ပန်းပွင့်သတို့သမီး
အပိုင်း (၈)
နန်ကျောင်နန်းတွင်းသို့ရောက်သော် စာဂိရိကို အိမ်ရှေ့မင်းသားနန်းဆောင်နှင့် အနီးဆုံးအဆောင်တွင် နေရာချ ပေး၏။ တင်ဂီရိသည် စာဂိရိ၏ နန်းဆောင်ကို အသေးစိတ်လှည့်ပတ်ကြည့်ရှူကာ စိတ်တိုင်းမကျသည့်နေရာတွင် ပါလာသော လက်သမားများဖြင့် ပြန်ပြင်ပေး၏။ စာဂိရိ၏ လျို့ဝှက်ချက်ကို နန်ကျောင်နန်းတွင်းမှ မသိအောင် လုံခြုံသော နန်းဆောင်တစ်ခုကို ဖန်တီးပေးနေခြင်းဖြစ်သည်။ အဆောင်ထဲရှိဥယျာဉ်ထဲတွင် စာဂိရိ နှင့် ဓါတ် မတည့်သော အပင်များကို နူတ်ပြစ်ပြီး စာဂိရိ နှစ်သက်သော ပန်းပင် နှင့် အပင်များကို ပြန်စိုက်ပေးသည်။
စာဂိရိ နှစ်သက်သော ရေကန်ကိုတူးပေးပြီး ယူဆောင်လာသောရွှေငါးများကို ထည့်ပေး၏။ အာနန်ပြည်ရှိ စာဂိရိ ၏ အဆောင်နှင့် တတ်နိုင်သမျှ တူအောင်ပြန်တည်ဆောက်ပေး၏။ ထိမိုယွမ်မင်းသား၏ အမိန့်ဖြင့် တင်ဂီရိ မင်းသား လိုသည့်အရာအားလုံး ပေးရန်အမိန့်ထုတ်ထားသဖြင့် တင်ဂီရိသည် ညီတော်၏ နန်းဆောင်ကို စိတ်တိုင်းကျ ဆောက်ပေးနိုင်ခြင်းဖြစ်သည်။
ထိမိုခန်မင်းကြီးသည် သားတော်သေလုမျောပါးလိုချင်သည့် ချွေးမလောင်းလေးကို ကြည့်ကာ သူမ၏ အလှတရား ကို ချီးမွန်းမိသည်။ စာဂိရိမင်းသမီးသည် နာမည်ကြီးသည့်အတိုင်း နတ်သမီးလေးပမာ လှပလွန်းလှ သူလေးဖြစ် သည်။
ထိမိုယွမ်သည် စာဂိရိ၏ လက်လေးကို တွဲကာ ခမည်းတော်ရှေ့တွင် ပျော်တပြုံးပြုံးဖြစ်နေသည်။ စာဂိရိကတော့ ခန်မင်းကြီးကို ကြောက်နေမိသည်။ မိမိအကြောင်းပေါ်သွားလျှင် ဒီလိုသဘောကောင်းစွာ ပြုံနေမည်မဟုတ်ပေ။
ထိမိုယွမ်သည် စာဂိရိ၏ အတွေးကိုသိသောကြောင်း လက်လေးကို ဖျစ်ညစ်ကာ ပြုံးကာ အားပေး၏။
'ဘာမှမပူပါနဲ့။ ကိုယ်တစ်ယောက်လုံးရှိပါတယ်။ ခမည်းတော်က စာဂိရိရဲ့ ခမည်းတော်ဖြစ်သွားပြီလေ။ ဘာမှ မကြောက်နဲ့နော်။'
ခန်မင်းကြီးသည် တခါမှမတွေ့ဖူးသော သားတော်၏ နူးညံ့သောမျက်နှာထားနှင့်လေသံကြောင့် သဘောကျစွာ ရယ်မောကာ
'ဟား..ဟား...ဟား... အခုမှ သားတော်ကို နိုင်တဲ့သူ ပေါ်တော့တယ်။ ကောင်းတယ်။ သားတော်လည်း မကြာခင် လက်ထပ်တော့မှာဆိုတော့ အရာရာကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်သင့်ပြီ။ မနက်ဖြန်ကစပြီး ခမည်းတော်ဆီမှာ တိုင်းပြည်ရေးကိစ္စကို သင်ယူပါ။ သားတော်က အတော်ဆုံးဖြစ်မှ သားတော်ချစ်တဲ့သူတွေကို ကာကွယ်ပေးနိုင်လိမ့်မယ်'
