နိဒါန်းအစ

41.2K 5.5K 1.6K
                                    

ဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်လိုက်များကတော့ Seoul University တွင် အနုပညာမေဂျာ ကိုယူရင်း ကျောင်းအတူတူတက်ပြီး တစ်ဆောင်တည်း အတူတူနေကြသည့် အရမ်းချစ်ကြသည့် သူငယ်ချင်း ကောင်လေး ၇ ယောက် ။

👨 👦 👨 👦 👨 👦 👨

________•••GHOST HOUSE•••_______

သူတို့ကတော့

1) Kim Namjoon ဆိုသည့် အရပ်ရှည်ရှည် ပါးချိုင့်နက်နက်နဲ့ ကောင်ကလေး ။

E Skill အရမ်းကျွမ်းပြီး အားနေ E ဘဲ မှုတ်နေ (အဲ) ဘိုလိုပဲ မှုတ်နေသည့် ကောင်လေး။ IQ တော်တော်မြင့်သောကြောင့် အားလုံးရဲ့ စံနမူနာကျောင်းသားဖြစ်ပြီး အတန်းခေါင်းဆောင်အဖြစ် တာဝန်ယူထား EC တစ်ယောက်။

နာမည်ပြောင်ကတော့ ဖျက်စီးရေးသမား။

(သူလက်နှင့်ထိသော ပစ္စည်းမှန်သမျှ အကုန်ဖျက်စီးပစ်သယောင်ဖြစ်အောင် လက်တွင်ဓာတ်ဝင်နေသောကြောင့် )

သူ့ရဲ့ ဘ၀ ရည်မှန်းချက်မှာ ခရားရေလွှတ်ဘိုလိုမှုတ်ရင်း ကမ္ဘာအနှံ့ အလည်အပတ်သွားရန် ။

ထို့ကြောင့် ကမ္ဘာပတ်ဖို့ လိုနေတာက ဒိုးပြား။ သူပြောပြောနေကျ English လိုဆိုရင်တော့ အမ်.အို.အန်.အီး.၀ိုင် ( မန်းနီး )
M.O.N.E.Y (ငွေ) ။

သို့သော် ထို လုံလောက်သောငွေ ရနိုင်ဖို့ကလဲ မိဘဆီမှအထောက်အပံ့ လှမ်းတောင်းခံနေရသေးသည့် တက္ကသိုလ်ကျောင်းသားဘ၀ဆိုတော့ကား။

"No Money" = Kim Namjoon

__________________________________

2) Kim Seok Jin အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် နှင့် မျက်နှာချိုလှသလို တစ်ကျောင်းလုံးတွင်အချောဆုံးဟု (ကိုယ့်ဘာသာကို) ခံယူထားသော
University Wide Handsome Boy ။

တွေ့ရာလူကို
( မရင်းနှီးလျှင်) အပြုံးချိုချိုလေးပေး (ရင်းနှီးလျှင်ဖြင့်) Fly Kiss လေးပေးလိုက်ရမှ
ကျေနပ်သူ တစ်ယောက် ။

နာမည်ပြောင်ကတော့ ပန်းရောင်မာရီယို ။

(ယောင်္ကျားလေးဖြစ်သော်ငြား
၁၀၀ မှ ၁ ယောက်ဟု ခိုင်းနှိုင်းရလောက်အောင် ပန်းရောင်ခရေစီဖြစ်သလို မာရီယိုအသည်းစွဲဖြစ်သောကြောင့် ။ ရှိသမျှ အသုံးအဆောင်တိုင်းတွင် မာရီယိုရုပ်မပါသော ပစ္စည်းဟူ၍မရှိ ) ။

မာယာများနဲ့သရဲစံအိမ်[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