စာမျက်နှာ (၂)

17.5K 2.5K 770
                                    

တဖက်စာမျက်နှာရှိ ဇာတ်ကြောင်းကို မှတ်မိသွားစေရန် အနည်းငယ် ပြန်ပြောင်းပြောရမည်ဆိုလျှင်ဖြင့်

👇 👇 👇 👇 👇 👇 👇 👇 👇 👇

Ghost House Page နှင့် အဆက်အသွယ်ရခဲ့ပြီး အခြေအနေအရပ်ရပ်ကို အသေအချာ အတိအကျသိနိုင်ရန် တာဝန်ခံများရှိရာနေရာသို့သာ။

ဤသို့ဖြင့် ဇာတ်လိုက်ကျော်ကြီး ၇ ယောက်ပါဝင်သည့် အနီရောင်ကားလေးသည် လမ်းမထက်ဝယ် တလိမ့်လိမ့်ဖြင့် ။

ဒါပေမဲ့

သူတို့ ဦးတည်ကာ သွားနေသော နေရာများမှာ
တကယ့်ကို မာယာများဖြင့် ပြည့်နှက်နေသည့် နေရာများ ဖြစ်နေသည်ဆိုတာကို
သူတို့သိနိုင်ဖို့ကတော့ !!!!!!!!

________•••GHOST HOUSE•••_______

အနီရောင်ကားလေးသည် လမ်းကြိုလမ်းကြားလေးတစ်ခု၏ အဆောက်အဦးတစ်ခုရှေ့၌ ရပ်တန့်ပြီးသည့်နောက်တော့ ကားပေါ်မှ အလန်းဇယားကောင်ချောလေး ၇ ယောက်မှာ Idol လေးတွေအလား ရှိုးအပြည့်ဖြင့် ဆင်းလာကြသည်။

သရဲစံအိမ်သွားမလို့လား ဖျော်ဖြေပွဲ သွားမှာလားဟု ရွဲ့ကာသာ မေးချင်စရာ။ ဒီဇိုင်းတွေက လန်ထွက်ပျံတက်နေသည် မဟုတ်လား ။

သူတို့စီးလာသည့် အနီရောင်ကားလေးမှာ နောက်ဆုံးပေါ်မော်ဒယ်ဖြစ်သလို ဈေးလဲကြီးလွန်းလှပြီး ထိုကားနီနီရဲရဲလေးနှင့် ကောင်ချောလေးတွေမှာတော့ ပနံတင့်ကာ လိုက်ဖက်လွန်းနေပြန်ချေသည်။

သို့ပေမဲ့ ပုံမှန်သာဆိုလျှင် အနီရောင်ကား၏ ပိုင်ရှင်လေးဖြစ်သူ ပါလေရာဂျောင်ကွတ်ကီး နှင့် သူအပါအ၀င် သူငယ်ချင်းတစ်သိုက်သည် ကားဆီဖိုးချွေတာသည့်အနေနဲ့ ကုန်းလမ်းလျှောက်ကာဖြင့်သာ သွားနေကျဖြစ်သော်လည်း

အရေးကြုံလာသည့်အခိုက်တွင်မှသာ ဆီဖိုးကို စပ်တူပေါင်းစုကာ ထည့်ဝင်ကြရင်း ယခုကဲ့သို့ ကားနီလေးကို ခြေမြန်တော်တပ်သားအဖြစ် ချောဆွဲတတ်ကြခြင်းပင်။

အိမ်တွင် အလှပြယာဉ်အဖြစ်သာ ရှိနေခဲ့ရသော ကားလေးသည်လည်း ယခုမှသာ ၀ံ့ဝံကြွားကြွားဖြင့် လမ်းမပေါ်ထွက်ခါ လမ်းသလားခွင့်ရသည်ဆိုလဲ မမှား။

မာယာများနဲ့သရဲစံအိမ်[Completed]Donde viven las historias. Descúbrelo ahora