စာမျက်နှာ ( ၉ )

11.8K 2K 1.3K
                                    

☝☝ယခုအပိုင်းတွင်မူ အားလုံးစိတ်ဝင်တစား သိချင်နေသည့် ဖျက်စီးရေးသမား ဟု နာမည်ပြောင်ဖြင့် ကျော်ကြားသူ E Skill ကျော် Kim Namjoon က မြေအောက်ခန်းထဲသို့ ၀င်ရောက်ရင်း မည်သို့မည်ပုံဖြင့် အခေါင်းများကိုဖျက်စီး (အဲ) အခေါင်းများကို ရှာဖွေတွေ့ရှိကာ အဘယ် ထူးဆန်းအံ့ဖွယ် အကြောင်းအရာများ ကြုံတွေ့ရမလဲဆိုတာကို မကြာမီအချိန်အတွင်း ဖတ်ရှုခံစားရတော့ မည်ပင်ဖြစ်ပါသည် ။👏👏

😂😂😂😂😌😌😌😁😁😁😁

________•••GHOST HOUSE•••_______

သို့သော်လည်း အားလုံးသိသည့်အတိုင်း Update မြန်သူပီပီ စာရေးသူ Cuttiehsumindooly ၏ အပ်ပုဒိတ်ခြင်းမှာအလွန်မြန်ဆန်
(ဟိတ် မှန်တာကို ပြောပြနာလေ ဘာလို့ ပြုံးနေတာလဲ ခ်ခ် 😄😚😚)

စတာဘာ နောက်တာပါ တကယ်တော့ ကာလအတန်ကြာမြင့် ခဲ့ပြီဖြစ်၍ မေ့ပျောက်နေလောက်ပြီဟု ယူဆရပါသောကြောင့် အရှေ့အပိုင်းကို အဆက်အစပ်ရှိကာ မှတ်မိသွားစေရန် ရည်ရွယ်၍ အနည်းငယ် ပြန်ပြောင်းပြောပြရမည်ဆိုလျှင်ဖြင့်

👇 👇 👇 👇 👇 👇 👇 👇

အခန်းတစ်ခုလုံးဟာ မှောင်မဲနေသကဲ့သို့ စောင်ခြုံထဲက Yoonmin နှစ်ယောက်မှာလဲ ဘာစကားသံမှ မထွက်ရဲဘဲ တိတ်ဆိတ်ငြိမ်သက်လျက် ။

သို့သော် ခဏအကြာတွင်တော့

"အာ့ .... Jimin မင်း ဘာလို့ ငါ့ကျောပြင်ကို လာပွတ်သပ်နေတာလဲ "

"ဟင် ကျွန်တော် မလုပ်ပါဘူး Yoongi ကသာ ဘာလို့ ကျွန်တော့် တင်ပါးကို လာကိုင်နေတာလဲ "

"အောင်မာ ငါက မင်းတင်ပါးကို ကိုင်စရာလား"

"ဗျာ .... အခု ကျွန်တော့်တင်ပါးကို လာကိုင်နေတယ်လေ အဲ့တာ Yoongi မဟုတ်ရင် ဘယ်သူ ..... သူ ?? "

"ငါ့ကျောကိုလဲ အခု လာထိနေတာက မင်းမဟုတ်ရင် ... ဘယ်သူ ... ဒါပေမဲ့ လက်သည်းရှည်ကြီးနဲ့ဆိုတော့ အာ့... အာ့က ??

ဘယ်သူဘယ်ဝါဆိုတာကို ဦးနှောက်ကနေ လျှင်မြန်စွာ အဖြေထုတ်ပေး၍ သိသွားချိန်မှာတော့

"Y..o..o..n..g..i"

"J..i..m..i..n"

ထိုကဲ့သို့ ကြောက်ရွံ့စွာ ငိုသံကြီးရောလျက် တယောက်နာမည်ကို တယောက် ကြိတ်ကာခေါ်နေသော အသံသည်သာ စောင်ခြုံထဲမှ ပေါ်ထွက်လာလေတဲ့အဆုံး ကျောပြင်တလျောက် ကြက်သီးတဖြန်းဖြန်း ထသွားသလို ခံစားရင်း ကြောက်ရွံ့ခြင်းတွေသာ ထိုအမှောင်ခန်းလေးအတွင်း လွှမ်းခြုံထားလေတော့သည်။

မာယာများနဲ့သရဲစံအိမ်[Completed]Onde histórias criam vida. Descubra agora