သခင် -18

14.9K 805 53
                                    

Zawgyi>>>

Baekhyun စောင့်နေတာအတော်ကြာပြီဖြစ်သော်လည်း Chanyeol လုံးဝထွက်မလာသေး...ဖုန်းဆက်ကြည့်တော့လည်း လုံးဝမကိုင်...

သူမသကာင်္လို့ကျောင်းထဲဝင်ကြည့်တော့လည်း sehun နဲ့ chanyeol ထိုင်နေခဲ့တဲ့နေရာမှာဘယ်သူမှမရှိ....တစ်ကျောင်းလုံးလှည့်ပတ်ရှာကြည့်ပေမဲ့ အရိပ်အယောင်တောင်မတွေ့ရပေ

Yeol ဘယ်တွေသွားနေတာသည်တဲ့လဲ?
Sehun ဖုန်းနံပါတ်လဲသူမသိသည်မို့ အတော်အကြပ်ရိုက်နေသည်

"Hello Kai လား?"

"အင်းပြော"

"မင်းမှာ sehun ဖုန်းနံပါတ်ရှိလား?"

"Sehun?ဘာဖြစ်လို့လဲ?"

"ဒီမှာ Yeol အခုထိမလာသေးလို့ငါစိတ်ပူနေပြီ"

"ဘာ?တစ်ခုခုတော့မှားနေပြီနော် အခု sehun ကငါနဲ့အတူရှိနေတာ သူပြန်လာတာကြာလှပြီ"

"ဘာ!"

ဒီတစ်ခါစိတ်ပူသွားရတာက Baekhyun ရယ်ပါ...sehun နဲ့တူတူရှိနေတာ အခုထိပြန်မလာသေးရအောင် Yeol ဘယ်တွေသွားနေသည်လဲ??

မဟုတ်...သူမှာထားသည်မို့ Yeol သု့နားကလွဲပြီးဘယ်ပိုမှဝေးဝေးသွားတတ်တာမှမဟုတ်ဘဲ

📲You Can Call Me Monster....

"Hello"

"Byun Baekhyun"

ဖုန်းထဲမှကြားလိုက်ရတဲ့အသံကြောင့် သူအလိုမကျစွာမျက်မှောင်ကြုံ့လိုက်မိတယ် JungHyun ကသူ့ကိုဘာလို့ဖုန်းဆက်ရတာလဲ?

တစ်ချိန်တည်းမှာပဲ Yeol ပျောက်နေတာကိုတွေးမိတော့ Baekhyun ရင်ကိုမီးမြိုက်လိုက်သလို....

"Ye..Yeol ခင်ဗျားဆီမှာလား?"

"ဟက်!ချက်ချင်းကြီးသိသွားတယ်ပေါ့ ဟုတ်တယ်သူအခုငါ့ဆီမှာ"

"ဘာ!"

Baekhyun အံ့သြထိတ်လန့်မှုကြောင့် မျက်ခုံးများပင့်တက်သွားသည် JungHyun အကြောင်းသူသိသည်မို့ပိုဆိုးသည်

ကိုယ်လိုချင်တာကိုမရရအောင်ယူတတ်သလို ကိုယ်မရတဲ့အရာတစ်ခုကို ဖျက်ဆီးပစ်ဖို့ဝန်မလေးသည့်သူဖြစ်သည်မို့

"ကောင်လေးအိပ်ပျော်နေတာလေးကသိပ်ချစ်ဖို့ကောင်းတာပဲ ငါသူ့ကိုနိုးလိုက်သင့်လား?hkhk"

#သခင်Where stories live. Discover now