စာမျက်နှာ (၇)

12.3K 2.3K 1.1K
                                    

👇 👇Jhope လေး ကံထူးရှင်ဖြစ်ခဲ့ပြီးနောက် သရဲ မတွေ့ရသေးသော ကျန်ဇာတ်လိုက်ကျော်ကြီးများဖြစ်သည့် Jimin,Tae နှင့် Kookie တို့အနက် အခုအပိုင်းတွင် မည်သူမည်ဝါက သရဲကို မျက်ဝါးထင်ထင် တွေ့ရှိပြီး မဟာကံထူးရှင်ဖြစ်သွားမည် ဆိုတာကို စိတ်ဝင်တစား ဖတ်ရှုအားပေးပါဦးရှင်။ 😂

________•••GHOST HOUSE•••_______

👇(အရှေ့အပိုင်းမှ မဲပေါက်သွားသူ အဟုတ်တကယ်ကြောက် Jhope သရဲတွေ့သည့် အပိုင်းအား Recall ပြန်ခေါ်ခြင်း) 👇

Jhope ခံစားမိလိုက်သည်မှာ နောက်ကနေပြီး သူ့ပုခုံးကို လာတို့ထိသယောင် အထိအတွေ့။

သူငယ်ချင်းတစ်ယောက်ယောက် သူတို့နောက် လိုက်လာပြီး သူ့ကိုလှမ်းတို့ကာ ခေါ်လိုက်သည်အထင်နှင့်မို့ နောက်သို့ အသာလှည့်ကြလိုက်သည်။

သို့သော် ဘယ်သူကိုမှ မတွေ့မိ။

သို့ပေမဲ့

မျက်လုံးတွေက ကော်ရစ်တာ လမ်းမတစ်လျှောက် အကြည့်ရောက်ပြီးနောက် လှေကားမှ တက်လာသည့် အရာတစ်ခုကို မြင်ပြီးနောက်တွင်တော့

"အစ်.... အစ်..... အစ်"

ကုန်းအော်ဖို့ ကြိုးစားသော်လည်း အသံတစ်သံမှ ထွက်မလာနိုင်တော့ဘဲ ချွေးသီးချွေးပေါက်အသွယ်သွယ်က ပိုးပိုးပေါက်ပေါက်ကျရင်း ထိတ်လန့်ကြောက်ရွံ့စွာဖြင့် မျက်လုံးမျက်ဆံပြူးလျက် ထိုနေရာတွင်ပင် ငုတ်တုတ်မေ့သွားလေတော့သည်။

သူတွေ့လိုက်ရသည့်အရာမှာကား

လှေကားမှ တက်လာပြီး ကော်ရစ်တာလမ်းတလျောက် လေးဘက်ထောက်ကာ တွားသွားလျက် သူရှိရာဆီသို့ တရွေ့ရွေ့လာနေသော ခန္ဓာကိုယ်အနှံ့ သွေးအလိမ်းလိမ်းဖြင့် ပေကျံနေသည့် သရဲ တစ်ကောင်ဖြစ်နေခဲ့သည်ဆိုတာကိုတော့ ။

________•••GHOST HOUSE•••_______

(A/N Cuttiehsumindooly တစ်ယောက် ထိုအချစ်တော် ဇာတ်လိုက်ကျော်ကြီး ၇ ယောက် နှင့်အတူ သရဲစံအိမ်သို့ လိုက်ကာ မှတ်တမ်းတင်ရင်း Jhope ကဲ့သို့ပင် အနှီသရဲကို မျက်ဝါးထင်ထင်တွေ့ပြီး Jhope နှင့်အတူ ငုတ်တုတ်မေ့သွားပါသောကြောင့် ယခုကဲ့သို့ Update နောက်ကျရခြင်းကိုတော့ သည်းခံပေးစေလို ခ်ခ် 😂 😝)

မာယာများနဲ့သရဲစံအိမ်[Completed]Hikayelerin yaşadığı yer. Şimdi keşfedin