Zawgyi>>>
အပြုံးတုကြီးတစ်ခုကို စိတ်မပါဘဲဟန်ဆောင်ပြရတာမုန်းတယ် ကျွန်တော့်ရှေ့မှာထိုင်နေတဲ့အဲ့လူကြီး... သူ့ကိုမြင်ရတာလဲအရမ်းမုန်းတယ်
စိတ်ရှိတိုင်းသာဆို လူကြီးတွေနဲ့ထိုင်နေတဲ့ဒီနေရာကနေ အမြန်ဆုံးပြေးထွက်ချင်ပေမဲ့...ရက်စက်လွန်းတဲ့အသိစိတ်ရဲ့ကြိုးတွေကကျွန်တော့်ကိုချည်နှောင်ထားဆဲပဲ
ငါ့ကိုဘာလို့လွတ်မြောက်ခွင့်မပေးနိုင်ရတာလဲ ကံကြမ္မာရယ်...
"Yeollie..."
အပြုံးတစ်ပွင့်နဲ့ဆိုလာတဲ့ထိုလူကြီး... တစ်ပုံစံတည်းပါပဲ..လေးထောင့်ပုံစံနှုတ်ခမ်းလေးနှင့် ရယ်တတ်တာရော ပြီးတော့အဲ့အပြုံး...လိုချင်တာကိုရလို့ပီတိတွေနဲ့ပြုံးတဲ့ မဲ့ပြုံး...
Hyun နဲ့ အကျင့်တွေက သိပ်ဆင်တူပေမဲ့ တစ်နေရာရာကတော့ လိုအပ်နေသလို ခံစားရပါသည်...
အရာအားလုံးတူနေပါရက် ဒီလူကြီးအပြုံးကိုမှ ကျွန်တော်ရွေးကာမုန်းနေတတ်တာလဲ တစ်မျိုးပေါ့...
"စာလိုက်နိုင်ရဲ့လား?"
"လိုက်နိုင်ပါတယ်"
"ကျောင်းမှာ အဆင်ပြေရဲ့လားကလေး"
ဟားး ခင်ဗျားမို့မေးထွက်တယ်...
ခင်ဗျားသိပ်စေတနာရှိလွန်းလို့ပါဆိုပြီး ပို့ထားတဲ့အဲ့ကျောင်းမှာလေ...ကျွန်တော်က...
ကျွန်တော်က ခြူစားတတ်တဲ့ကောင်အဖြစ်...
လူတကာအနှိမ်ခံအဖြစ် ရှင်သန်နေခဲ့ရတာ...ဒါပေမဲ့...
သူ... Hyun ဆိုတဲ့ ဖြစ်တည်မှုအတွက်ဆိုရင်ရော?"ပြေမယ်ထင်ပါတယ်"
~ကျွန်တော့်မျက်စိရှေ့ကခင်ဗျားသာ မရှိရင်ပေါ့
ကျွန်တော့်ရဲ့အေးစက်စက်အဖြေတွေနဲ့ သူ့ထံမရှိသောအကြည့်တွေက Byun JungHyun နှင့်ထပ်တူကျနေလောက်သည်
သူ့အပေါ်ဒီလောက်အေးစက်ပြီး မာမာထန်ထန်ဆက်ဆံတာတောင် လက်ထပ်ဖို့ကြိုးစားနေသေးတဲ့ အဲ့လူကြီးကိုအံ့သြမိသလို နာနာကျင်ကျင်မုန်းမိပါရဲ့
"ကိုယ်ပြန်တော့မယ်နော်"
~နားဝင်အချိုဆုံးစကားတစ်ခုပဲ
ဒီအချိန်ကို ဘယ်လောက်တောင် စောင့်နေခဲ့ရသလဲ?
YOU ARE READING
#သခင်
Fanfictionချစ်ရပါသော သခင်၏အလိုတော်အတိုင်း.... ချစ်ရပါသော သခင်၏အလိုတော်အတိုင်း.... (warning:Chanyeol uke only!!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee