ထိမိုယွမ်နိုးတော့ နေ့တပိုင်းကျော်သွားလေပြီ။ ရေချိုးပြီး စာဂိရိ ထံသို့ထွက်လာခဲ့သည်။ စာဂိရိ၏ အဆောင်ကို ၀င်ခွင့်တောင်းသော် စာဂိရိက ၀င်ခွင့်ပြုသဖြင့် ထိမိုယွမ် ပြုံးသွား၏။ တိုခီဝါသည် ထိမိုယွမ်အား စာဂိရိ ရှိရာသို့ ခေါ်လာခဲ့သည်။ စာဂိရိသည် လိုက်ကာတဖက်တွင် ထိုင်မိသည်နှင့် ထိမိုယွမ်က စိုးရိမ်စွာ မေး၏။
'စာဂိရိ ... နှမလေး ဘယ်လိုနေသေးလဲ ... သက်သာရဲ့လား။'
'သက်သာပါတယ်... အရှင့်သား ... ဘာအကြောင်းအရာများ ရှိလို့ပါလဲ ... မိန့်ကြားတော်မူပါ။'
စာဂိရိက သူစိမ်းဆန်ဆန်ပြောသည်ကို ထိမိုယွမ် နားမခံသာတော့သဖြင့် ခပ်ဆတ်ဆတ်လေသံဖြင့်
'ကိုယ့်ချစ်သူစီ လာတာ ဘာအကြောင်းရှိရမှာလဲ .... မင်းကို တွေ့ချင်လို့၊လွမ်းလို့ပေါ့ ....'
'အရှင့်သား ... စကားပြော ဆင်ခြင်တော်မူပါ။ ကျွန်မတို့က ဒီလို ပတ်သတ်မှူမျိုးမရှိခဲ့ပါဘူး ။'
'မနေ့ညကစပြီး ပတ်သတ်ခဲ့ပြီးပြီလေ စာဂိရိ ... မင်း မမေ့နဲ့... မင်းက ကျူပ်ချစ်သူ ။မင်းကို ကျူပ်ပဲ ပိုင်တယ်'
'အရှင့်သား ... တော်ပါတော့ ... ကျွန်တော် ဘာဆိုတာလည်း သိပြီးပြီ။ ကျွန်တော့်ကို လွှတ်ပေးပါတော့ ... အရှင့်သား တောင်းဆိုတာလည်း လိုက်လျောပြီးပြီ။'
စာဂိရိ ခံပြင်းစွာပြောသည်။ ယောက်ျားလေးဖြစ်သည်ကို သိလျက်နှင့် သူ လိုတာ ရအောင်ယူသွားပြီးသည်ကို ယခု ရှေ့ဆက်တိုးချင်နေသည်။ အကိုတော်တို့သာ သိလျှင် စာဂိရိ သက်ပြင်းရှိုက်မိသည်။
'မင်းကို တစ်ညတာ ကျောရရုံကြံတယ် ထင်နေတာလား စာဂိရိ .. ကျူပ် အချစ်ကို မင်းဘာကြောင့် အထင်သေးရတာလဲ .. ကျူပ်မင်းကို ချစ်တယ်။ မင်းကို လက်ထပ်မယ်လို့ပြောခဲ့ပြီပဲ ..'
'ဘယ်လိုဖြစ်နိုင်မှာလဲ အရှင့်သား ... ယောက်ျားတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တယ်၊ လက်ထပ်တယ် ဆိုတာ . ဘယ်သူမှ မကြားဖူးဘူး။ '
'မင်းမကြားဖူးတာ အများကြီးပါ စာဂိရိ ... မင်းကို ကျူပ် တရားဝင်လက်ထပ်မယ်။ ကျယ်ပြန့်တဲ့လောကကြီးထဲ က လှပတဲ့အရာတွေအားလုံးကို မင်းသိအောင် ကိုယ်ပြပေးပါ့မယ်။ '
စာဂိရိ စိတ်ရှူပ်သွား၏။ ထိမိုယွမ်က မိမိကို ယောက်ျားလေးမှန်းသိလျက်နှင့် လက်ထပ်မည်တဲ့လား။ ခမည်းတော် နှင့် အကိုတော် ဘာပြောမလဲ ဟုတွေးကာ အတင်းငြင်းလိုက်သည်။
'ဟင့်အင်း မဖြစ်နိုင်ဘူး ... အရှင့်သား ၊ တော်ပါတော့။ ကျွန်တော့ဘ၀ကို မနှောက်ယှက်ပါနဲ့တော့။ ကျွန်တော့် ကိုလည်း ရပြီးနေပါပြီ။ တော်ပါတော့ .... ကျွန်တော် အရှင့်သားကို လက်မထပ်နိုင်ဘူး ...'
