👇 👇 ဇာတ်လိုက်ကျော်ကြီး ၇ယောက် သရဲစံအိမ်တွင် မည်သို့ ဇာတ်လမ်းဆက်ကြမည်ကို ဆက်လက်ဖော်ပြပေးသွားပါတော့မည်။ စိတ်ဝင်စားစေရန် ရည်သန်လျက်ဖြင့် ။ 😄
________•••GHOST HOUSE•••_______
သစ်ပင်ခြေရင်းတွင် တုတ်တုတ်မျှ မလှုပ်ပဲ ရပ်နေပြီး သူတို့ရှိရာကိုသာ တည့်တည့်ကြီး စိုက်ကြည့်နေသည့် မျက်လုံးစိမ်းစိမ်း ကိုယ်လုံးမဲမဲကြီးကို မျက်ဝါးထင်ထင် မြင်မိချိန်မှာတော့
"အားးးးးးးးးးးးးးးးးးးးးးး"
အချေကောင် Yoongi ၏ ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်သံသည်သာ လမိုက်ညလယ်တွင် ကျယ်လောင်စွာ ထွက်ပေါ်သွားခဲ့လေတော့သည်။
________•••GHOST HOUSE•••_______
"Hyung ဘာဖြစ်လို့လဲ ....
ဘာတွေ့လိုက်လို့လဲ ??"စိုးရိမ်ကြီးစွာ မေးရင်း အလျင်အမြန် ပြေးဆင်းလာလေသည့် အငယ်ဆုံးလေး ပါလေရာဂျောင်ကွတ်ကီး။
အချေကောင်ကြီး Yoongi ၏ ထိတ်လန့်တကြားအော်ဟစ်လိုက်သံကြောင့် ပန်းရောင်မာရီယိုက Namjoon လက်ကို အတင်းဆွဲကိုင်လိုက်ကာ ကြောက်လန့်သွားသည့်ပုံပေါ်သလို
အဟုတ်တကယ်ကြောက် Jhope နှင့် ပဲပိစိန်လေး Jimin ကလဲ တစ်ယောက်နှင့် တစ်ယောက် အားကိုးတကြီး ဖက်ထားလျက်သား ။
Gucci ထိပ်ခေါင်အကုန်ပြောင် Tae Hyung ကတော့ ယောင်အမ်းအမ်းဖြင့် ဆန့်ဆန့်ကြီးရပ်ရင်း Yoongi ကို ကြောင်ကြည့်လျက်သာ။
"ဟိုမှာ .... ဟိုမှာ.... မျက်လုံးစိမ်းနဲ့ မဲမဲကြီး "
တုန်တုန်ယင်ယင်ဖြင့် သစ်ပင်ဆီသို့ လက်ညိုးကြီးထိုးကာပြရင်း ထိတ်လန့်နေပုံရတဲ့ အချေကြီးYoongi ။
အကုန်လုံးရဲ့ အကြည့်တွေက ထိုအပင်ကြီးရှိရာဆီသို့ ။
"ဘာမှလဲ မရှိပါဘူး Hyung ရဲ့"
သစ်ပင်ကြီးဆီသို့ စူးစိုက်ကာရှာကြည့်ပီးနောက် ပြောလိုက်တဲ့ Jungkook စကားအဆုံးမှာတော့
"ဘာ...... အဲ့မှာ အဲ့မှာလေ .....မမြင်ဖူးလား"
သစ်ပင်ကြီးအောက်သို့ ထပ်ကာ လက်ညိုးငေါက်ငေါက်ထိုးရင်း Yoongi တစ်ယောက် ပြောလိုက်ပေမဲ့
YOU ARE READING
မာယာများနဲ့သရဲစံအိမ်[Completed]
Randomကြောက်တတ်သူများ မဖတ်ရ။ 😨 😨 ရယ်ချင်သူများ ဖတ်ပါ။ 😂 😂 ✌Kim Namjoon ✌Kim Seok Jin ✌Min Yoongi ✌Jung Hoseok ✌Park Jimin ✌Kim Tae Hyung ✌Jeon Jung Kook မမျှော်လင့်ခဲ့ပါဘဲ မရည်ရွယ်တဲ့ အခွင့်အလမ်းတစ်ရပ်ကနေ သရဲစံအိမ်အတွင်းသို့ သူတို့...