Zawgyi>>>
Chanyeol ကုတင်ပေါ်ဒူးလေးပိုက်ထိုင်ကာ Hyun ကိုစောင့်နေမိတယ် သူဆွဲဖြဲလိုက်တဲ့အင်္ကျီကသုံးမရအောင်ပြဲသွားသည်မို့ အပေါ်ပိုင်းဗလာကျင်းနဲ့သာထိုင်စောင့်နေရတဲ့ ကျွန်တော်ရယ်ပါ...
Hyun ဘယ်သွားတာလဲတော့မသိပေမဲ့ မြန်မြန်ပြန်လာဖို့မျှော်လင့်နေမိတယ် ကျွန်တော့်စိတ်ထဲတစ်မျိုးကြီးပဲ တစ်ခုခုကိုစိုးရိမ်နေသလိုခံစားရတာကြောင့်ပါ
စိတ်ထင်တော့ မင်္ဂလာဆောင်ကိစ္စကြောင့်ဖြစ်နိုင်သည် JungHyun သည် Baekhyun အဖေပီပီသူလိုချင်တာကိုမရရအောင်ကိုယူတတ်လေသည်
မနေ့ကလဲ chanyeol ကိုအိမ်ပြန်လိုက်ပို့ပေးပြီး မိဘတွေနဲ့တစ်ခါတည်းတွေ့ကာ ဒီနေ့ကိုမင်္ဂလာကိစ္စစီစဉ်ပေးဖို့ပြောတာ သူလက်မခံနိုင်မှန်းသိတဲ့ Appa နဲ့ Omma ကရက်ရွှေ့ပေးခိုင်းဖို့ကြိုးစားခဲ့ပေမဲ့ မရရတဲ့နည်းတွေနဲ့အစုံအကြပ်ကိုင်ကာ မင်္ဂလာဆောင်ကိစ္စကိုသူဘက်ကမဖြစ်ဖြစ်အောင်လုပ်မည်ဖြစ်ကြောင်းနှင့် media ကိုလဲအသိပေးပြီးပြီဖြစ်သောကြောင့် ရွေ့ဆိုင်းဖို့အဆင်မပြေတော့ကြောင်း အေးအေးသာပြောသည်
နောက်ဆုံးတော့လည်းမတတ်နိုင်စွာ လက်ခံလိုက်ရတာ chanyeol ရယ်ပါ...မနက်ပိုင်းသူ့ ကိုလာခေါ်ပြီး သတင်းစာရှင်းလင်းပွဲသွားမည်
ညနေပိုင်းလောက်မင်္ဂလာပွဲစီစဉ်ထားပြီး ညကျရင် dinner ကျွေးကာကျွန်တော့်ကိုသူပိုင်ကြောင်း တစ်နိုင်ငံလုံးသိအောင်ချပြမည်တဲ့လေ ဒါကသူ့အစီအစဉ်...
အခုတော့သူစီစဉ်ထားတာတွေလွဲကုန်လို့အလုပ်ရှုပ်နေကောင်းပါရဲ့ အမှန်တိုင်းပြောရရင် Hyun ကျွန်တော့်ကိုခေါ်လာတာသိပ်ပျော်မိတယ် ကျွန်တော်လေ...ဖြစ်နိုင်ရင်အဲ့လူကြီးနဲ့တကယ်ကိုလက်မထပ်ချင်တာပါ
ကျွန်တော်လဲသာမန်လူတစ်ယောက်ပဲလေ ကျွန်တော်သိပ်ချစ်တဲ့ Hyun ကိုမပိုင်ဆိုင်ရရင်တောင်သူ့ဘေးမှာ အနိုင်ကျင့်ခံကောင်လေးတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်ရှိနေချင်ခဲ့တာပေါ့
အခုတော့ပထွေးဆိုတဲ့နေရာမှာ Hyun ရဲ့အမုန်းနဲ့ဝေးသထက်ဝေးသွားစေမဲ့ ရက်စက်မှုမျိုးကြီး...ကျွန်တော်တကယ်မုန်းတယ်
YOU ARE READING
#သခင်
Fanfictionချစ်ရပါသော သခင်၏အလိုတော်အတိုင်း.... ချစ်ရပါသော သခင်၏အလိုတော်အတိုင်း.... (warning:Chanyeol uke only!!) Baekyeol yaoi Sorry for bad writings 90°bow #Yoohyunee