်ပင်။ဒါကို မိမိကသိသည်။ထို့ကြောင့်သူမကို မိမိတင်းမာစွာ ဆက်ဆံ ခြင်းဖြစ်သည်။ မိမိချစ်သူကို စိတ်ညစ်အောင် လုပ်လျှင် သူမကို အလွတ်မပေးဟု တေးထားမိသည်။

ထိမိုယွမ် စာဂိရိကို စိုးရိမ်သဖြင့် အဆောင်သို့ အချိန်လုကာ လာခဲ့သည်။ အဆောင်ထဲတွင် စာဂိရိနှင့် တိုခီဝါပြောနေသည်ကိုကြားသော် ထိမိုယွမ်ရင်ထဲ ဒေါသတ၀က်၊စိတ်မကောင်း တ၀က်ဖြစ်သွား သည်။ မိမိကတော့ တဘ၀လုံးစာ လက်တွဲဖို့ကြိုးစားနေသော်လည်း သူလေးက ခုထိ မိမိအချစ်ကို မယုံကြည်ပဲ အနားမှထွက်ပြေးရန် ကြိုးစားနေသည် မဟုတ်လား။

ထိမိုယွမ် အဆောင်ထဲ မ၀င်တော့ပဲ လှည့်ထွက်သွားတော့သည်။ ယခုဝင်သွားလျှင်မိမိ စာဂိရိကို တစုံ တခု ပြောမိမည်စိုးသည်။ ညီလာခံတွင် အမတ်ကြီးများ နှင့်အတိုက်အခံလုပ်ခဲ့ရလို့ စိတ်လည်း သိပ်မ ကြည်တော့သဖြင့် စာဂိရိအပေါ် တစုံတခု မာထန်စွာပြောမိလျှင် သူလေး စိတ်မကောင်းဖြစ်ကာ ငိုနေ ဦးမည်။ ယောက်ဖတော် လာလို့တိုင်ပြောလျှင် မိမိကို အပြစ်တင်နေမည်စိုးသဖြင့် ထိမိုယွမ် အထဲ မ၀င်တော့ပဲ လှည့်ထွက်လာခဲ့ခြင်းဖြစ်သည်။

"သခင်မလေး မင်းသားလေး အဆောင်မလာတာ ၃ ရက်လောက်ရှိပြီနော်။ ဘာဖြစ်လို့ပါလိမ့်။"

တိုခီဝါက ပူပန်စွာပြောသည်။ စာဂိရိကတော့ အေးအေးဆေးဆေးပင်
"မလာတော့ စာဂိရိ အေးအေးဆေးဆေး နားရတာပေါ့။ သူလာရင် လူကို ကောင်းကောင်း မနေဘူး။ အရမ်းကဲတာပဲ။ လူကို ဖက်လား၊နမ်းလားနဲ့။"

စာဂိရိ၏ စကားကိုကြားသော် တိုခီဝါ ရယ်ချင်၊ငိုချင်သွားသည်။
"ဘယ်လိုပြောလိုက်တာလဲ သခင်မလေးရယ်။ နောင် ဒီလို စကားလုံးဝ မပြော ရဘူးနော်။ ပြောရင် သခင်လေး တင်ဂီရိကို တိုခီဝါ တိုင်ပြောလိုက်မှာ။ ကိုယ့်ခင်ပွန်းလောင်းက ကိုယ့်ကိုချစ်နေတယ် ဆို တာ ကောင်းတာပေါ့။ ပြီးတော့ အခု နန်ကျောင်နန်းတွင်းမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့လို့ တင်ဂီရိ မင်းသား လာမယ်လို့ကြားတယ်။ "

စာဂိရိသည် တိုခီဝါထံမှ စကားကို ကြားသော် ၀မ်းသာသွားသည်။
"တကယ်လား တိုခီဝါ။ ၀မ်းသာလိုက်တာ။ စာဂိရိ အကိုတော်ကို လွမ်းနေတာ။"
တိုခီဝါသည် ကလေးဆန်နေဆဲ သခင်မလေးကို ဖက်ကာချော့သည်။
"သခင်လေးကို ချစ်သလို မင်းသားလေးကို ချစ်နိုင်အောင်ကြိုးစားပါ သခင်မလေးရယ်။ မင်းသားလေး က သခင်မလေးကိုအရမ်းချစ်တာ။ ဟိုတခါ သခင်မလေးဆီက ပိုက်ဆံအိတ်လုတဲ့ ကလေးကို အကြောင်းပြုပြီး အခု မင်းသားလေးက နန်းတွင်းမှာ အလုပ်များနေတာ။ သခင်မလေးက ဒီကလေး မိသားစုကို တခုခုလုပ်ပေးချင်တယ်လို့ပြောလိုက်မိလို့ မင်သားလေးက ညီလာခံမှာ တင်ပြရင်း အမတ်ချုပ်ကြီး အဖွဲ့နဲ့ထိပ်တိုက်တွေ့ကြတာလို့ ကြားတယ်။ "

