သခင် -19

15.3K 811 39
                                    

Zawgyi>>>

Baekhyun JungHyun ပြောသည့်နေရာကိုရောက်လာတော့ ဖုန်အလိမ်းလိမ်းတက်နေကာ မှောင်မဲနေသောဂိုထောင်ပျက်ကြီးတစ်ခုသာဖြစ်သည်

သူလှည့်ပတ်ရှာကြည့်ရင်း ဂိုထောင်အတွင်းထဲရောက်လာတော့ သူသိပ်ချစ်ရတဲ့ကောင်လေးက ထိုင်ခုံတစ်ခုပေါ်မှာကြိုးတုပ်ခံထားရကာ မှိတ်ထားသောမျက်ဝန်းလေးအနီးတွင် မျက်ရည်များရွဲစိုနေသည်

ကောင်လေးငိုနေသည်တဲ့လား??

"Yeol..."

ရင်နှီးနေတဲ့အသံတစ်ခုနဲ့ ကျွန်တော့်ကိုခေါ်နေကြနာမ်စားတစ်မျိုး...သူ...သူရောက်လာပြီတဲ့လား??

မော့ကြည့်လာတဲ့ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်တွေအပြည့်ရှိနေတာကို Hyun သဘောကျဟန်မတူ...

ပါးစပ်ကိုတိတ်နဲ့ကပ်ခံထားရတာကြောင့် Hyun ကိုရှေ့ဆက်မတိုးဖို့ ခေါင်းတွေအတင်းခါကာတားမိပေမဲ့ Hyun နားလည်ပုံမပေါ်...

သူ့ခြေလှမ်းတွေရှေ့ဆက်တိုးလာတော့ ကျွန်တော်ခြေဖျားလက်ဖျားတွေတောင် အေးစက်လာသလိုပဲ...ကျွန်တော်သူထိခိုက်မှာကြောက်တယ်

~ဝုန်း

ရုတ်တရပ်ဘေးကနေထွက်လာကြတဲ့ JungHyun ရဲ့လူတွေ...ထို့နောက်သူတို့က Hyun ကိုတိုက်ခိုက်ကြတော့သည်

Hyun ကကိုယ်ခံပညာတတ်ပေမဲ့ အဲ့လောက်လူတွေအများကြီးဆိုတော့ တဖြည်းဖြည်းအရေးနိမ့်လာတယ်

~Hyun ပြေးတော့ ကျွန်တော့်ကိုထားပြီးမြန်မြန်ထွက်သွားပေးပါ ကျေးဇူးပြုပြီး...

ကျွန်တော့်ဆုတောင်းများမပြည့်ခဲ့သည်လား??လူတစ်ယောက်ရဲ့ရိုက်နှက်မှုကြောင့် Hyun မြေပြင်ပေါ်လဲကျသွားသည်...ထို့နောက် Hyun ကိုထပ်ရိုက်နေတဲ့သူတို့...

ဟင့်အင်း မရိုက်ပါနဲ့...Hyun ကိုနာကျင်အောင်မလုပ်ကြပါနဲ့ သူ့ကိုထိရင်ကျွန်တော့်နှလုံးသား အဆတစ်ရာမကနာကျင်လာသလိုပဲ...

Hyun ကိုစိတ်ပူတာကြောင့်
သူ့ပါးပြင်မှာစိုစွတ်လာတယ်...ကျွန်တော့်ကိုအမြဲနာကျင်နေစေခဲ့တာပဲ လောကကြီးရယ်...ဘာလို့ကျွန်တော့်ချစ်သူကိုပါအလွတ်မပေးနိုင်ရတာလဲ??

#သခင်Where stories live. Discover now