သခင် -19

14.8K 830 57
                                    

Zawgyi>>>

ကုတင်ထက်ပိုက်တန်းလန်းဖြင့် မေ့မြောနေသောကောင်လေးကိုကြည့်ရင်း Kai သက်ပြင်းအကြိမ်ကြိမ်ချနေမိတာလည်း မနည်းတော့....

Baekhyun ကတော့မလှုပ်မယှက်ငြိမ်သက်စွာထိုင်ရင်း ကောင်လေးကိုစိုက်ကြည့်နေလေသည်

"ဒါဆိုမင်းအကြောင်းတွေသူသိသွားပြီပေါ့"

"ဘာကိုလဲ?"

"မင်းလူသတ်တာတွေလေ"

"အင်း"

"သူကြောက်သွားမှာပေါ့"

"မဟုတ်ဘူး သူသိတာကြာပြီ"

"ဘာ?"

"အင်း သူသိပေမဲ့မသိချင်ယောင်ဆောင်နေခဲ့တာတဲ့ သူငါ့နားမှာမရှိရမှာစိုးလို့တဲ့လေ"

Baekhyun ရဲ့စိတ်ပျက်လက်ပျက်စကားသံအဆုးံ kai အော်တစ်လုံးသာချေပမိတယ်
သူ့အနေနဲ့လည်း Chanyeol ကိုဘယ်လိုနားလည်ရမှန်းကိုမသိတော့....

"H...Hyun..."

ကုတင်ပေါ်ကကောင်လေးရဲ့ညီးတွားသံကြောင့် သူတို့နှစ်ယောက်ရဲ့အကြည့်တွေကို ကောင်လေးဆီပို့လိုက်မိတယ်

"Yeol...သတိရပြီလား?yeol?"

"H..Hyun...ချစ်..ချစ်တယ်"

မျက်လုံးမပွင့်ဘဲ သူ့နာမည်ကိုရေရွတ်နေတဲ့ ကောင်လေး...ယောင်တာတောင် သူ့ကိုချစ်သည်တဲ့လား??

ကျွန်တော်တကယ်မကောင်းဘူးနော်?ကျွန်တော့်အပေါ် အမြဲကောင်းပြီး အမြဲနားလည်ပေးတဲ့သူ့ကို အမြဲနာကျင်စေနေမိတယ်...

စိတ်မကောင်းဖြစ်စွာသက်ပြင်းချလိုက်မိပေမဲ့ ကောင်လေးလည်ပင်းကအမှတ်အသားလေးကို မြင်တော့လည်းသူကျေနပ်စွာပြုံးမိပြန်ရော...

သိပ်ချစ်တဲ့သူ့ကိုပိုင်ဆိုင်ချင်တယ် မဟုတ်ဘူး...ကျွန်တော်တစ်ယောက်တည်းအတွက်ပဲဖြစ်စေချင်တယ် အဲ့လိုပဲဖြစ်ရမယ်

သူကျွန်တော်ကလွဲပြီး ဘယ်သူ့အတွက်မှမဖြစ်စေရဘူး...သူ့ရဲ့အရာအားလုံးကိုကျွန်တော်ပဲပထမဆုံးဖြစ်နေမှာမို့လို့ အခြားတစ်ယောက်ဆိုတာရှိလာခဲ့ရင် အဲ့လူကိုလည်းသတ်ပစ်ဖို့ဝန်လေးမှာမဟုတ်ဘူး

#သခင်Where stories live. Discover now