ထိုစကားကို ကြားသော် စာဂိရီ စိတ်မကောင်းလေးဖြစ်သွားသည်။ မိမိစကားကို သူက အလေး အနက်ထားပြီး ဆောင်ရွက်ပေးသည်ဆိုတော့ အနည်းငယ်လည်း ကျေနပ်သွားသည်။ ထို့ကြောင့် စာဂိရိ ချက်ချင်းထရပ်ကာ
"တိုခီဝါ စာဂိရိ အကိုတော် ထိမိုယွမ်ဆီ သွားလိုက်ဦးမယ်။"

ညမိုးချုပ်ပြီ ဖြစ်သောကြောင့် တိုခီဝါ တားလိုက်သည်။
"မနက်မှ သွားလိုက်ပါ သခင်မလေးရယ်။ နန်းတွင်းထဲ ပြောစရာတွေ ဖြစ်ကုန်ပါ့မယ်။"

စာဂိရိက နုတ်ခမ်းစူကာ
"တိုခီဝါကတော့ အမျိုးမျိုးပဲ။ ခုနက အကိုတော်ကို ကောင်းကောင်းဆက်ဆံဖို့ ပြောနေပြီးတော့ စာဂိရိ သွားမယ်ဆိုတော့ တားပြန်တယ်။ တော်ပြီ။ မနက်ဖြန်မနက်လည်း မသွားတော့ဘူး။"

တိုခီဝါသည် စာဂိရိ စိတ်ကောက်သွားသဖြင့် ရယ်မောကာ
"ကဲပါ။ သွားမယ်ဆိုရင် မြန်မြန်သွားရအောင်။ စိတ်တော့ မကောက်လိုက်ပါနဲ့ သခင်မလေးရယ်။"

စာဂိရိ ပြုံးသွားကာ ချက်ခြင်း တိုခီဝါနှင့်ထွက်လာခဲ့သည်။

ထိမိုယွမ်သည် နိုရုန်းနှင့် အဆောင်တွင် အလုပ်အကြောင်းဆွေးနွေးနေစဉ် လူပျိုတော်သားက သတင်းပို့လာသည်။
"အာနန်မင်းသမီး တွေ့ခွင့်တောင်းပါတယ် အရှင်"

ထိမိုယွမ် ချက်ချင်းထရပ်ကာ စာကြည့်ခန်းအပြင်သို့ ခြေလှမ်းကျဲကြီးဖြင့် လှမ်းထွက်လာခဲ့သည်။ ဘာများဖြစ်လို့လဲဟု စိုးရိမ်သွားသည်။ အပြင်တွင် စာဂိရိ သည်တိုခီဝါနှင့် အတူစောင့်နေသည်။
"စာဂိရိ ဘာဖြစ်လို့လဲ။ အရေးကြီး ကိစ္စရှိလို့လား။'

"ဟင့်အင်း။ ဘာမှမဖြစ်ပါဘူး။ စာဂိရိ အကိုတော်ကို တွေ့ချင်လို့လာတာပါ။ အကိုတော် မလာတာ ကြာလို့ နေမကောင်းလို့လားလို့ လာကြည့်တာပါ။ အကိုတော် အလုပ်ရှုပ်နေရင် စာဂိရိ ပြန်တော့ မယ်"

ထိမိုယွမ်၏ မျက်နှာ မှိုရသလိုပြုံးသွားပြီး စာဂိရိ၏ လက်ကိုလှမ်းဆွဲကာ
"ကိုယ့်ကို သတိရလို့လာတာပေါ့ ဟုတ်လား။"

စာဂိရိ သည်သူ့လက်ထဲမှ ရုန်းသော်လည်း သူကလွှတ်မပေးတော့ပေ။ စာကြည့်ခန်းထဲမှ နိုရုန်းကို လှမ်းအော်ပြောလိုက်သည်။