ထိမိုယွမ်သည် စာဂိရိကို လွတ်လပ်သောဘ၀ ကိုပေးမည်ဟုပြောထားသောကြောင့် ခမည်းတော် ပြောသည်ကို ချက်ချင်းသဘောတူသည်။
'ခမည်းတော် ပြောတဲ့အတိုင်း သားတော် မနက်ဖြန်ကစပြီး သင်ယူပါ့မယ်။ သားတော် စာဂိရိ ကိုချစ်တယ်။ စာဂိရိအတွက် ပြီးပြည့်စုံတဲ့ဘ၀ကို ပေးနိုင်အောင် သားတော်ကြိုးစားပါ့မယ် ခမည်းတော်ဘုရား။'
ထိမိုခန်မင်းကြီးသည် အပြောင်းလဲကြီးပြောင်းလဲသွားသော သားတော်ကြောင့် ပျော်တပြုံးပြုံးဖြစ်နေသည်။ ထို့ကြောင့် စာဂိရိအား လိုလေသေးမရှိ ထားရန် သားတော်ကို ပြောထားလိုက်သည်။ နန်းတော်အတွင်းတွင်လည်း အိမ်ရှေ့စံမိဘုရားလောင်းကို မည်သူမှ မလေးမစား မလုပ်ရန် အမိန့်ထုတ်ထားသည်။
ထိမိုယွမ်သည် စာဂိရိအား အရမ်းမြတ်နိုးလှသောကြောင့် ယခင်လို ပေါ့ပေါ့ဆဆဖြင့် အပျော်ပါးလိုက်စားခြင်းတို့ကို မပြုလုပ်တော့ပဲ တိုင်းပြည်အုပ်ချုပ်ရေးများတွင် ခမည်းတော်မင်းကြီးကို ကူညီလုပ်ကိုင်ပေး၏။စာဂိရိ အတွက် လိုလေသေးမရှိ ဆောင်ရွက်ပေးသည်။ လက်မထပ်ရသေးသောကြောင့် စာဂိရိ၏ အဆောင်ကို ညတရားဝင်သွား ခွင့်မရှိသော်လည်း နေ့လည်စာ၊ညစာများကို စာဂိရိနှင့် အတူစား၏။
အာနန်ပြည်မှ ထွက်ခွာခဲ့ကတည်းက စာဂိရိ၏ ဘ၀သည် နန်ကျောင်အိမ်ရှေ့မင်းသား၏ မိဖုရားလောင်း အဖြစ်သို့ ပြောင်းလဲခဲ့လေပြီ။ နန်ကျောင် နန်းတော်တွင် မိမိ မည်သို့နေထိုင် ရမည်ကို မသိတော့ပေ။ နန်းတွင်းသူများ၏ အလည်တွင် မိမိ၏ လျှို့ဝှက်ချက် ပေါ်သွားပါက သေဒဏ်ပေးခံရမည်ဖြစ်သည်။ မိမိတွင် သူကလွဲပြီး အားကိုးစရာ မရှိတော့ပေ။
ထိမိုယွမ်သည် စာဂိရိကို ရအောင်ခေါ်လာနိုင်သဖြင့် ပျော်မဆုံးအောင်မြူးကြွနေသည်။ တင်ဂီရိမင်းသား ကိုယ်တိုင် စာဂိရိကို နေပြည်တော်သို့လိုက်ပို့ပေး၏။ စာဂိရိနှင့် စေ့စပ်ပြီး ကတည်းက ထိမိုယွမ်ကို ခါတိုင်းကဲ့သို့ ရင်းနှီးစွာ ပြောဆိုဆက်ဆံခြင်း မပြုတော့ပေ။ စာဂိရိပေါ် ကျူးလွန်ခဲ့သည့် ထိမိုယွမ်၏ မျက်နှာကို ထိုးပြစ်ချင် စိတ်ကို မနည်းချူပ်တည်းထား ရသဖြင့် မျက်နှာထား တင်းနေ၏။ ထိမိုယွမ်ကတော့ စာဂီရိကို ချစ်ရသူဖြစ်သော ကြောင့် တင်ဂီရိကို မျက်နှာချိုသွေးကာ ခေါ်ပြောနူတ်ဆက်သည်။