စာဂိရိ၏ အငြင်းစကားကြောင့် ထိမိုယွမ် ဒေါပွသွားပြီး ထိုင်ရာမှ ၀ုန်းခနဲထကာ စာဂိရိ၏ လိုက်ကာ ကိုဖယ်ပစ်ပြီး အံ့အားသင့်နေသော ချစ်သူလေးကို ရင်ခွင်ထဲ ဆွဲပွေ့ထားပြီး အငြင်းစကားဆိုနေသော နူတ်ခမ်းရဲရဲလေးကို ဖိနမ်းပစ်ကာ
'နောက်တစ်ခါ ထပ်ပြောကြည့်စမ်း ... ဟိုညကထက် ဆိုးသွားစေရမယ် ... '
ထိမိုယွမ်၏ အကြမ်းပတမ်းခြိမ်းခြောက်မှူကြောင့် စာဂိရိ မျက်လုံးဝိုင်းသွားပြီး သူ့ရင်ခွင်မှ အတင်းရုန်းကာ
'လွှတ်ပါ။ အခြွေရံတွေ ရှိတယ် ... လွှတ်ပါ။'
ထိမိုယွမ်သည် ယုန်ကလေးလို ကြောက်ရွံနေသော ကောင်လေးကို ကြင်နာစွာ နမ်းကာ
'သိပါစေ ... မင်းနဲ့ ကိုယ်က ချစ်သူတွေ ဆိုတာ အားလုံးကို သိပါစေ။ မကြာခင် မင်းက ကျူပ်ရဲ့ ဇနီးလောင်း ဖြစ်လာတော့မှပဲ ... မင်းကို ပြောထားပြီးသား စာဂိရိ။ မင်းကို ကျူပ်ရအောင်ယူမယ်။ မင်းကို အသာတကြည် မပေးရင် မင်းတိုင်းပြည်ကို စစ်တိုက်ပြီး ရအောင်ယူမယ်။'
ထိမိုယွမ်၏ စကားကြောင့် စာဂိရိ သူ့ရင်ခွင်ထဲ ပျော့ခွေသွားတော့၏။
'ဘာကြောင့် ကျွန်တော့်ကို ဒီလိုလုပ်ရတာလဲ .... ကျွန်တော် အရှင့်သား ကို ဘာပြစ်မှားမိလို့လဲ ...'
ထိမိုယွမ်သည် စာဂိရိ၏ ယူကြုံးမရမေးဟန်လေးကို သနားကာ ထွေးပွေ့ထားပြီး
'မင်းဘာကြောင့် ဒီလောက်ရိုးသားပြီး လှရတာလဲ စာဂိရိ.... မင်းရဲ့အလှကြောင့် မင်းကို မှမရရင် ကျူပ် ရူးရတော့မယ် ။ ဒါကြောင့် မင်းကို ရအောင်ယူရတာ သိရဲ့လား အချစ်လေး .. အခုကစပြိး ဘာမှမတွေးနဲ့ တော့ ။ မင်းက ကျူပ်ရဲ့ချစ်သူ ။ မင်းကို ကျူပ်ပိုင်သွားပြီ။'
စာဂိရိ ယခုမှ မထွေးနိုင်မအံနိုင် ဖြစ်သွားမိသည်။ ထိမိုယွမ် တကယ်ပြောနေသည်ကို သိသောအခါ သွေးပျက် သွား၏။
စာဂိရိသည် သူ့ရင်ခွင်မှ ရုန်းထွက်ကာ တုန်လှူပ်စွာဖြင့်
'ဟင့်အင်း ... ယောက်ျားချင်း ကျွန်တော် လက်မထပ်နိုင်ဘူး ...'
ထိမိုယွမ်သည် မျက်နှာပျက်ကာ ငြင်းနေသော ပုံစံလေးကို ချစ်စနိုးဖြင့် ပါးလေး လိမ်ဆွဲကာ နားနားကပ်ပြီး
'ဘာလဲ ... စာဂိရိက တိုင်းပြည်တကာကို ယောက်ျားလေးဆိုတာ ကြေငြာတော့မှာပေါ့ ... အင်း .. အာနန် ပြည့်ရှင်မင်းတော့ တိုင်းပြည်တကာအလယ်မှာ အရှက်ရတော့မှာပဲ။ သားတော်ကို သမီးတော်လုပ်ပြီး လူတွေ ကိုလှည့်စားလို့ အပြစ်တင်တော့ခံရမှာပဲ ... သဘောပဲလေ။ စာဂိရိ ကိုယ့်ကို လက်ထပ်ဖို့ အဲဒီလောက် ငြင်းနေ တော့ ... အဲလိုပဲ လုပ်ရုံပေါ့ ....'
ထိမိုယွမ် စာဂိရိကို လွှတ်ပေးလိုက်ပြီး ထိုင်ရာမှ ထကာပြန်ဟန်ပြင်၏။ စာဂိရိသည် ထိမိုယွမ်၏ စကားကြောင့် ငိုမဲ့မဲ့ ဖြစ်သွား၏။
'အရှင့်သား...'
ထိမိုယွမ် သည် စာဂိရိ ဘက်ကို လှည့်ကာ လက်ကမ်းပေးပြီး မျက်နှာထားတည်တည်ဖြင့်
'ဘယ်လိုလဲ ... မင်းကိုယ့် ချစ်သူ အဖြစ်ကို လက်ခံမှာလား။ ငြင်းမှာလား။ လက်ခံရင် ကိုယ့်ဆီလာ ...'