"နိုရုန်းရေ။ ပြန်တော့။ ကျူပ်အခု မအားတော့ဘူး။ "

နိုရုန်းက ထွက်လာပြီး ရယ်ရယ်မောမောဖြင့်
"ကောင်းပါပြီ အရှင်မင်းသားရယ်။ မနှောက်ယှက်တော့ပါဘူး။ ခဏကတော့ မျက်စိပျက် မျက်နှာ ပျက်နဲ့။ ခုများတော့ဗျာ။ မင်းသမီးမျက်နှာ မြင်တာနဲ့ နေမကောင်းတောင် ပျောက်သွားပြီပေါ့"

စာဂိရိ ထိုအခါမှ သူ့လက်က ပူနွေးနေသည်ကို သတိပြုမိသည်။ သူ့နဖူးကို ခြေဖျားထောက်ကာ လှမ်းစမ်းပြီး

"ဟင်... ကိုယ်နည်းနည်းပူနေတယ်။ အကိုတော် ဆေးသောက်ပြီးပြီလား။ ဘာစားပြီးပြီလဲဟင်။"

သူက မရယ်မပြုံးဖြင့်
"ဘာမှ စားချင်စိတ်မရှိလို့ မစားဘူး။ ကျုပ်ချစ်ရတဲ့သူက အချိန်ရှိသရွေ့ ကိုယ့်တိုင်းပြည်ပြန်ဖို့ စဉ်းစားနေလို့ ကျူပ်စိတ်ရှုပ်နေတယ်။ "

စာဂိရိက မလုံမလဲ ပြုံးကာ
"အကိုတော် အပြင်ကနေ တိတ်တိတ်လေး နားထောင်နေတာပေါ့နော်။ စာဂိရိက အကိုတော် စာဂိရိကို စိတ်ကုန်သွားရင် ပြန်မယ်လို့ပြောတာပါ။ "

ထိမိုယွမ်သည် စာဂိရိ၏ ကိုယ်လေးကို ပွေ့ချီကာ ဖျစ်ညစ်ပြီး
"မင်းလေးကို ကျူပ် ဘယ်လိုစိတ်ကုန်နိုင်မှာလဲကွာ။ ချစ်လွန်းလို့ စစ်ခင်းပြီးယူခဲ့ရတဲ့ ချစ်သူလေးကို။ ခုတောင် ကျုပ် ချစ်လို့မ၀သေးဘူး။လာပါဦး။ ကိုယ် စာဂိရိကို လွမ်းလှပြီ။"

စာဂိရိ အလန့်တကြားလေးဖြစ်သွားသည်။
"အိုး... အကိုတော်။ တိုခီဝါ ရှိတယ်။"

သူက ရယ်မောကာ
"နိုရုန်းနဲ့ တိုခီဝါက ထွက်သွားတာ ကြာလှပြီ။ ခု ကိုယ်တို့နှစ်ယောက်ထဲပဲ ရှိတော့တယ်။ မငြင်းနဲ့တော့ ချစ်သူလေးရယ်။"

သူ့အနမ်းအောက်ဝယ် စာဂိရိ၏ စကားသံတို့ပျောက်ဆုံးသွားရတော့သည်။ စာဂိရိ အဆောင်သို့ပြန် သွားပြီးနောက် ထိမိုယွမ်သည် ခွန်အားအပြည့်ဖြင့် ဖတ်စရာရှိသည်ကို ဆက်ဖတ်နေလိုက်သည်။ ချစ်သူ့အပြုံးက ထိမိုယွမ်အတွက် ခွန်အားတစ်ခုဖြစ်သည်။

တင်ဂီရိ ရောက်လာသောအခါ စာဂိရိထံ ခဏသွားတွေ့ပြီး စုံစမ်းရေးကို ဆက်တိုက်လုပ်ရသည်။ စစ်တပ်များအတွင်း သွားရောက်စုံစမ်းရသည်။ မြို့အနံ့ ၊ ရွာအနှံ့သွားကာ စစ်မှုထမ်းရင်း သေဆုံး သွားသော စစ်သည်တော်မိသားစု လျော်ကြေးရမရကို စုံစမ်းရသည်။ ကျန်ရစ်သည့် သားသမီးများ ဘယ်လို အသက်ဆက်ရှင်သန်သွားရသည်ကိုလည်း စုံစမ်းသည်။

