သခင် -7

22.3K 1K 21
                                    

Zawgyi>>>

ကုတင်ပေါ်ပစ်တင်ခံလိုက်ရသည့်နည်းတူ သူ့ပေါ်အတင်းတက်ခွကာ အင်္ကျီကိုဆွဲချွတ်နေတဲ့ Hyun...

"အင့် မလုပ်ပါနဲ့ Hyun...ကျွန်တော်တောင်းပန်ပါတယ် အ့"

Hyun သူ့စကားတွေကိုနားမထောင်စွာ နှုတ်ခမ်းတွေကိုပင်စိတ်ကြိုက်ခြယ်လှယ်နေလေသည်… သူရုန်းတယ် ရှိသမျှအားသုံးပြီးတော့ကိုရုန်းနေတာ

အလားတူအဖြစ်မျိုးဖြစ်မှာသူကြောက်နေမိတယ်…
မနက်ပိုင်းမှာတင် Hyun ဆီက လောလောလတ်လတ် နာကျင်မှုတွေရထားခဲ့တာ…

အခုထပ်ပြီး နာကျင်ပေးဖို့ရာ သူ့တွင်မည်သို့မျှခံနိုင်ရည်အားမရှိပါချေ...

"ဟင့် မလုပ်နဲ့...ဖယ်ပါ"

~ဖြောင်း

ရုန်းကန်နေတဲ့သူ့ပါးပြင်ကို ကြမ်းတမ်းစွာရိုက်လိုက်သည့် Hyun...ပါးပြင်တစ်ခုလုံးပူထူသွားကာ နာကျင်မှုကြောင့်မျက်ရည်တစ်စက်က ပါးပြင်ထက်စီးကျလာလေရဲ့…

ဘယ်သူ့ဆီကမှ ဒီလိုရိုက်တာမခံရဖူးတာကြောင့် နှုတ်ခမ်းလေးကို တင်းတင်းဖိကိုက်ထားမိသော်ငြား hyun ကိုတော့ ဘာမှပြန်မပြောမိဘဲ ခပ်တွေတွေသာစိုက်ကြည့်နေမိပါသည်...

"H.hyun.."

နားမလည်နိုင်တော့သလို ခပ်တွေတွေလေးစိုက်ကြည့်နေရှာတဲ့ chanyeol ကိုမြင်မှ baekhyun မိမိမှားသွားပြီဆိုတာ သိလိုက်ရပါသည်...

သို့သော်ငြား ပြန်တောင်းပန်ဖို့ရာလဲ သူ့အတွက်မဖြစ်လာနိုင်သည့်အရာပေမို့ အကြည့်တို့ကိုတစ်ဖက်ဆီလွှဲ၍ အသံမာမာနှင့်ပင် ကောင်လေးကိုအော်မိ၏...

"အဲ့တာကြောင့်...ငြိမ်ငြိမ်နေလို့မပြောဘူးလား shit!"

Hyun ကို ကြည့်ရင်း chanyeol ဘာမှ မပြောနိုင်ရှာ… သူစိတ်ဆိုးသွားတာလားပင် စိုးရိမ်နေမိသေးသည့် မိမိကိုကိုယ်လဲ စိတ်ကုန်မိ ပါ၏…

ရပါတယ်...
Hyun ဆီကရတဲ့ နာကျင်မှုပဲမို့ သူသည်းခံနိုင်ပါတယ်…

Hyun ကသူ့မျက်ဝန်းတို့ထံ အကြည့်ပြန်ရောက်လာပြီးနောက် မျက်နှာက အနည်းငယ်ပျက်ယွင်းလာ၏…

#သခင်Where stories live. Discover now