စာဂိရိသည် ငိုမဲ့မဲ့ဖြင့် တွန့်ဆုတ်စွာဖြင့် ထိမိုယွမ်၏ လက်ကို မရဲတရဲနှင့် ဆုပ်ကိုင်လိုက်စဉ် ထိမိုယွမ်သည် သဘောကျစွာရယ်ကာ စာဂိရိ၏ ကိုယ်လေးကို မိမိရင်ခွင်ထဲထိပြိုလဲလာအောင်ဆွဲယူဖက်လိုက်ပြီး လေထဲ ဝှေ့ယမ်း လိုက်သည်။
'အောင်မယ်လေး ...'
စာဂိရိသည် ထိတ်လန့်ပြီး ထိမိုယွမ်၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ပြီး ပုခုံးပေါ် မျက်နှာအုပ် လိုက်သည်။ ဤအမူယာလေးကိုပင် ထိမိုယွမ်က သဘောကျကာ ပါးနှစ်ဖက်ကို နမ်းရှိုက်ပြီး
'ဒါမှ ကိုယ့် အချစ်လေး ... .မှတ်ထားနော် ... ဒီနေ့ကစပြီး ကိုယ့်ကို သူစိမ်းလိုမနေရဘူး။ စာဂိရိ ဘာပဲလုပ်ချင် လုပ်ချင်ကိုယ့်ကို ပြောနော်. ကိုယ်အားလုံးလုပ်ပေးမယ် ....'
စာဂိရိသည် မျက်လုံးချင်းဆိုင်မကြည့်ဝံ့သဖြင့် မျက်နှာလွှဲပြီး
'အရှင့်သား ကျွန်တော့်ကို လွှတ်ပါအုံး ... '
'ဟေး ... ကိုယ့် ချစ်သူကို ဘယ်လိုခေါ်တာလဲ ... မောင်တော်လို့ခေါ်လေ အချစ်လေးရဲ့။ ကိုယ်တို့ကချစ်သူတွေလေ ... ခေါ်ပါအုံး.. မောင်တော်လို့ ...'
ထိမိုယွမ်သည် စာဂိရိ၏ မေးစေ့ကို လက်နှင့်ပင့်မကာ မျက်လုံးကို စိုက်ကြည့်ပြီး သူကြားချင်သည့် စကားကို ဇွတ်ခေါ်ခိုင်းသည်။ စာဂိရိ သည် မျက်နှာရဲ ခနဲဖြစ်သွားပြီး သူ့ကို ဖြတ်ခနဲမော့ကြည့်ကာ
'ဟင့်အင်း ... မခေါ်ရဲဘူး ... '
'ဟား ဘာလို့မခေါ်ရဲရမှာလဲ ... မောင်တော်လို့ခေါ်နော်.. ကိုယ်ကြားချင်လို့ ...'
စာဂိရိ စိတ်ရှူပ်ထွေးကာ မျက်ရည်ဝဲလာ၏။ ထိမိုယွမ်ကို နာကျင်စွာမော့ကြည့်ကာ
'အကိုတော် ... ကျွန်တော့်ကို အဲဒီလောက် အနိုင်မကျင့်ပါနဲ့လား။ နောက်ကျရင် ခေါ်နိုင်ဖို့ကျွန်တော်ကြိုးစားပါ့ မယ်။ အခုတော့ ချက်ချင်း နူတ်က မထွက်ရဲဘူး။ '
ထိမိုယွမ်သည် စာဂိရိ၏ နာကျင်မျက်ရည်ဝဲ သည်ကိုတွေ့သော် စိတ်လျှော့လိုက်ပြီး စာဂိရိကို ရင်ခွင်ထဲ ပွေ့ထားကာ
'တောင်းပန်ပါတယ်. ကိုယ် မင်းကို အနိုင်ကျင့် သလိုဖြစ်သွားတယ်။ ကောင်းပြီလေ။ လောလောဆယ် အကိုတော် လို့ခေါ်ထားလိုက်။ ကိုယ်တို့လက်ထပ်ပြီးရင်တော့ မောင်တော်ပဲ ခေါ်ရမယ်နော်။ '
စာဂိရိ ခေါင်းညိမ့်လိုက်သဖြင့် ထိမိုယွမ် ပြုံးသွားပြီး ပါးလေးနှစ်ဖက်ကို ကြင်နာစွာ နမ်းရှိုက်ကာ လက်တွဲကာ မျက်နှာချင်းဆိုင်ထိုင်ပြီး
'ညက ကိုယ်ကြမ်းသွားတာ တောင်းပန်ပါတယ်။ ကိုယ်က စာဂိရိ ကို လက်လွှတ်မခံနိုင်အောင် ဖြစ်သွားမိလို့ပါ။