အမှန်တရားကို ခက်ခဲစွာ စုံစမ်းဖော်ထုတ်နိုင်ခဲ့လေပြီ။ နောက်ဆုံး နန်ကျောင်စစ်တပ်မှစစ်မှုထမ်းရင်း ဖျားနာသေဆုံးသွားပြီး လျော်ကြေးငွေမရဘဲ ဇာတိရပ်ရွာသို့ထွက်ခွာသွားပြီး ပင်ပန်းဆင်းရဲစွာ အသက်မွေးနေရသော စစ်သည်တော်များ၏ သားသမီး တစ်ရာကျော်ကို စာရင်းအတိအကျ ကောက်ယူရရှိပြီး မင်းကြီးထံတင်ပြနိုင်သောအခါမှ တင်ဂီရိတို့ သက်ပြင်းချနို်င်တော့သည်။

ခန်မင်းကြီးသည် ထိုစာရင်းကို ကြည့်ကာ ဒေါသပြင်းစွာထွက်လာသည်။ အမတ်ချုပ်ကြီးကို ပြင်းထန် စွာပြစ်တင်ကြိမ်းမောင်းကာ ထိုကလေးများကို ထောက်ပံ့ကြေးပေးကာ ပညာသင်ပေးရန်စီစဉ်စေ သည်။ ထို့အပြင် ထိုကလေးများကို စစ်သည်တော်ကောင်းများဖြစ်ရန် ငယ်ကတည်းက ပုံသွင်းပေး ရန် အိမ်ရှေ့မင်းသားကို တာဝန်ပေးလိုက်သည်။

အမတ်ချုပ်ကြီးနှင့်အဖွဲ့က မိမိတို့ဘက်မှ ရှုံးနိမ့်မှုကြောင့် အသာလျှိုကာ နေလိုက်ရသည်။ အိမ်ရှေ့မင်းသားနှင့် မိတ်ဆွေများသည် ပျော်တပြုံးပြုံးဖြင့် ညီလာခံခန်းမမှ ထွက်လာကြသည်။ ထိမိုယွမ်သည် မတွေ့ရတာကြာပြီဖြစ်သော စာဂိရိထံသွားမည်ကြံထားသဖြင့် ခြေလှမ်းများက အထူး သွက်လို့နေသည်။ နိုရုန်းက အကြောင်းသိဖြစ်သောကြောင့် မင်းသားဘာကြောင့်ပြုံးနေသည်ကို သိနေသည်။

'မင်းသား .. အဆောင်တန်းပြန်မှာလား။'

'စာဂိရိဆီ ခဏသွားလိုက်ဦးမယ်။ '

'မတွေ့ရတာကြာပြီဆိုတော့ မင်းသားရဲ့ ခြေလှမ်းတွေ သိပ်သွက်နေတယ်ပေါ့။'

'ဒါပေါ့ နိုရုန်းရ။ ကိုယ်ချစ်တဲ့သူကို တွေ့ရမှာဆိုတော့ သွက်နေတာပေါ့။ မင်းကတော့ ဒါတွေ သိမှာ မဟုတ်ပါဘူးကွာ။ တကယ်ချစ်ရတဲ့သူ မတွေ့သေးတော့...ဟား...ဟား...'

ထိမိုယွမ်နှင့် နိုရုန်းတို့ လွတ်လပ်ပေါ့ပါးစွာ စနောက်နေစဉ် အတူပြန်လာသော မင်းသား၏ ဦးရီးတော် အမတ်ကြီးတစ်ဦးက ရုတ်တရက်မေးလိုက်သည်။

"တူတော် မင်းသားက အာနန်ပြည်က ပြိုင်စံရှားအလှမင်းသမီးလေးနဲ့ စေ့စပ်ထားတာ။ ဦးရီးတော် လည်း နေပြည်တော်ကို အခုမှ ရောက်ဖြစ်တာဆိုတော့ တခါမှ အာနန်မင်းသမီးကို မတွေ့ဖူးသေး ဘူး။ အတော်ပဲ။ အခု ဦးရီးတော်ပါ တခါတည်းလိုက်ပြီး တူမတော်ကို နူတ်ဆက်လိုက်ဦးမယ်။ "