နန်ကျောင်နန်းတွင်းသို့ရောက်သော် စာဂိရိကို အိမ်ရှေ့မင်းသားနန်းဆောင်နှင့် အနီးဆုံး အဆောင် တွင် နေရာချ ပေး၏။ တင်ဂီရိသည် စာဂိရိ၏ နန်းဆောင်ကို အသေးစိတ် လှည့်ပတ်ကြည့်ရှူကာ စိတ်တိုင်းမကျသည့်နေရာတွင် ပါလာသော လက်သမားများဖြင့် ပြန်ပြင်ပေး၏။ စာဂိရိ၏ လျို့ဝှက်ချက် ကို နန်ကျောင်နန်းတွင်းမှ မသိအောင် လုံခြုံသော နန်းဆောင် တစ်ခုကို ဖန်တီးပေး နေခြင်းဖြစ်သည်။ အဆောင်ထဲရှိဥယျာဉ်ထဲတွင် စာဂိရိ နှင့် ဓါတ် မတည့်သော အပင်များကို နူတ်ပြစ်ပြီး စာဂိရိ နှစ်သက်သော ပန်းပင် နှင့် အပင်များကို ပြန်စိုက် ပေးသည်။
စာဂိရိ နှစ်သက်သော ရေကန်ကိုတူးပေးပြီး ယူဆောင်လာသောရွှေငါးများကို ထည့်ပေး၏။ အာနန်ပြည်ရှိ စာဂိရိ ၏ အဆောင်နှင့် တတ်နိုင်သမျှ တူအောင်ပြန်တည်ဆောက်ပေး၏။ ထိမိုယွမ်မင်းသား၏ အမိန့်ဖြင့် တင်ဂီရိ မင်းသား လိုသည့်အရာအားလုံး ပေးရန်အမိန့်ထုတ်ထား သဖြင့် တင်ဂီရိသည် ညီတော်၏ နန်းဆောင်ကို စိတ်တိုင်းကျ ဆောက်ပေးနိုင်ခြင်းဖြစ်သည်။
ထိမိုခန်မင်းကြီးသည် သားတော်သေလုမျောပါးလိုချင်သည့် ချွေးမလောင်းလေးကို ကြည့်ကာ သူမ၏ အလှတရား ကို ချီးမွန်းမိသည်။ စာဂိရိမင်းသမီးသည် နာမည်ကြီးသည့်အတိုင်း နတ်သမီး လေးပမာ လှပလွန်းလှ သူလေးဖြစ် သည်။
ထိမိုယွမ်သည် စာဂိရိ၏ လက်လေးကို တွဲကာ ခမည်းတော်ရှေ့တွင် ပျော်တပြုံးပြုံးဖြစ်နေသည်။ စာဂိရိကတော့ ခန်မင်းကြီးကို ကြောက်နေမိသည်။ မိမိအကြောင်းပေါ်သွားလျှင် ဒီလို သဘော ကောင်းစွာ ပြုံးနေမည်မဟုတ်ပေ။
ထိမိုယွမ်သည် စာဂိရိ၏ အတွေးကိုသိသောကြောင်း လက်လေးကို ဖျစ်ညစ်ကာ ပြုံးကာ အားပေး၏။
'ဘာမှမပူပါနဲ့။ ကိုယ်တစ်ယောက်လုံးရှိပါတယ်။ ခမည်းတော်က စာဂိရိရဲ့ ခမည်းတော် ဖြစ်သွား ပြီလေ။ ဘာမှ မကြောက်နဲ့နော်။'
ခန်မင်းကြီးသည် တခါမှမတွေ့ဖူးသော သားတော်၏ နူးညံ့သောမျက်နှာထားနှင့်လေသံကြောင့် သဘောကျစွာ ရယ်မောကာ
'ဟား..ဟား...ဟား... အခုမှ သားတော်ကို နိုင်တဲ့သူ ပေါ်တော့တယ်။ ကောင်းတယ်။ သားတော်
လည်း မကြာခင် လက်ထပ်တော့မှာဆိုတော့ အရာရာကို တည်တည်ငြိမ်ငြိမ်နဲ့ အလုပ် လုပ်သင့်ပြီ။ မနက်ဖြန်ကစပြီး ခမည်းတော်ဆီမှာ တိုင်းပြည်ရေးကိစ္စကို သင်ယူပါ။ သားတော်က အတော်ဆုံးဖြစ်မှ သားတော်ချစ်တဲ့သူတွေကို ကာကွယ်ပေးနိုင်လိမ့်မယ်'
ထိမိုယွမ်သည် စာဂိရိကို လွတ်လပ်သောဘ၀ ကိုပေးမည်ဟုပြောထားသောကြောင့် ခမည်းတော် ပြောသည်ကို ချက်ချင်းသဘောတူသည်။
'ခမည်းတော် ပြောတဲ့အတိုင်း သားတော် မနက်ဖြန်ကစပြီး သင်ယူပါ့မယ်။ သားတော် စာဂိရိ ကိုချစ်တယ်။ စာဂိရိအတွက် ပြီးပြည့်စုံတဲ့ဘ၀ကို ပေးနိုင်အောင် သားတော်ကြိုးစားပါ့မယ် ခမည်းတော်ဘုရား။'
