Zawgyi>>>
Chanyeol ဘာမှလုပ်စရာမရှိသည်မို့ ခြံထဲကပန်းလေးတွေကိုရေဆင်းလောင်းနေမိတယ် ပန်းတွေကိုသူကြိုက်သည်တော့မဟုတ် အသက်ရှိတဲ့အရာတိုင်းကိုသူတန်ဖိုးထားတတ်ရုံသာ...
အခုဆိုသူ ဒီကိုရောက်တာနှစ်ရက်လောက်ရှိပြီ ရိုက်လိုက်တဲ့နေ့ကစပြီး Baekhyun သူ့ကိုနည်းနည်းတော့ဂရုစိုက်လာလေသည်
အင်း အဲ့လိုဆိုတော့လည်းမဆိုးပါဘူး Hyun နားမှာနေရတာနဲ့တင်ပျော်နေပါပြီ
တထစ်ချစိတ်ချထားလို့လဲမရပြန်သည်မို့ Chanyeol သက်ပြင်းသာချမိသည်
"Yeol..."
ရုတ်တရပ်ခါးမှရစ်ပတ်လာတဲ့ လက်တစ်စုံနှင့်အတူရင်းနှီးနေတဲ့ ကိုယ်သင်းနံ့လေး...
"H..Hyun..."
"ဘာလုပ်နေတာလဲ?"
"အာ...ပန်းပင်လေးရေလောင်းနေတာပါ"
"သြော်...ထားပါတော့ အခုတော့အဝတ်စားလဲပြီးလိုက်ခဲ့တော့"
"ဘယ်သွားမလို့လဲဟင်?"
"ကျောင်းသွားရမယ်လေ ကိုယ်တို့ကျောင်းပျက်တာများနေပြီ"
ပြန်ပို့ပေးဖို့တောင်းဆိုတိုင်း စိတ်မထင်ရင်ထရိုက်တဲ့ Hyun ကအခုတော့သူကိုယ်တိုင်ပြန်ဖို့ပြင်နေလေသည် Chanyeol အံ့သြနေမိပေမဲ့ Hyun ဝယ်ပေးတဲ့ကျောင်းအင်္ကျီအသစ်သာလဲရင်း ထွက်လာခဲ့တော့သည်
သူသိချင်လို့မေးကြည့်တော့
Hyun ကပြောတယ် သူ့အမေကသူ့ကို စာတော်တဲ့လူတစ်ယောက်ဖြစ်စေချင်တာတဲ့လေ ပြောရရင် အရာအားလုံးမှာ သူ့ကိုထိပ်ဆုံးသာဖြစ်စေချင်တယ် အဲ့တာကြောင့်သာကျောင်းပြန်တက်ရခြင်း...ဟုတ်လဲဟုတ်သည် Hyun ကအမြဲအတန်းထဲမှာဆို Roll.1 ရတယ် စာသိပ်မကျက်ပေမဲ့တစ်ခါလောက်ဖတ်လိုက်တာနဲ့အလွတ်ရလောက်အောင် ဥာဏ်ကောင်းသည့် Hyun ကသူ့အမေကိုတော့အတော်ချစ်ပုံရသည်
ရောက်ခါနီးတော့ Hyun သူ့ဘက်ကိုလှည့်ကြည့်ကာ စကားဆိုတယ်
"ကိုယ်နားမှာပဲနေရမယ် ဘယ်သူလာခေါ်ခေါ်မလိုက်ရဘူး ကိုယ့်ခွင့်ပြုချက်မရှိဘဲဘယ်ကိုမှမသွားရဘူး"
YOU ARE READING
#သခင်
Fanfictionချစ်ရပါသော သခင်၏အလိုတော်အတိုင်း.... ချစ်ရပါသော သခင်၏အလိုတော်အတိုင်း.... (warning:Chanyeol uke only!!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee