👇 👇ဇာတ်လိုက်ကျော်ကြီး ၇ ယောက် သရဲစံအိမ်သို့ မည်သို့ မည်ပုံရောက်ရှိပြီး ဘာတွေ တွေ့ကြုံရမည်ကို ဤအပိုင်းတွင် ဆက်လက်ဖော်ပြပေးသွားမည်မို့ ရယ်ဖို့အသင့်ပြင်ရင်းနဲ့ ကြောက်ဖို့ပါ ဟန်ပြင်ထားပေးပါလို့ ကြိုခြောက်ထားပါရစေ 😂
________•••GHOST HOUSE•••_______
မာယာများနှင့်သရဲစံအိမ်သို့ သွားရောက်မည့်သူများ တစ်ညတာ ဖြတ်သန်းရမည့်အနေဖြင့် လုပ်ဆောင်ပေးရမည့် အချက်များ
(1) ထမင်းစားခန်းအတွင်း၌ သရဲများကို ဖိတ်ခေါ်ကာ ထမင်းအတူတူစားရန်။
(2) အ၀တ်ဗီဒိုထဲရှိ သရဲ၏ အ၀တ်ဟောင်းများကို ယူ၍၀တ်ရန်။
(3) မှန်တင်ခုံပေါ်ရှိ အလှပြင်ပစ္စည်းများကို အသုံးပြုကာ အလှပြင်၍ သရဲအားစောင့်ရန်။
(4) ရေချိုးကန်အတွင်းရှိ Bath Tube ထဲဝင်နေ၍ သရဲအလာကို စောင့်ဆိုင်းပေးရန်။
(5) အိပ်ခန်းအတွင်း မှောက်လျက်အိပ်ပြီး သရဲအားစောင့်၍ အတူတူအိပ်ပေးရန်။
___________________________________
"ဒီထဲမှာ နံပါတ် (6) မပါဘူးလေ"
ကြမ်းပြင်ပေါ်သို့ လွင့်ကျသွားသော စာရွက်လေးကို ပြန်ကောက်ကာ တချက်ချင်းစီကို ပြန်ဖတ်ကြည့်ရင်းဖြင့် Namjoon က Ghost House Page Admin အဖိုးကြီးရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး အလိုမကျသံဖြင့် ရဲရဲဝံ့ဝံ့ အထွန့်တက်လိုက်သည်။
"အဲ့တော့"
မည်သို့ပင် ရဲဝံ့စွာဆိုလေသကား ပြန်ရလာသည်က ဂရုမစိုက်သည့်ဟန်ဖြင့် အလေးအနက်မရှိစွာ ခပ်ပေါ့ပေါ့ပင် ပြောလာလေသည့် Admin အဖိုးကြီး၏ "အဲ့တော့" ဟူသည့် စကားနှစ်လုံးတည်း။
ထိုကဲ့သို့ ပြုမူပြောဆိုလိုက်သည့်ဟန်ကြောင့် Namjoon ရုတ်တရက် ဘာဆက်ပြောရမှန်းမသိအောင် ဖြစ်သွားသည့်အခိုက်တွင်
"နံပါတ် (၆) ဆိုပြီး အဲ့စာရွက်ထဲ မပါတော့ ဘောင်မ၀င်တဲ့အတွက် ကျွန်တော်တို့ လုပ်ပေးစရာ မလိုဘူး ထင်တယ် ... ဟုတ်တယ်မလား ?"
အားလုံးပြောချင်နေတဲ့စကားကို
ထိုကဲ့သို့ ထိထိမိမိဖြင့် ပြတ်ပြတ်သားသားဝင်ပြောပေးသူက ပါလေရာဂျောင်ကွတ်ကီး။
ESTÁS LEYENDO
မာယာများနဲ့သရဲစံအိမ်[Completed]
De Todoကြောက်တတ်သူများ မဖတ်ရ။ 😨 😨 ရယ်ချင်သူများ ဖတ်ပါ။ 😂 😂 ✌Kim Namjoon ✌Kim Seok Jin ✌Min Yoongi ✌Jung Hoseok ✌Park Jimin ✌Kim Tae Hyung ✌Jeon Jung Kook မမျှော်လင့်ခဲ့ပါဘဲ မရည်ရွယ်တဲ့ အခွင့်အလမ်းတစ်ရပ်ကနေ သရဲစံအိမ်အတွင်းသို့ သူတို့...