ထိမိုခန်မင်းကြီးသည် အပြောင်းလဲကြီးပြောင်းလဲသွားသော သားတော်ကြောင့် ပျော်တပြုံးပြုံး ဖြစ်နေသည်။ ထို့ကြောင့် စာဂိရိအား လိုလေသေးမရှိ ထားရန် သားတော်ကို ပြောထားလိုက် သည်။ နန်းတော်အတွင်းတွင်လည်း အိမ်ရှေ့စံမိဘုရားလောင်းကို မည်သူမှ မလေးမစား မလုပ်ရန် အမိန့်ထုတ်ထားသည်။
ထိမိုယွမ်သည် စာဂိရိအား အရမ်းမြတ်နိုးလှသောကြောင့် ယခင်လို ပေါ့ပေါ့ဆဆဖြင့် အပျော်ပါး လိုက်စားခြင်းတို့ကို မပြုလုပ်တော့ပဲ တိုင်းပြည်အုပ်ချုပ်ရေးများတွင် ခမည်းတော်မင်းကြီးကို ကူညီ လုပ်ကိုင်ပေး၏။စာဂိရိ အတွက် လိုလေသေးမရှိ ဆောင်ရွက်ပေးသည်။ လက်မထပ်ရသေး သောကြောင့် စာဂိရိ၏ အဆောင်ကို ညတရားဝင်သွား ခွင့်မရှိသော်လည်း နေ့လည်စာ၊ ညစာများ ကို စာဂိရိနှင့် အတူစား၏။
တင်ဂီရိ မင်းသားသည် တစ်လခန့် အတူနေပေးပြီး ထိမိုယွမ် မင်းသား၏ အနေအထိုင် ၊အပြော အဆို ကို အကဲခတ် နေသည်။ သူ့တိုင်းပြည်သို့ ရောက်သွားသောကြောင့် စာဂိရိအပေါ် လေသံ မာမာမည်ကိုပင် စိုးရိမ်မိသည်။ ထိမိုယွမ် မင်းသား မြာစွန်သည့် သတင်းများကတော့ နားမဆန့် အောင်ကြားရသောအခါ သက်ပြင်းရှိုက်မိသည်။ မိမိညီလေးကို ယောက်ျားလေးဖြစ်လျက်နှင့် ချစ် လှပါသည်ဆိုပြီး အရယူကာ နောက်ပိုင်း ငြီးငွေ့စွန့်ပစ်သွားလျှင် စာဂိရိ ခံစားရမည်ကို မိမိကြည့် နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ပြန်ခါနီးသူ့ကို ခေါ်ကာ နှစ်ယောက်သား သီးသန့် စကား ပြောသည်။
'နောင်တော် ဘာများပြောစရာ ရှိလို့လဲ။ ကျွန်တော့်ကို အားမနာပါနဲ့။ ပွင့်ပွင့် လင်းလင်း ပြောပါ။ နောင်တော်နဲ့ ကျွန်တော်က ညီအစ်ကိုတွေဖြစ်သွားပါပြီ။'
ထိမိုယွမ် အလိုက်တသိ စကားကြောင်းပေးသည်။ တင်ဂီရိသည် စာဂိရိ အတွက် စိုးရိမ်ကာ မိမိကို မှာကြားချင်နေကြောင်းသိသည်။ တင်ဂီရိ နေ့လည်က ရွှေမြို့တော် တစ်လျှောက် သွားရောက် စုံစမ်းပြီးသကာလ ဆောင်ကြာမြိုင်တကာ၊ အရက်ဆိုင်တကာမှ မိမိသတင်းကို ကြားခဲ့မည်ကို သိပြီးဖြစ်သဖြင့် အလိုက်တသိ စကားကြောင်းပေးခြင်းဖြစ်သည်။
မိမိကလည်း စာဂိရိ နှင့် ယခုလိုတွေ့ပြီး ချစ်ခဲ့မည်ကိုသာ သိလျှင် မိမိသောင်းကျန်းပျော်ပါးခဲ့မည် မဟုတ်ပေ။ ယခုတော့ ယောက်ဖတော်၏ အထင်အမြင်သေးခံရတော့ မိမိသောင်းကျန်းခဲ့သည်ကို နောင်တရမိသည်။
'ကျူပ် မင်းကို တစ်ခုမှာ ချင်လို့ပါ။ မင်း စာဂိရိကို မနှစ်သက်တော့ဘူး။ မချစ်တော့ဘူး။ သူ့ကို ငြီးငွေ့သွားခဲ့ရင်၊ သူ့အကြောင်း ပေါ်သွားခဲ့ရင် ကျူပ်ကို အကြောင်းကြားပါ။ ဘယ်လိုအခြေအနေ ကြုံရပါစေ စာဂိရိကို ကျူပ်ပြန်လာခေါ်ပေးပါ့မယ်။ မင်းတို့ ထီးနန်းရေးကို အနှောက်အယှက် မရှိစေရဘူး။ '
ထိမိုယွမ်သည် တင်ဂီရိ၏ မျက်နှာကို စေ့စေ့ကြည့်ကာ
'နောင်တော် စိတ်မပူပါနဲ့။ ဒီလြိုဖစ်စရာ အကြောင်းမရှိပါဘူး။ ညီတော် စာဂိရိကို သေတပန် သက်တဆုံး ပေါင်းသင်းဖို့ လက်ထပ်ခဲ့တာပါ။ ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် စာဂိရိကို လက်မ လွှတ်ဘူး။ တကယ်လို့ အကြောင်းတခုခုကြောင့် စာဂိရိကို ဒီနန်တော်က လက်မခံနိုင်ခဲ့ရင် ညီတော်လည်း စာဂိရိနဲ့အတူ နောင်တော့် တိုင်းပြည်ကို လာခဲ့ပါ့မယ်။ '
'မင်း ပြောသလို မဟုတ်ပဲ စာဂိရိ ကိုစွန့်ပစ်ခဲ့ရင်၊ စာဂိရိ နာကျင်ကြေကွဲရရင် မင်းကို ကျူပ် လက်နဲ့ ကိုယ်တိုင်လာသတ်မယ်။'
ထိမိုယွမ် သည် စာဂိရိကို ချစ်ကာ အသက်ပင်ပေးဝံ့သော တင်ဂီရိ၏ အချစ်ကို အားကျစွာ ငေးမော သွားမိပြီး ပြုံးကာ ကတိပေးလိုက်သည်။
'ကောင်းပါပြီ နောင်တော်။ ကျွန်တော့်ကြောင့် စာဂိရိ နာကျင်ကြေကွဲ ရရင် နောင်တော့်လက်နဲ့ ကျွန်တော် အသေခံပါ့မယ်။'
တင်ဂီရိသည် သက်ပြင်းရှိုက်ပြီး ထိမိုယွမ်ကို တောင်းပန်ဟန်ကြည့်ကာ
'ကျူပ် စကားပြောတင်းမာသွားရင် ခွင့်လွှတ်ပေးပါ။ ကျူပ် စာဂိရိအတွက် စိုးရိမ်ရလွန်းလို့ ရင်ထဲမှာ မီးလောင်သလိုဖြစ်နေလို့ပါ။ ကျူပ်ရဲ့ စာဂိရိကို မင်းလက်ထဲ ယုံယုံကြည်ကြည် အပ်ခဲ့ ပါရစေ။ ကျောင်းတော်မှာ မင်းနဲ့ ကျူပ် ခင်မင်ခဲ့ဖူးတာကို ထောက်ရျူပြီး တစ်ခုတော့ တောင်းဆို ပါရစေ။ စာဂိရိကို ပျော်ရွှင်အောင် ထားပေးပါ။ '
ထိမိုယွမ်သည် တင်ဂီရိကို ရင်းနှီးစွာ သိုင်းဖက်ကာ
'စိတ်ချပါ နောင်တော်။ ကျွန်တော့ အသက်နဲ့ အာမခံပါတယ်။ စာဂိရိ ကိုပျော်အောင်ထားပါ့မယ်။'
တင်ဂီရိသည် သက်ပြင်းရှိုက်ကာ ပြန်ဖက်ထားပြီး
'စာဂိရိ သာပျော်မယ်ဆိုရင် ကျူပ် မင်းကို ကျေးဇူးတင်နေမှပါ။ '
ထိမိုယွမ်သည် တင်ဂီရိ၏ စကားကြောင့် နာကျင်စွာပြုံးမိသည်။ မိမိအတွက် ဒီလို ခြိမ်းခြောက်ပေး မည့်သူ မရှိခဲ့ဖူးပေ။ ဒီလို အကိုကို ပိုင်ဆိုင်ထားသော စာဂိရိကို ထိမိုယွမ် အရမ်းကို အားကျသွား မိသည်။ ထို့ကြောင့် ဒီညီအစ်ကို ထဲတွင် မိမိပါနိုင်အောင် ကြိုးစားနေမိခြင်း ဖြစ်မည်။