နောင်ဆို ကိုယ်ကြင်နာပါ့မယ်။ စာဂိရိ အရမ်းကြောက်သွားမှာပဲ။ ကိုယ် မိန်းကလေး၊ယောက်ျားလေး အများကြီး နဲ့တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် စာဂိရိနဲ့တွေ့မှာ ကိုယ် အချစ်နတ်ဖမ်းစားခံရတော့တယ်။ စာဂိရိလေး .. ကိုယ် စာဂိရိ လေးကို ချစ်တယ်။ သိပ်ချစ်တယ်။ ကိုယ့် ကိုမကြောက်နဲ့တော့နော်။ နောင် စာဂိရိကို ဘယ်တော့မှ နာကျင်အောင် မလုပ်တော့ဘူး။ ကိုယ့် ဘေးမှာသာ စာဂိရိ ရှိရင် ဘာမဆို ကိုယ်လုပ်ပေးမယ်။ဒါ ကိုယ့်ရဲ့ သစ္စာပဲ။'
စာဂိရိသည် ထိမိုယွမ်၏ စကားများကို ကြားသော် တချက်မော့ကြည့်ပြီး တိုးတိုးလေးပြော၏။
'ကျွန်တော့်ကို တကယ်ချစ်ရင် ညီအစ်ကို တော်လိုက်ပါလား။ ကျွန်တော် အိမ်ထောင်မပြုပဲ အကိုတော်ရဲ့နားမှာ နေပေးမှာပေါ့။ ကျွန်တော်လည်း ယောက်ျားလေးဘ၀ ပြန်ရနိုင်တာပေါ့။'
'ဘယ်ဖြစ်မှာလဲ။ မင်းရဲ့မျက်နှာကိုသာတွေ့ရင် ပါရှားနဲ့မွန်ဂိုက ဘယ်အလွတ်ပေးမှာလဲ။ မင်းကို ဘယ်အကောင်ကမှ မပိုင်စေချင်ဘူး။ ကိုယ်တယောက်ပဲ ပိုင်ချင်တယ်။ '
'အကိုတော်ရဲ့မျိုးဆက်ကို ကျွန်တော် မမွေးပေးနိုင်ဘူး။ ဒါကြောင့် ကျွန်တော့်ကို လက်မထပ်ပါနဲ့လား။'
'မျိုးဆက်အတွက် မပူပါနဲ့။ ကိုယ့်ရဲ့ တခြားမိဘုရားတွေက မွေးပေးလိမ့်မယ်။ ကိုယ်က စာဂိရိကို ချစ်လို့ တသက်လုံးအတူနေချင်လို့ လက်ထပ်တာ။ ဘ၀မှာ ကြုံတွေ့မယ့် အလှတရားတွေကို အတူဝေမျှချင်လို့ လက်ထပ်ချင်တာပါ။ ဘာမှ မတွေးနဲ့.။ နောက်ရက် အတူလျှောက်လည်ကြမယ်နော်။ ကိုယ်လာခေါ်မယ်။ စောင့်နေနော်။'
'အကိုတော် တင်ဂီရိ သိသွားမှာကြောက်တယ်။'
စာဂိရိ၏ စကားကိုကြားသော် ထိမိုယွမ်က တင်ဂီရိကို သတိရသွား၏။
'ဟုတ်သားပဲ၊ ယောက်ဖတော်ကို ဒီအကြောင်း ကြိုပြောထားမှ ထင်တယ်။ နောက်မှသိရင် ကိုယ့်ကို စိတ်ဆိုးနေလိမ့်မယ်။ အခုပဲ သွားပြောလိုက်မယ်။'
စာဂိရိ မျက်လုံးပြူးကာ သူ့လက်ကို အမြန်ဆွဲလိုက်ပြီး
'မပြောပါနဲ့။ စာဂိရိ ကြောက်တယ်။ အကိုတော်စိတ်ဆိုးလိမ့်မယ်။'
'မပူပါနဲ့။ ကိုယ်သေချာရှင်းပြလိုက်ပါ့မယ်။ '
'ဟင့်အင်း။ မပြောပါနဲ့။ စာဂိရိ ရှက်လို့ပါ။ '
'ကိုယ့်ခမည်းတော်ဆီက အောင်သွယ်အဖွဲ့ရောက်လာရင် သိမှာပဲ။ ဒါကြောင့် ကိုယ်ပဲ ဖွင့်ပြောလိုက်ပါ့မယ်'
'တောင်းပန်ပါတယ်။ မပြောပါနဲ့။ နောက်မှ သိပါစေ။ ကျွန်တော် တောင်းပန်ပါတယ်'
'ဒါဆို ကိုယ်တို့ လျှောက်လည်ဖို့က ဘယ်လိုလုပ်မှာလဲ....'
'ကျွန်တော် ခိုးထွက်လာပါ့မယ်။ '
ထိမိုယွမ်သည် စာဂိရိ ၏ တောင်းပန်မှူကြောင့် နောက်ဆုံး စိတ်လျှော့လိုက်ပြီး မြို့ပြင်တွင် ဆုံရန်ချိန်းပြီး ပြန်သွား ၏။ သူပြန်သွားမှ တိုခီဝါ အဆောင်ထဲ ၀င်လာဝံ့တော့သည်။
'သခင်လေး ... တကယ်သွားမှာလား။ '
'သွားရတော့မှာပေါ့... မဟုတ်ရင် သူ အကိုတော်ကို သွားပြောလိမ့်မယ်။'
'သခင်လေး ... သူ့ကို လက်ထပ်မှာလား ....'
