စာမျက်နှာ (၃)

14.6K 2.4K 1.2K
                                    

👇 👇ဇာတ်လိုက်ကျော်ကြီး ၇ ယောက် သရဲစံအိမ်တွင် မည်သို့ လုပ်ဆောင်ပေးရမည်များကို သိလိုလျှင်ဖြင့်
ဤအပိုင်းတွင် ဆက်ဖတ်ပါရန်။ 😂 😂

ဒါပေမဲ့... ရှေ့ကအကြောင်းလေးတော့ နဲနဲပြန်နွှေးဦးမယ်နော်

မေ့နေလောက်ပြီ ထင်လို့ 😁

👇 👇 👇 👇 👇 👇 👇 👇 👇 👇

"အော် ခဏလေး .....
မသွားခင် စာချုပ်ထဲမှာ ပါတဲ့အတိုင်း ကျွန်ုပ်စကားကို လိုက်နာတဲ့အနေနဲ့ သရဲစံအိမ်မှာ လုပ်ဆောင်ပေးရမဲ့ အရာတွေကို ဖတ်ကြည့်လိုက်ပါဦး"

ဘာလဲဟူသည့် သဘောမျိုးနဲ့ တစ်ယောက်နဲ့တစ်ယောက် မျက်စပစ်ကာ မေးငေါ့ပြကြပြီးနောက်

Admin ကမ်းပေးတဲ့ စာရွက်ကို Jhope လှမ်းယူကာ ဖတ်ကြည့်လိုက်တဲ့ အချိန်မှာတော့ မထင်မှတ်စွာ ကြောက်လန့်သွားတဲ့ မျက်ဝန်းတွေ။

ထိုအချင်းအရာကို ကျန်သူတွေ သတိထားမိပြီး Jhope လက်ထဲမှ စာရွက်ကို ယူကာ အလျင်အမြန် ဖတ်ကြည့်ကြပြီးနောက်တော့ အံ့အားသင့်မှုများ၊ မျက်လုံးအ၀ိုင်းသားဖြင့် တုန်လှုပ်မှုများနဲ့ ကျက်သေသေရင်း တိတ်ဆိတ်မှုသာ စိုးမိုးသွားသည်။

အဲ့ဒီအခိုက်မှာ Ghost House Page Admin ရဲ့ ခြောက်ကပ်ကပ်ရယ်သံတစ်ခုကသာ ထိုနေရာကို လွှမ်းခြုံထားလေတော့သည်။

________•••GHOST HOUSE•••_______

"ဘာ ..... ကျွန်တော်တို့က ...
ကျွန်တော်တို့က ဒီအတိုင်း လုပ်ဆောင်ပေးရမှာ"

"မဖြစ်နိုင်တာ !!"

Jimin ရဲ့ ကြောက်ရွံ့သံ ရောရှက်ကာဖြင့် ငြင်းပယ်၍ ပြောလိုက်တဲ့စကားသံ တစ်ခုထဲကသာ ထိုအိမ်ရဲ့ နံရံတွေကနေ ပဲ့တင်သံထပ်ပြီး ကျယ်လောင်စွာ ပြန်ထွက်ပေါ်လာသည်။

ကျန်လူများမှာ တိတ်ဆိတ်လျက်။ ထို Ghost House Page Admin ရဲ့ အိမ်ကြီးမှာလဲ ပြန်လည်၍ တိတ်ဆိတ်ငြိမ်သက်လျက်။

ထို့အတူ Page Admin ရဲ့ မျက်နှာမှာလဲ မသတီစရာကောင်းစွာ မထီတထီဖြင့် မဲ့ပြုံးတခုကို တွဲချိတ်ခိုလျက် ။

ကျန်သူများအနေဖြင့်တော့ တိတ်ဆိတ်ခြင်းက ဝါးမြိုသွားလိုက်တာ ကိုယ်စီကိုယ်စီ အတွေးတွေဖောင်ဖွဲ့ရင်း နေရာတွင်သာ မလှုပ်မယှက်ဖြင့်သာ။

မာယာများနဲ့သရဲစံအိမ်[Completed]Where stories live. Discover now