တင်ဂီရိ ပြန်သွားပြီးနောက် စာဂိရိ အရမ်းကို ငြိမ်သက်သွားသည်။ နန်းတော်ထဲ သိပ်မထွက်သလို ပွဲလန်းသဘင်ကို ရှောင်ကာ အဆောင်ထဲတွင် ငြိမ်သက်စွာ စာဖတ်နေတတ်သည်။ သူ့အဆောင် ကို မိမိသွားလျှင်တော့ အနည်းငယ် ပျော်သွားဟန်ပေါ်သည်။ နန်ကျောင် နန်းတော်တွင် မိမိသာ လျှင် စာဂိရိ၏ အရင်နှီးဆုံးသူဖြစ်နေသည် မဟုတ်လား။ ထိမိုယွမ်သည် စာဂိရိကို ယခင် ကထက် ကရုစိုက်ပေးသည်။
စာဂိရိသည် အဆောင်ပြင်ကို မထွက်သဖြင့် တနေ့လောက် အပြင်ခေါ်သွားရန် လာခဲ့သည်။
'စာဂိရိ .. မင်း ကို့ အဆောင်ကို မရောက်ဖူးသေဘူး မဟုတ်လား။ ဒီနေ့ ကျူပ် အဆောင်ကို လိုက်ပြမယ် ... လာ....'
စာဂိရိ မျက်လုံးဝိုင်းသွားသည်။
'ကောင်းပါ့မလား။'
'ဘာလို့မကောင်းရမှာလဲ။ စာဂိရိက ကိုယ့် ဇနီးလောင်း။ ကိုယ် အဆောက်ကို အချိန်မရွေး ၀င်ထွက်ခွင့်ရှိတဲ့ တစ်ဦးတည်းသောသူပဲ၊၊ လာ....'
ထိမိုယွမ်သည် စာဂိရိ၏ လက်ကို ဆွဲပြီး ချက်ချင်းထွက်လာခဲ့သည်။ စာဂိရိ နှင့် လက်တွဲကာ အတူထွက်လာသော ထိမိုယွမ်ကို တွေ့သော် နန်းတွင်းသူ၊နန်းတွင်းသားများက အံ့အားသင့်ကာ အရိုသေပေး လမ်းဖယ်ပေးပြီး မိမိတို့ကျော်လွန်သွားလျှင် တီးတိုးပြောနေကြသည်။
ထိမိုယွမ်ကတော့ နန်းတွင်းသားများ၏ အတင်းအဖျင်းကို လုံးလုံး ကရုမစိုက်သော်လည်း စာဂိရိ မှာ နေရခက်ဟန်တူသည်။ မိမိ ဆွဲထားသော လက်ကို ဖြုတ်ရန်ရုန်းသဖြင့်
'စာဂိရိ... နောက်လည်း ဒီလိုတွေ ကြုံရမှာ။ အခု ကတည်းက ကရုမစိုက်ပဲ ကိုယ်လုပ်စရာရှိတာ လုပ်တတ်အောင် လေ့ကျင့်ထားပါ။ ဘယ်သူတွေ ဘာပြောပြော၊ ဘာအကြောင်းနဲ့ဖြစ်ဖြစ် စာဂိရိ ကိုယ်တွဲထားတဲ့ လက်ကို ဖြုတ်စရာမလိုဘူးနော်။ ကိုယ့်လက်ကို တွဲခွင့်ရှိတာ ဒီနန်းတော်ထဲမှာ စာဂိရိ တစ်ယောက်ပဲရှိတယ်ဆိုတာ မမေ့ပါနဲ့။'
သူပြောသည်ကို ကြားသော် စာဂိရိ ရှက်နေသည့်ကြားမှ ရင်ထဲ ကြည်နူးသွားသည်။ ထို့ကြောင့် သူ့လက်ကို ဖြုတ်ပစ်ရန် မကြိုးစားပဲ သူ့အဆောင်အထိ လက်တွဲကာ လာခဲ့သည်။ တိုခီဝါကတော့ အနောက်မှ အပြေးအလွှား လိုက်လာခဲ့သည်။
ထိမိုယွမ်၏ အဆောင်ကိုရောက်သော် စာဂိရိ အံ့အားသင့်သွားသည်။ တန်ဖိုးကြီး ရှေးဟောင်း
ပစ္စည်းများဖြင့် တန်ဆာဆင်ထားမည်ဟု ထင်ထားခဲ့သည်။ လက်တွေ့တွင် သူ့အဆောင်တွင် စာအုပ် များသာ အများဆုံးရှိပြီး ရိုးရှင်းကာ သန့်ရှင်းတောက်ပြောင်နေ၏။
'အဆောင်က အမြင်ရှင်းပြီး ၀င်လာတဲ့သူကို စိတ်အေးချမ်းမှူပေး နိုင်တယ်နော်။ အိုး စာအုပ်တွေ အများကြီးပဲ။ ပန်းချီကားတွေက လှလိုက်တာ... အကိုတော် ဆွဲထားတာလားဟင်...'