စာဂိရိ သည် ကူကယ်ရာမဲ့မျက်ဝန်းဖြင့်ကြည့်ကာ ခေါင်းညိမ့်လိုက်သဖြင့် တိုခီဝါ မှာ မျက်နှာကို အုပ်ကာ ငိုကြွေး လိုက်တော့သည်။
'သိပ်လဲ စိတ်မပူပါနဲ့ တိုခီဝါ။ သူက စာဂိရိကို တကယ်ချစ်ပုံရပါတယ်။ '
စာဂိရိ သည် တိုခီဝါကို ဖက်ကာနှစ်သိမ့်ရင်းရောကာ မျက်ရည်ကျမိသည်။ လောလောဆည် နာမည်ကြီး ထိမိုယွမ်မင်းသား၏ ချစ်သူအဖြစ်နေရမည့် အရေးကို တွေးကာ ရင်လေးမိသည်။
ထိမိုယွမ်သည် စာဂိရိနှင့် ချိန်းထားသည့်နေရာတွင် စိတ်လှူပ်ရှားစွာစောင့်နေ၏။ ချစ်သူလာမည့်လမ်းကို မျှော်ရင်း ရင်ခုန်နေမိသည်။ ဒီလိုမျိုးခံစားချက်ကို မိမိ အရင်က လုံးဝ မခံစားခဲ့ဖူးပေ။ ထိုင်လိုက်၊ထလိုက် နှင့် ထိမိုယွမ် သည် လာလမ်းကို ငေးကြည့်နေစဉ် စာဂိရိလာသည်ကို တွေ့လိုက်သည်နှင့် အသည်းထဲ အူထဲထိပါ လှိုက်လှိုက်လှဲလှဲ ၀မ်းသာသွားသည်က ဖော်ပြလို့မရနိုင်အောင်ဖြစ်မိသည်။
'စာဂိရိ ... လာမှလာပါ့မလားလို့ .. မျှော်လိုက်ရတာကွာ ... '
ထိမိုယွမ်သည် ရုပ်ဖျက်ကာ ယောက်ျားလေးလို ၀တ်ထားသော စာဂိရိကို ပွေ့ဖက်ကာ ရွှမ်းရွှမ်းစားစားကြည့်ကာ ပြော၏။ စာဂိရိသည် သူ့လက်ကို အသာဖယ်ကာ
'အကိုတော် နောက်မှာ တိုခီဝါ ပါတယ်။ '
'ပါပါစေ။ ကိုယ်တို့အကြောင်း တိုခီဝါ အားလုံးသိပြီးသားပါ။ မရှက်ပါနဲ့ ချစ်လေးရာ .. လာပါဦး။ ကိုယ့်ရင်ခွင်ထဲ ကို။ ပွေ့ထားပါရစေဦး။ ကိုယ် တစ်ညလုံး စာဂိရိကို လွမ်းနေတာ ..'
'အကိုတော် လျှောက်ပြောတယ်။ ညက အကိုတော်တို့ ဆောင်ကြာမြိုင်ကိုသွားကြတာ စာဂိရိ သိတယ်။ '
ထိမိုယွမ်က တဟားဟားရယ်ကာ
'စာဂိရိက အားလုံးသိတာပဲ။ ဟိုကောင်တွေသွားတာ ကိုယ်က ဟန်မပျက်ပဲ လိုက်သွားတာပါ.။အကိုတော် တင်ဂီရိ လည်းပါတယ်။ သူမရိပ်မိအောင် ဟန်ဆောင်တာပါ။ ကိုယ်က အကမယ်နဲ့ တညလုံးစကားပြောပြီးပြန် ခဲ့တာ။ စာဂိရိ ကိုယ့်ကို သ၀န်တိုတာလားဟင်.. '
'ဟင့်အင်း ... မတိုပါဘူး။ အကိုတော်တို့ မင်းယောက်ျားတွေက မိန်းမ အများကြီး ယူကြတာပဲလေ။'
'ကိုယ်ကတော့ သ၀န်အရမ်းတိုတတ်တယ်. စာဂိရိ နားမှာ တခြားယောက်ျားကိုတွေ့ရင် သတ်မိမှာ။'
ထိမိုယွမ်သည် စာဂိရိကို ရင်ခွင်ထဲ ဆွဲပွေ့ကာ ပြောလိုက်သည်။ စာဂိရိ သူ့မျက်နှာကို မော့ကြည့်သော် အတည်ပြောနေမှန်းသိလိုက်ပြီး စိတ်ထဲတမျိုးခံစားလိုက်ရသည်။
ထိမိုယွမ်သည် စာဂိရိ၏ အေးတိအေးစက်ပုံစံလေးကို အူယားလာပြီး နူတ်ခမ်းလေးကို ငုံခဲလိုက်သည်။
'ဟင့်အင်း အကိုတော် ...'