ထိုဦးရီးတော်မှာ စာပေပညာနှံ့စပ်ကျွမ်းကျင်ပြီး ထိမိုယွမ် မယ်တော်၏ မောင်အရင်းဖြစ်သောကြောင့် ထိမိုယွမ် ငြင်းရခက်သွားသည်။ စာဂိရိ ခုတလော ယောက်ျားလေးလို ၀တ်နေသည်လို့ကြားတော့ မတော် ဦးရီးတော် လိုက်လာခိုက် တွေ့သွားလျှင် အလိမ်ပေါ်သွားမည်ကို စိုးသဖြင့်

"မဟုတ်တာ ဦးရီးတော်.... မနက်ဖြန် တူတော် စာဂိရိကို ခေါ်ပြီး ဦးရီးတော်ဆီ ဂါရ၀လာပြုမှာပေါ့။ "

"ရပါတယ်ကွာ။ ထုံးစံတွေလုပ်မနေပါနဲ့။ တူတော်ကို အများကြီးပြောင်းလဲသွားစေတဲ့ မင်းသမီးကို ဦးရီးတော် မမြင်ခင်ကတည်းက သတင်းကြားပြီး ချစ်နေပြီးသား။ ဒါကြောင့် ခုပဲသွားကြတာပေါ့။ ပြီးတော့ ဦးရီးတော်က မနက်ဖြန်မနက်ဆိုရင် ပြန်တော့မယ်။ မင်းရဲ့ ခမည်းတော်က ဦးရီးတော်ကို တာဝန် အသစ်ပေးလိုက်သေးတယ်။"

ထိမိုယွမ် ငြင်းမရသဖြင့် ဦးရီးတော်ကို ခေါ်ကာ စာဂိရိ အဆောင်ကိုထွက်လာခဲ့သည်။ နိုရုန်းက အခြေ နေကိုရိပ်မိကာ မင်းသားကို နူတ်ဆက်ကာ အသာထွက်သွားလိုက်သည်။ စာဂိရိအဆောင်သို့ပြေးကာ
သတင်းပို့ထားလိုက်သည်။

စာဂိရိမှာ သူလာမည်ဖြစ်သောကြောင့် ယောက်ျားလေးလို ဆံပင်ကို ထုံးဖွဲ့ကာ အသေအချာပြင်ဆင် ၀တ်စားထားသည်။ ဆရာနိုရုန်းအကြောင်းကြားလာသောအခါ ဘယ်လိုမှ မိန်းကလေးလို ပြန်ပြင်ဖို့ အချိန်မရတော့ပေ။ ထို့ကြောင့် စာဂိရိ ယောက်ျားလေးလိုပင် ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

အဆောင်ထဲတွင် မိမိတို့ အာနန်ပြည်မှာ အပျိုတော်များကို သေချာမှာကြားထားသည်။ တိုခီဝါမှာ ခြေဖျားလက်ဖျားများအေးစက်နေအောင် ကြောက်နေမိသည်။ စာဂိရိကတော့ အသက်ကို ၀၀ရှူကာ စိတ်အေးအေးထားပြီး စောင့်နေလိုက်သည်။

ထိမိုယွမ်သည် အဆောင်ထဲဝင်လာခိုက် စာဂိရိကို ယောကျာ်းပုံဖြင့် မြင်လိုက်စဉ် အံ့သြသွားသည်။
စာဂိရိက ဂါရ၀ပြုကာ
" ဦးရီးတော်ကို ဂါရ၀ပြုပါတယ်။ မင်းသားကို ဂါရ၀ပြုပါတယ်။"

ဦးရီးတော်က ရုပ်ရည်ချောမွေ့လှသော လူငယ်လေးကို ကြည့်ကာ အံ့အားသင့်နေသည်။ စာဂိရိ၏ အမျိုးအဆွေဟုထင်ကာ
"မင်းက စာဂိရိရဲ့ မောင်လေးလား။"

ထိမိုယွမ်က အလိုက်သင့်ဖြေရန် မျက်ရိပ်ပြလိုက်သဖြင့် စာဂိရိက
"ဟုတ်ပါတယ် ဦးရီးတော်။ အစ်မတော်ဆီ အလည်လာတာပါ ခင်ဗျာ။"

"စာဂိရိ ကို ခေါ်လိုက်ပါအုံး။ ဦးရီးတော်ကို လာပြီးဂါရ၀ပြုပါဦးလို့"