စာဂိရိ အံ့သြစွာဖြင့် ပတ်ကြည့်ရင်းပြုံးပျော်နေသည်ကိုတွေ့သော် ထိမိုယွမ် သဘောကျစွာပြန်ဖြေ သည်။
' ဒါ ကိုယ့် မယ်တော် ဆွဲခဲ့တာပါ။ ဒီအဆောင်က မယ်တော် နတ်ရွာမစံခင်က နေခဲ့တဲ့ အဆောင် ပေါ့။ ကိုယ့် မယ်မယ် အရင်က နေခဲ့သလိုပဲ ခမည်းတော်က ထိန်းသိမ်းထားခဲ့တာ။ ကိုယ် ကြီးလာ တော့မှ ဒီအဆောင် ကိုပြောင်းလာခဲ့တာ။ စာဂိရိ ကြိုက်တဲ့စာအုပ်ရှိရင် ယူဖတ်ပါ။'
'တကယ်လား.... စာဂိရိက စာဖတ်ရတာ အရမ်းကြိုက်တယ်။ ခု စာအုပ်တချို့ယူသွားဖတ် လို့ရသလားဟင်....'
ထိမိုယွမ်သည် မျက်နှာလေးဝင်းသွားပြီး ၀မ်းပန်းတသာဖြင့် မိမိ မျက်နှာကိုမော့ကြည့်ကာ
ပြောနေသော စာဂိရိကို ကြည့်ကာ ရင်ထဲကြည်နူးသွားသည်။ မိမိ မျက်နှာကို ယခုလို ရင်းနှီးစွာ စိုက်ကြည့်သည် မှာ ပထမဆုံးဖြစ်သည်။ မိမိကို တွေ့တိုင်းစာဂိရိက ကြောက်ရွံစွာ၊ ရှက်ရွံစွာ မျက်လွှာချလိုက်စမြဲ ဖြစ်သည်။ အပြုံးဖြင့် ကြည်လင်တောက်ပနေသော မျက်ဝန်းတစ်စုံဝယ် ထိမိုယွမ် အရမ်းကို အူယားကာ ပွေ့ဖက်ဝှေ့ရမ်းလိုက်ချင်တော့သည်။
'စာဂိရိ.... ဒီစာအုပ်တွေက မင်းကို ဒီလောက်ပျော်စေတယ် ဆိုတာ ကိုယ်လုံးဝ မသိခဲ့ဘူး။ မင်း စာပေတွေကို အရမ်းနှစ်သက်သလား။'
စာဂိရိ သူ့ကို ပြုံးကြည့်ကာ ခေါင်းငြိမ့်သည်။ စာဂိရိပျော်အောင် ဘာလုပ်ပေးရမည်ကို ထိမိုယွမ် သိသွားလေပြီ။
'မင်း စာရေးတတ်လား စာဂိရိ။'
စာဂိရိ စာအုပ်များကို ကြည့်နေရာမှ ခေါင်းယမ်းပြသည်။ အထိန်းတော်ကြီး တိုခီဝါက ၀င်ဖြေပေး သည်။
'သခင်မလေးကို အိမ်ရှေ့မင်းသားက တခါတလေ သင်ပြပေးတာတော့ရှိပါတယ်။ လှပသေသပ် အောင်တော့ စနစ်တကျ သင်ကြားပေးတာမျိုးတော့ မရှိပါဘူး အရှင့်သား။'
ထိမိုယွမ်သည် စာဂိရိ ၏ လက်လေးကို ဆုပ်ကိုင်ကာ
'မင်း.... စာရေးတတ်ချင်လား စာဂိရိ...'
