Zawgyi>>>
နံနက်အလင်းရောင်လေးမျက်နှာပေါ်ဖြာကျလာသည်… မျက်လုံးဖွင့်ဖွင့်ချင်းခံစားမိရတာက တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်မှုတွေသာ...
ပြတင်းပေါက်နားမှာကျောပေးရပ်ကာ ကော်ဖီသောက်နေတဲ့သူတစ်ယောက်...
ကြည့်ရုံနှင့်သိနိုင်သည်က သူသိပ်ချစ်ရတဲ့ Hyun ဆိုတာ..."နိုးပြီလား?"
"ဗျာ?အာ ဟုတ်"
Hyun က နီးနီးကပ်ကပ်အနေအထားမှာ စိုက်ကြည့်နေသည်မို့ chanyeol မနေတတ်ပါ
အောက်နှုတ်ခမ်းလေးအသာဖိကိုက်ကာခေါင်းငုံ့ထားမိတော့ hyun ကသူ့မေးဖျားလေးမှဆွဲကိုင်ကာ..."ခေါင်းမော့"
Hyun စကားကြောင့်သူပြူးကြောင်ကြောင်လေးပြန်မော့ကြည့်မိတော့ စူးစိုက်ကြည့်နေတဲ့ Hyun...
"ဘာ...ဘာဖြစ်လို့လဲဟင်?"
"တစ်ခုခုမေးစရာမရှိဘူးလား?ပြောချင်တာ ဒါမှမဟုတ်..ထုရိုက်တာဖြစ်ဖြစ်ပေါ့ hk"
Chanyeol ခေါင်းလေးသာခါပြမိသည် Hyun ကိုသူဘယ်တုန်းကမှအပြစ်မတင်ခဲ့သလို မုန်းလဲမုန်းမည်မဟုတ်...
Hyun အပေါ်ထားတဲ့အချစ်တွေက အသိစိတ်ကိုလွှမ်း မိုးနေခဲ့သည်လားတော့ဝေခွဲမရ Hyun ဘာလုပ်လုပ်အပြစ်မမြင်နိုင်တာ
သူ့အားနည်းချက်တစ်ခု...အခုလဲပါးစပ်ပိတ်ခေါင်းငြိမ့်ကာ ငြိမ်သက်စွာနေပေးမိပြန်သည်ပေါ့
"သေချာလား?"
"ဘာကိုလဲဟင် "
"အာ...ငါကမင်္ဂလာပွဲကိုသွားခွင့်ဖြစ်ဖြစ်တောင်းမယ်ထင်တာ"
"ဗျာ!!!?"
Baekhyun ပြောမှတုန်လှုပ်သွားဟန်ရှိတဲ့ကောင်လေး...မျက်ဝန်းလေးတွေမှာစိုးရိမ်မှုကအထင်းသား...
"H..Hyun..."
ထိုမျက်ဝန်းကိုသူမကြိုက်...Chanyeol ဘက်မှသူ့ကိုတောင်းဆိုလာမည်ကိုလဲ မသိစိတ်တို့ကကြောက်လန့်နေမိကြလေသည်
မင်းအဲ့လောက်တောင် သူနဲ့လက်ထပ်ချင်သလား??
"ငါမင်းကိုပြန်ပို့ပေးမှာပါ"

YOU ARE READING
#သခင်
Fanfictionချစ်ရပါသော သခင်၏အလိုတော်အတိုင်း.... ချစ်ရပါသော သခင်၏အလိုတော်အတိုင်း.... (warning:Chanyeol uke only!!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee