နိဂုံးအစ

9.1K 1.7K 646
                                    

မျှော်လင့်ထားသော အရာတွေ
ဖြစ်မလာပဲ ၊ မမျှော်လင့်သော အကြောင်းတရားတွေ
ကြုံတွေ့တတ်တာလဲ သဘာဝသာဆို
ငါတို့ အခု ဘာလုပ်ရမလဲ
သင်ဖြေကြည့်ပေးပါ
မာယာ ....။

________•••GHOST HOUSE•••_______

(ရှေ့အပိုင်းမှ 👇👇)

"ငါတို့ ထပ်ပြီး ဒီမှာစကားပြောရင်း အချိန်ဆွဲနေလို့ မရတော့ဘူး ... Jimin ... Jimin လေးကို ရှာရမယ် တော်ကြာ သရဲတွေက ဘာလုပ်ပစ်မလဲ မသိနိုင်ဘူး"

နှိုးဆော်တိုက်တွန်းသံ နဲ့ ပြောလိုက်တဲ့
Yoongi စကားကြောင့် အားလုံးလှုပ်လှုပ်ရွရွဖြစ်သွားကြတယ် ။

"လူခွဲရှာကြမလား hyung"

"No"

ပါလေရာလေးပီပီ ထက်ထက်မြက်မြက်တွေးခေါ်စဉ်းစားကာ မြန်မြန်သွက်သွက်လေးမေးလာတဲ့ Jungkook စကားကို ငြင်းဆန်လိုက်သူကတော့ Namjoon။

"လူခွဲရှာစရာမလိုဘူး ... ငါထင်နေတဲ့ နေရာတစ်ခု ရှိတယ် ... အားလုံးပဲ ငါ့နောက် လိုက်ခဲ့ကြ "

"ဘယ်နေရာလဲ"

"လာပါ ... ရောက်ရင် သိမှာပေါ့"

Yoongi မေးလိုက်တဲ့ အမေးကို ခပ်ပေါ့ပေါ့ပဲပြောရင်း ရှေ့ကနေ ဦးဆောင်ကာ သွားတော့ မလို့ ဟန်ပြင်နေတဲ့ Namjoon။

သူ့ နောက်သို့

အားလုံးပဲ တယောက်မျက်နှာ တယောက်ကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောတူညီမှုရယူပြီးနောက်
တညီတညွတ်ထဲ လိုက်ခဲ့ကြတော့တယ် ။

သူတို့ရဲ့ ခေါင်းဆောင်ကြီးကို ယုံကြည်ခြင်းများစွာနဲ့ပေါ့ ။

ဒါပေမဲ့ Namjoon ကဘယ်ကို ခေါ်သွားမလဲ ဆိုတာကတော့ ??

.
.
.
.

နောက်ကျောကို ဓားနဲ့ ထိုးတယ်ဆိုတာ ဤ အရာကို ခေါ်သလား ?

သို့ပေမဲ့

Namjoon ဆိုသည်ကလဲ Namjoon မဟုတ်လေတော့

ထိုမေးခွန်းအတွက် အဘယ်သို့ ဆိုရပါအံ့ ။

________•••GHOST HOUSE•••_______

"Kim Namjoon က တမူထူးခြားနေတယ်လို့ မထင်ဘူးလား ?"

CCTV ကပေးပို့မှုမှတဆင့် အခြေအနေအားလုံးကို TV Screen ထက်တွင် မြင်တွေ့နေရသည်မို့ သေသေချာချာကြည့်ရင်း သုံးသပ်စကားကို ပြောထွက်လာလေသူ Ghost House Page Admin ။

မာယာများနဲ့သရဲစံအိမ်[Completed]Donde viven las historias. Descúbrelo ahora