"အစ်မတော် နေမကောင်းလို့ သမားတော်ပေးတဲ့ဆေးသောက်ပြီး အိပ်နေပါတယ် အရှင့်သား။ ကျွန်တော် သွားနိုးလိုက်ပါ့မယ်။"
ဦးရီးတော်က သက်ပြင်းချကာ
"နေ...နေ... မနိုးပါနဲ့တော့။ ဦးရီးတော်က အကြောင်းမကြားပဲ လာခဲ့မိတာကိုး။ နေမကောင်းဖြစ်တဲ့ သူကို မနိုးပါနဲ့တော့။ စာဂိရိကို နောက်တခါလာမှပဲ ဦးရီးတော် တွေ့တော့မယ်။ ကဲ..ကဲ.. တူတော် မောင်ရဲ့ အဆောင်ကိုပဲ သွားကြတာပေါ့။ "

စာဂိရိ၏ အဆောင်မှထွက်လာသောအခါမှ ထိမိုယွမ် သက်ပြင်းချမိသည်။ တော်ပါသေးရဲ့။ စာဂိရိက ယောက်ျားလေးလို ပီပြင်စွာပြောဆိုနိုင်သောကြောင့် အလိမ်မပေါ်သွားပေ။ ထိမိုယွမ်၏ မျက်လုံးထဲ တွင် စာဂိရိ၏ ချစ်စဖွယ်ပုံလေးကို မြင်ယောင်နေမိသည်။

ပြီးမှ စာဂိရိထံ သွားမည်ဟုတေးထားလိုက်သည်။ ထိမိုယွမ်သည် ဦးရီးတော်နှင့် ညစာစားပြီး အရက်နဲနဲ သောက်ကာ စကားပြောနေကြသည်။ ဦးရီးတော်နှင့် နိုရုန်းတို့စာပေအကြောင်း အသည်းအသန် ဆွေးနွေးနေကြစဉ် ထိမိုယွမ် ခဏလစ်ထွက်လာခဲ့သည်။
"စာဂိရိ..."

"ဟင်... အကိုတော်... ဘယ်လိုလာခဲ့တာလဲ။ "

"ကိုယ် ဦးရီးတော်ကို ဧည့်ခံရင်း စာဂိရိကို သတိရလို့ခိုးလာခဲ့တာ။ "

'ဦးရီးတော် ရိပ်မိသွားသေးလား။'

ထိမိုယွမ်က ရယ်မောကာ
'ကိုယ့် အချစ်လေးက ယောက်ျားလေးလို ဒီလောက်ပီပီပြင်ပြင်ပြောနိုင်မယ်လို့ မထင်ထားမိဘူး။ ဦးရီးတော်က မရိပ်မိပါဘူး။ အာနန်ပြည်က ယောက်ျားလေးတွေတောင် ဒီလောက်ကြည့်ကောင်းတာ စာဂိရိဆိုလည်း အရမ်းလှမယ်ဆိုတာ သူသိတယ်လို့ပြောသွားသေးတယ်။ လာပါဦး.. ကိုယ့်ဆီကို.. '

စာဂိရိ သူ့ရင်ခွင်ထဲ အလိုက်သင့် နေပြီး
'အကိုတော် ကောင်းကောင်းမတွေ့လိုက်ရဘူးပေါ့။'

'တွေ့လိုက်ရပါတယ်ဗျာ။ သိပ်လိုက်တာပဲ။ ပင်းပင်းသာ မြင်သွားရင် စာဂိရိ ကိုချစ်သွားမှာသေချာ တယ်။'
စာဂိရိ သဘောကျစွာ ရယ်မောမိသည်။ တဖြည်းဖြည်းနှင့် ထိမိုယွမ်မင်းသား၏ စကားများက စာဂိရိ ကို လွှမ်းမိုးလာနိုင်သည်ကို စာဂိရိ ကိုယ့်ကိုယ်ကိုယ် သတိမထားမိလိုက်ပေ။ စာဂိရိ သူ့ရင်ခွင်ထဲ တိုးဝင်ကာ ဖက်ထားမိလိုက်သည်။
သူကတော့ စာဂိရိကို တွေ့သည်နှင့် ကဲတော့ သည်းတော့သည်။ သူ့အနမ်းများဝယ် စာဂိရိ အလိုက်သင့် မျှောပါသွားတော့သည်။

~ ဆက်ရန်

ပန်းပွင့်သတို့သမီးDove le storie prendono vita. Scoprilo ora