သခင် -17

15.6K 804 41
                                    

Zawgyi>>>

Chanyeol ကျောင်းရဲ့ချောင်အကျဆုံးနေရာက ထိုင်ခုံလေးပေါ်တစ်ယောက်တည်းထိုင်နေမိတယ်

အရင်ကဆို sehun မရှိရင်သူဒီကိုလာထိုင်နေကျလေ လူတွေရဲ့အထင်သေးတဲ့အကြည့်တွေကလွတ်သလို Hyun ကိုလည်းရှောင်ပုန်းနေချင်ရင်ဒီနေရာလေးကအကောင်းဆုံး...

သူ့ကိုတွေ့တိုင်းတစ်ခုမဟုတ်တစ်ခု ပြသာနာရှာပြီးအနိုင်ကျင့်တတ်လွန်းလို့ Hyun ကိုသူရှောင်ပုန်းချင်ခဲ့တာပါ ဒါပေမဲ့လည်း အသုံးမကျတဲ့နှလုံးသားကစေညွှန်ပြန်တော့ သူရူးသွပ်စွာ Hyun နားမှာအမြဲရှိနေတတ်သည်

"Yeol..."

"Hyun..."

ဘောင်းဘီအိတ်ထဲလက်ထည့်ကာ ခပ်တည်တည်လျှောက်လာတဲ့ Hyun ကသူ့ဘေးဝင်ထိုင်လိုက်သည်

"တစ်ယောက်တည်းမပျင်းဘူးလား?"

"အာ..ဟင့်အင်း..."

"Hyun ဒီနေရာကိုဘယ်လိုသိတာလဲဟင်?"

"ကြာပြီ...Yeol က ကိုယ်မသိဘူးထင်နေတာလား?"

"ဟုတ်"

"ကိုယ်အနိုင်ကျင့်လိုက်တိုင်းမင်းဒီမှာအမြဲလာငိုနေကျလေ "

Baekhyun စကားကြောင့်ကောင်လေးအံ့သြသလိုကြည့်နေသည် တကယ်တော့သူဒီနေရာကိုသိခဲ့တာ Yeol ကြောင့်ပါ...

ပထွေးဖြစ်မဲ့သူ့ကိုကြည့်မရပဲရှောင်ချင်ခဲ့ပေမဲ့ အမြဲတမ်းလိုလိုအဲ့ကောင်လေးကိုပဲရှာနေခဲ့မိတာ

ကျောင်းမတက်တဲ့နေ့တွေဆို ခိုးခိုးပြီးစိတ်ပူနေခဲ့ပေမဲ့ ကောင်လေးကိုတွေ့တိုင်းအမြဲလိုလိုအနိုင်ကျင့်နေမိတာ...

JungHyun အပေါ်အမုန်းတွေကို ဒေါသအဖြစ်ပြောင်းလဲပြီး ဖြူစင်လွန်းတဲ့ကောင်လေးအပေါ်ပဲ ပုံချနေခဲ့မိတာမလား??

"ဒီမှာဘာလုပ်နေတာလဲ?"

"အာ...ဒီတိုင်းပျင်းလို့"

Hyun ကအော်တစ်လုံးသာပြောပြီး ဘာမှဆက်မပြောတော့ပေ...ထို့နောက် Chanyeol တပ်ထားတဲ့နားကြပ်တစ်ဖက်ကို
ဆွဲဖြုတ်ကာသူ့နားတစ်ဖက်မှာတပ်လိုက်ပြီး Chanyeol ပေါင်ပေါ်ခေါင်းအုံးကာ မျက်ဝန်းတို့ကိုမှိတ်လိုက်သည်

#သခင်Where stories live. Discover now