စာဂိရိ ၏ မျက်လုံးလေးများ ကြယ်ပွင့်လေးများနှယ် အရောင်တဖြတ်ဖြတ်လက်သွားသည်။ သို့သော်လည်း မျက်နှာလေး ညှိုးသွားကာ အသံတိမ်တိမ်နှင့် ပြောရှာသည်။
'တတ်ချင်တယ်.... ဒါပေမယ့် မိန်းကလေးတွေက စာရေးသင်ခွင့်မရှိဘူး မဟုတ်လား။'
ထိမိုယွမ်သည် စာဂိရိ၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ
'မင်းက သာမန် မိန်းကလေး မဟုတ်ဘူး စာဂိရိ။ မင်းက ကျူပ်မိဖုရားလောင်း။ မင်း ဖြစ်ချင်တာ အားလုံး ဖြစ်အောင်လုပ်ပေးမယ်။ မနက်ဖြန်ကစပြီး ကျူပ် မိတ်ဆွေကို မင်းအဆောင်ကို စာရေး သင်ဖို့ လွှတ်ပေးမယ်။ '
စာဂိရိသည် အရမ်းကို ၀မ်းသာသွားပြီး အကိုတော် တင်ဂီရိကို ဖက်သလို သူ့လည်ပင်းကို ခုန်ဖက်ကာ
'တကယ်လားဟင်.... စာဂိရိ အရမ်း ၀မ်းသာတာပဲ အကိုတော်'
ထိမိုယွမ်အံ့အားသင့်သွားသည်။ စာဂိရိ၏ပထမဆုံး အဖက်ခံရခြင်းက ထိမိုယွမ်ကို ရင်တသိမ့်သိမ့် တုန်အောင် ခံစားလိုက်ရသည်။
တိုခီဝါသည် စာဂိရိ၏ အပြုအမှူကြောင့် မျက်လုံးပြူးကာ ပျာပျာသလဲ တားရှာသည်။
'အို...အို .. သခင်မလေး ဒီလို မနေရဘူးလေ။ မိန်းကလေးဆိုတာ အနေအထိုင် သိမ်မွေ့ရတယ်။ သူများတွေမြင်ရင် သခင်မလေး အပြစ်တင်ခံရလိမ့်မယ်။'
ထိမိုယွမ်သည် တိုခီဝါ၏ စကားကို ကြားသော်
'တိုခီဝါ .... စာဂိရိ က ကျူပ်ရဲ့ မိဖုရားပါ။ သူနေတတ်သလို နေပါစေ။ ပြီးတော့ စာဂိရိ ဘယ်သူဆို တာ ကျူပ်သိပြီးသား။ စာဂိရိကို လွတ်လပ်ပျော်ရွှင်တဲ့ ဘ၀ပေးမယ်လို့ နောင်တော်တင်ဂီရီကို ကျူပ် ကတိပေးထားတယ်။စာဂိရိအကြောင်း မကောင်းပြောသူမှန်သမျှ ကျူပ်အပြစ်ပေးလိုက်မယ်'
ထိမိုယွမ်သည် စာဂိရိကို ခါးမှ သိမ်းဖက်ကာ လေထဲဝှေ့ယမ်းလိုက်သည်။
စာဂိရိသည် သဘောကျစွာ တခစ်ခစ် ရယ်မောလိုက်သည်။ ပထမဆုံး ထိမိုယွမ်ကို အကိုတော် တင်ဂီရိ ကဲ့သို့ ရင်းနှီးသလို ခံစားလိုက်ရသည်။
တိုခီဝါသည် ပျော်သလို၊ စိုးရိမ်သလိုဖြင့် စိတ်ရှူပ်ထွေးနေသည်။ စာဂိရိ သခင်မလေးကို ထိမိုယွမ် မင်းသား တကယ်ချစ်ကာ တသက်လုံး ကာကွယ်စောင့်ရှောက်နိုင်ရန် ဆုတောင်းနေမိသည်။
စာဂိရိသည် မိမိအဆောင်တွင် စိတ်လှုပ်ရှားစွာ စောင့်နေမိသည်။ ထိမိုယွမ် မင်းသားမှ စာသင်ပေး မည့်ဆရာလွှတ်ပေးမည်ပြောထားသောကြောင့် မနက်ကတည်းက တမျှော်မျှော် လုပ်နေသည်။
နေ့လည်ချိန်တွင် ထိမိုယွမ် မင်းသားနှင့် လူရွယ်တစ်ဦး အတူရောက်လာ၏။ လူရွယ်မှာစကားပြော ရည်မွန်ကာ စာပေတွင်လည်းနှံ့စပ်ကျွမ်းကျင်သူဖြစ်သည်။ လက်ရေးလက်သားလည်း အလွန်လှပ သူဖြစ်သဖြင့် စာဂိရိ အားကြိုးမာန်တက်ဖြင့် သင်ယူသည်။
~ ဆက်ရန်