စာဂိရိက မနေတတ်သဖြင့် သူ့ရင်ဘတ်ကို အသာတွန်းကာ မျက်နှာကို အောက်သို့ငုံ့လိုက်သဖြင့် ထိမိုယွမ်က ပြုံးစနဲ့နဲ့ဖြင့် နားနားကပ်ကာ တိုးတိုးမေး၏။
'ဘာဖြစ်လို့လဲ စာဂိရိ ... ကိုယ်နမ်းတာ မကြိုက်လို့လား ...'
စာဂိရိသည် သူ့ကိုမော့ကြည့်ကာ ရိုးသားစွာပင်ဖြေ၏။
'ကျွန်တော် မနေတတ်ဘူး။ '
ထိမိုယွမ်သည် ဖြူစင်လွန်းသော လူချောလေးကို ပြုံးပြီးကြည့်ကာ
'နောက်ကျရင် အကျင့်ရသွားမှာပါ။ ကိုယ်က ကလေးရဲ့ အချစ်ဦး၊ အနမ်းဦး မဟုတ်လား။'
စာဂိရိ ခေါင်းညိမ့်လိုက်သဖြင့် ထိမိုယွမ် ပျော်သွားပြန်သည်။ မိမိက ချစ်သူလေး၏ နူတ်ခမ်းကို ဦးဦးဖျားဖျား ပိုင်ဆိုင်ရသည်ဆိုတော့ အာနန်ပြည်ကို လာရကြိုးနပ်လေပြီ။
'ကိုယ် စာဂိရိကို အချစ်အကြောင်း အများကြီး သင်ပေးရအုံးမယ်။ ချစ်ခြင်းတရားက အရမ်းလှတယ်ဆိုတာ စာဂိရိ သိသွားအောင်ပြပေးမယ် .'
ထိမိုယွမ်သည် စာဂိရိ၏ မျက်နှာလေးကိုပင့်မကာ နူတ်ခမ်းလေးကို မက်မက်မောမောနမ်းပြန်၏။
စာဂိရိသည် သူ့လက်မှရုန်းသော်လည်း သူက လွှတ်မပေးတော့ပေ။ စာဂိရိကို မျက်နှာအနှံ့နမ်းကာ သူ့နူတ်ခမ်း များက အောက်သို့ဆင်းသွား၏။ လျင်မြန်လှသော သူ့လက်များက စာဂိရိ အကျီ င်္ကို ဖရိုဖရဲဖြစ်အောင်လုပ် လိုက်လေပြီ။ သူ့လက်များက စာဂိရိ၏ ကိုယ်လေးကို ညင်သာစွာ ပွတ်သပ်ပေးရင်း အောက်သို့ဆင်းသွားပြန် ၏။ စာဂိရိသည် အောက်သို့နယ်ကျော်လာသောသူ့အထိအတွေ့ကြောင့် ကြောက်လန့်ကာ သူ့ကို အတင်းတွန်း လိုက်ပြီး
'ဟင့်အင်း ..အကိုတော် ... မလုပ်ပါနဲ့ ...'
ထိမိုယွမ်သည် စာဂိရိ၏ ဖြူဖျော့ကာ ကြောက်လန့်နေသော ပုံစံလေးကို သနားသွားပြီး
'ကလေး .. မကြောက်ပါနဲ့ ... ကိုယ် ကလေးကို ကြင်ကြင်နာနာ ချစ်မှာပါ။ '
စာဂိရိသည် သူ့စကားကြောင့် ထိုတစ်ညက နာကျင်မှူကို ပြန်သတိရပြီး မျက်ရည်စီးကျလာပြီး
'အကိုတော် ... စာဂိရိ တောင်းပန်ပါတယ်... စာဂိရိကို လွှတ်ပေးပါ။ စာဂိရိ ကြောက်လို့ပါ။ အကိုတော်နဲ့ အတူ နေရတာကို မကြိုက်ဘူး။ '
ထိမိုယွမ်သည် စာဂိရိ အရမ်းကြောက်နေသည်ကို တွေ့သော် သနားသွားပြီး စာဂိရိကို ချစ်မည့်အစီအစဉ်ကို လက်လျော့လိုက်သည်။
'စာဂိရိ လေး ။ ကိုယ့်ကို မကြောက်ပါနဲ့။ ကိုယ် စာဂိရိကို ဘာမှ မလုပ်တော့ဘူး။ လာပါဦး။ ကိုယ် စာဂိရိကို ဖက်ရုံပဲဖက်ထားပါရစေ။'
ထိမိုယွမ်သည် စာဂိရိ၏ အ၀တ်အစားများကို နေသားတကျ ပြန်ပြင်ပေးပြီး မိမိဘေးတွင်ထိုင်စေပြီး အသာအယာ ဖက်ထားလိုက်သည်။
'ကိုယ် က စာဂိရိကို ဘယ်တော့မှ နာကျင်အောင် မလုပ်ဘူးလို့ ကတိပေးပါတယ်. ကိုယ် ဒီနေ့ စာဂိရိ ကို လွှတ်ပေးတာ သိပ်ချစ်လို့ဆိုတာ မမေ့နဲ့နော်။ လက်ထပ်ပြီးရင်တော့ မငြင်းရဘူးနော်။ ကိုယ်က စာဂိရိကို ကိုယ့် ပါးစပ်ထဲငုံထားပြီး သွားလေရာ ခေါ်သွားချင်တာ'
စာဂိရိသည် အရဲစွန့်ကာ သိလိုသည်ကို မေးလိုက်သည်။
'အကိုတော် ... စာဂိရိ မရှင်းတာ မေးချင်လို့ ....'
