သခင် -11

19.5K 984 33
                                    

Zawgyi>>>

နေရောင်ခြည်စူးစူး Chanyeol မျက်နှာပေါ်ထိုးနေသည်မို့ မျက်လုံးပွင့်လာခဲ့သည် ဘေးကိုဝေ့ဝဲကြည့်မိတော့ Hyun ရင်ခွင်ထဲသူရောက်နေသည်ပဲ...

နာကျင်မှုဆိုတာအသာထား...မျက်နှာမှာအပြုံးလေးတစ်ပွင့်လှပစွာပေါ်လာခဲ့သည်ပေါ့ ဟင်!Hyun မျက်နှာကိုနေထိုးနေပါလား?

Chanyeol လက်တွေကအလိုအလျောက် Hyun မျက်နှာလေးကိုကာပေးမိပြီးသား...သြော် ဒီလိုကဗျာဆန်တတ်အောင် အရိပ်တကြည့်ကြည့်နေတတ်လာအောင် အချစ်ဆိုတဲ့အရာကပဲသင်ပေးခဲ့တာပါလား??

"အ့"

ရုတ်တရပ် လက်ကိုလှမ်းဖမ်းကာ ဆွဲချခံလိုက်ရသည်မို့နာကျင်မှုကြောင့် ညည်းသံတိုးလျလျ...

"H..hyun.."

အပေါ်ကအုပ်မိုးကာစိုက်ကြည့်နေတဲ့ Hyun ကြောင့်ရင်တွေတဒိန်းဒိန်းခုန်နေတာမရပ်တော့ချေ...
ရုတ်တရပ်အခြေအနေမို့ chanyeol မှာရုန်းပဲထွက်ရမလိုလို ငြိမ်ပဲနေရမလိုလို ဝေခွဲရခက်စွာဖြင့်…

"ဘာဖြစ်လို့လဲ?"

"ဗျာ?"

"ဘာဖြစ်လို့ကာပေးထားတာလဲလို့"

ရုပ်တည်ကြီးနဲ့မေးနေတဲ့ Hyun ကြောင့် ကြောက်ကြောက်လန့်လန့်နဲ့ဘာဖြေရမလဲမသိတော့ပါ…

Hyun မျက်နှာကို နေထိုးလို့ကာပေးလိုက်မိရုံပါ အဲ့တာအပြစ်များ ဖြစ်သွားသေးလားဟင်?

"ဟို..ဟို...နေ..နေပူလို့ပါ"

မျက်လွှာလေးချကာအဖြေပေးလာတဲ့
အဲ့ကောင်လေးကိုအတန်ကြာသည်အထိစိုက်သာကြည့်နေမိတယ် Baekhyun လုံးဝကိုသတိထားမိခဲ့ပါတယ်  မနေ့ကကောင်လေးလုံးဝမရုန်းသလို ရပ်တန့်ဖို့လည်းမတောင်းပန်ဘူး

အခုလဲသူနေပူမှာစိုးလို့ကာထားပေးသည်တဲ့လေ ဘာလို့လဲ? သူ့အပေါ်ဒီလောက်အနိုင်ကျင့်တဲ့ Baekhyun ကိုမှအမြဲနားလည်ပေးနေရတာလဲဆိုတာ တကယ်နားမလည်နိုင်တော့...

Baekhyun ကတော့ chanyeol ကိုချစ်လို့ ရယူပိုင်ဆိုင်ဖို့ ကြိုးစားတာမှန်ပေမဲ့ ကောင်လေးဘက်က ဒီလိုငြိမ်နေစရာအကြောင်းမရှိဘူးလေ?

ကောင်လေးကိုစိုက်ကြည့်နေရင်း နှုတ်ခမ်းဖူးဖူးလေးတွေကိုအသည်းယားလာသည်မို့ ဖိကပ်နမ်းရှိုက်လိုက်မိတော့ ငြိမ်ငြိမ်လေးနေပေးတယ်လေ...လည်ပင်းလေးကိုနမ်းဖို့ကြံတော့သူ့ရင်ဘတ်ကိုမဝံ့မရဲလေးတွန်းကာ

#သခင်Where stories live. Discover now