သခင် -3

24.4K 1.1K 17
                                    

Zawgyi>>>

Hyun ရှေ့ကထွက်သွားတာမို့ သူလဲနောက်ကခေါင်းလေးငုံ့ပြီးလိုက်လာခဲ့မိသည် ဘယ်ထိရောက်အောင်သွားချင်နေလဲမသိတဲ့ Hyun ထွက်လာတာကျောင်းအပေါက်ဝထိရောက်နေပြီရယ်

"Hak.."

လျှောက်နေတာကိုရပ်ကာ ခနဲ့သလိုရယ်သံသဲ့သဲ့ Hyun ဆီကထွက်လာသည်မို့ သူမော့ကြည့်မိတော့

"JungHyun Arjushi...."

နှုတ်ဖျားမှရေရွတ်လိုက်ပြီး ခေါင်းညွှတ် ကာနှုတ်ဆက်လိုက်သည် မတွေ့ချင်သောသူဖြစ်သော်ငြား JungHyun က Baekhyun အဖေပဲဖြစ်သည်မို့..

Hyun ကိုကြည့်မိတော့ဘာတစ်ခွန်းမှမပြောသော်လည်း ရွဲ့တဲ့တဲ့အပြုံးတစ်ပွင့်က နှုတ်ခမ်းမှာနေရာယူထားလေရဲ့...

"Baekhyun ah "

"ကျွန်တော့်ကိုလာတွေ့တာမဟုတ်ဘဲ ဟန်ဆောင်ခေါ်ပြမနေပါနဲ့ အဲ့တာကနားခါးစေတယ်"

နားသယ်စပ်ကိုလက်သွယ်သွယ်ဖြင့် ပွတ်တိုက်ရင်းပြောလာသည့်စကားကြောင့် junghyun ငြိမ်သက်သွားသည်

မှန်လဲမှန်သည် JungHyun ပါးစပ်ကသာ Baekhyun ကိုခေါ်လိုက်ပေမဲ့ မျက်စိကဟိုကောင်လေးဆီကမှမခွာခဲ့သည်ပဲ

JungHyun သည် Baekhyun အဖေဟုဆိုသော်လည်းနုနယ်သည် 39 နှစ်အရွယ်သာရှိသေး၍ စမတ်ကျကျဆံပင်ကိုလှန်တင်ထားကာ ဆွဲဆောင်မှုရှိသူဖြစ်သည်

"ကျောင်းမှာအဆင်ပြေရဲ့လား?"

"စိတ်မပါဘဲမေးတဲ့မေးခွန်းကိုကျွန်တော်မဖြေတတ်ဘူး ပြီးတော့အဲ့မေးခွန်းကကျွန်တော့်အတွက်လဲမဟုတ်ဘူး"

သူ့ကိုကြည့်ကာပြောလာသော Hyun ကြောင့် chanyeol ခေါင်းသာပြန်ငုံ့ထားမိတယ် ဟိုလူကြီးကလဲတောက်လျောက်ကိုစိုက်ကြည့်နေသည်မို့ သူအနေရခက်လာတာအမှန်...

ဖြစ်နိုင်ရင်ဒီလို အခြေနေကြီးမှထွက်ပြေးချင်သည်... အထူးသဖြင့် ဟိုလူကြီးရှေ့ရောက်နေသည်ကိုက သူ့အတွက်အနှောင့်ယှက်ဖြစ်နေရတာ

"ဟို Hyun ကျွန်တော်သွား..သွားတော့မယ်"

ဟုဆိုကာအမြန်ထွက်လာခါနီး
ဲ့သူ့ရဲ့လက်တစ်ဖက်ကို လှမ်းဆွဲလိုက်သည့် JungHyun... တစ်ဖက်တွင်လည်း Baekhyun အလိုမကျစွာမျက်မှောင်ကျုံ့သွားသည်က ထင်းခနဲ...

#သခင်Where stories live. Discover now