'အင်း ...မေးစေဗျား..'
ထိမိုယွမ်သည် စာဂိရိ ၏ ပုံစံလေးကို ချစ်စနိုးကြည့်ကာ ခွင့်ပေးလိုက်၏။
'အကိုတော် ... စာဂိရိ ကို ဘာကြောင့် လက်ထပ်ချင်ရတာလဲဟင်... စာဂိရိ ယောက်ျားလေးဆိုတာ သိရက်နဲ့.. ဘာကြောင့်ရှေ့ဆက်တိုးချင်ရတာလဲဟင် ... ပြီးတော့ ယောက်ျားလေးချုင်း အတူနေတာ အကိုတော် ဘယ်လို သိတာလဲ .. စာဂိရိ ထင်တာ ယောက်ျားနဲ့ မိန်းမပဲ အတူနေပြီး လက်ထပ်လို့ရတယ်ပဲ သိထားတာ .. အကိုတော်က ဘာကြောင့် ..ကျွန်တော့်ကို ဇွတ်ယူချင်ရတာလဲ ...'
စာဂိရိ က သူသိချင်သည်ကို တောက်လျှောက်မေးလိုက်၏။ ထိမိုယွမ်သည် စာဂိရိ၏ စကားကို သဘောကျစွာ ပြုံးကာ
'ကိုယ်ဖြေရင် စာဂိရိ ကိုယ့် ကို ဒီည လက်ခံမှာလား ..ဟား ဟား ဟား ကိုယ်က စတာပါ။ ကောင်းပြီလေ။ ကိုယ် အမှန်အတိုင်းဖြေမယ်။ ကိုယ့် နန်းတော်မှာ မိန်းမလှတွေ သိပ်ပေါတာ.။ ကိုယ် အသက် ၁၃ နှစ်ကတည်းက မိန်းမနဲ့ ချစ်တင်းနှောဖူးတယ်။ ကိုယ့် ခမည်းတော်ရဲ့ ကိုယ်လုပ်တော် တစ်ယောက်နဲ့ပေါ့... အဲဒီ ကတည်းက နန်းတော်ထဲ အချောအလှမှန်သမျှ ကိုယ်နဲ့မကင်းဘူး။နောက်တော့ ကိုယ့်မိတ်ဆွေတွေနဲ့ ယောက်ျားလေး ချောချော ရှိတဲ့ ဆောင်ကြာမြိုင်အထိရောက်ခဲ့တယ်။ ကိုယ် ရှင်းရှင်းပြောရင် ယောက်ျားလေးတွေနဲ့ အတူနေ ရတာကို ပိုကြိုက်တယ်.'
'ဘာကြောင့်လဲဟင်...'
'ဘာကြောင့်လဲဆိုတော့ မိန်းကလေးတွေက ကိုယ်နဲ့ အိပ်ခဲ့တာ ကိုယ်က အိမ်ရှေ့မင်းသားဖြစ်လို့...။သူတို့ အဖေ ရာထူးတိုးဖို့၊ သူတို့ မိန်းကလေးလောကမှာ ဂုဏ်တက်ဖို့၊ ရွှေငွေ တွေ လိုချင်လို့ ... ၊ အိမ်ရှေ့မိဖုရား ဖြစ်ချင်လို့ ... ။ ကိုယ့် ခမည်းတော်ရဲ့ မိဖုရားတွေက နုပျိုတဲ့ ကိုယ်ခန္နာကို လိုချင်လို့ ကိုယ့်ရဲ့ အိပ်ယာပေါ်ကို အလုအယက် တက်နေကြတာ ဆိုတော့ မိန်းကလေးတွေရဲ့ အချစ်ကို ကိုယ် လုံးဝ အယုံအကြည်မရှိဘူး။ '
'ယောက်ျားလေးတွေနဲ့ အိပ်တော့ရော .. သူတို့က အကိုတော်ကို အချစ်ပြန်ပေးလို့လား ...'
'အချစ်တော့ မပေးဘူး။ ဒါပေမယ့် သူတို့က ငွေအတွက် ပြုစုပေးတာ။ တာဝန်ကျေတယ်။ အပိုစကားမပြော ဘူး။ အချင်းချင်း ကုန်းမချောဘူး။ မနာလိုစိတ်မရှိဘူး။ စကားမများဘူး။ ဒါကြောင့် သူတို့နဲ့ နေရတာပို စိတ်ချမ်းသာတယ်။ '
'ဒါဆို ကျွန်တော်သာ မိန်းကလေးဖြစ်ရင် အကိုတော်က ခဏပဲ ပျော်ပါးပြီး ပြန်မှာပေါ့နော်..'
'အဲလိုတော့ မဟုတ်ဘူး။ ကိုယ်က အကိုတင်ဂီ၇ိကို အကိုအ၇င်းလို ချစ်လို့ ဒီကိုလာခဲ့တာ။ အာနန် မင်းသမီးက သိပ်ချောတယ်ဆိုပြီး နာမည်ကျော်တော့ ကိုယ်က အာနန်မင်းသမီးကို လက်ထပ်ဖို့ စိတ်ကူးပေါ်လာတယ်။ အဲ့ဒီညက စာဂိရိသာ မိန်းကလေးဆိုရင် ကိုယ် နမ်းရုံနမ်းပြီး ပြန်လာဖြစ်မှာ။ ဒါပေမယ့် စာဂိရိက သိပ်သိပ်ချော တဲ့ ကောင်လေးမှန်းသိတော့ ဒီညမှ ရအောင် မယူရင် ကိုယ်တသက်လုံး မပိုင်တော့ဘူး ဆိုတာသိလို့ ရအောင် ယူလိုက်တာ ... ကဲ .. ဘာသိချင်သေးလဲ ...'
စာဂိရိ သည် သူ့စကားများကို အံ့သြစွာနားထောင်ပြီး
'အကိုတော်ရဲ့ ခမည်းတော်သာ ကျွန်တော် ယောက်ျားလေးမှန်းသိရင် ဘယ်လိုလုပ်မှာလဲ ...'
'ဘယ်လိုမှ မလုပ်ပါဘူး။ ကိုယ်နဲ့ လက်ထပ်ပေးမှာပဲ။ ကိုယ့်ခမည်းတော်က ကိုယ့်သဘောအတိုင်းပဲ ... ကဲ .. စိတ်အေးအေးထားလိုက်တော့နော်... ကိုယ့်ကို ပြန်ချစ်ဖို့သာ စဉ်းစားထားတော့ ...'
စာဂိရိ သက်ပြင်းခိုးရှိုက်မိသည်။ ဘယ်လိုလုပ်မှ သူလက်လျော့မှာပါလိမ့် ဟုတွေးကာ ခေါင်းပင်ပူလာ၏။ ယောက်ျားလေးဖြစ်လျက်နှင့် သူ့မယားဘ၀ မိမိ တသက်လုံးနေနိုင်ပါ့မလား ဟုတွေးရင်း သူလည်း မိမိကို နောက်ပိုင်း ငြီးငွေ့ကာ စွန့်ပစ်မသွားနိုင်ဘူးလားဟု တွေးမိသည်။ သူ့သဘောက တခြားမိဖုရားများက သားသမီး မွေးပေးမည်ဆိုတော့ မိမိအပြင် မိန်းမများစွာလည်းရှိဦးမည်။ နောက်ပိုင်း သူမိမိကို စွန့်ပစ်လိုက်ချိန်တွင် မိမိဘ၀ နန်ကျောင်နန်းတော်တွင် အချည်းနှီး ကုန်ဆုံးရတော့မည်ကို တွေးကာ ရင်လေးသွားမိသည်။
သူ့ကို ဘယ်လိုဖျောင့်ဖျရမည်မှန်း မသိဖြစ်နေမိသည်။ မိမိ အသွေးအသားကို လိုချင်လျှင် တိတ်တဆိတ်ပေး ပြီး မိမိကို လက်မထပ်အောင်ပြောရမည်လားဟု တွေးမိသည်။
'စာဂိရိ ... ည ကိုယ် စာဂိရိ စီလာခဲ့မယ်နော် .. ကိုယ့်ကို စောင့်နေ ...'
စာဂိရိ သူ့စကားကို ခေါင်းငြိမ့်လိုက်သဖြင့် သူပျော်သွားသည်ကို ကြည့်ကာ မိမိ၏ ဖူးစာကို အံ့သြစိတ်ပျက် မိသည်။ ဘာကြောင့် ယောက်ျားလေးကြိုက်သူနှင့်မှ မိမိ ဆိုက်ဆိုက်မြိုက်မြိုက်ဆုံရသည် မသိတော့ပေ။
ည ထိမိုယွမ် သည် ဆောင်ကြာမြိုင်မှ လစ်ထွက်ပြီး စာဂိရိထံ လာခဲ့သည်။ ချစ်သူလေးကို သတိရစိတ်ကြောင့် မိမိရူးမတတ်ဖြစ်နေလေပြီ။ စာဂိရိ၏ အထိအတွေ့လေးက အပြစ်ကင်းကာ ကြည်နူးဖို့ကောင်းသဖြင့် စာဂိရိကို မိမိအမြန်ဆုံးပိုင်ဆိုင်ချင်လှပြီဖြစ်သည်။
~ ဆက်ရန်