မှောင်မိုက်လွန်းတဲ့ည
အထင်သား မြင်သာနေတာ မရှိသော်လည်း
အတိုင်းသား ကြားသိနေတာကတော့
ထိတ်လန့်စရာ ညရဲ့ ပရိယာယ် ညို့ခေါ်သံကို
ထို အိမ်ကြီး မာယာ
သရဲတို့ စံ ပျော် ရာ မှ .......
________•••GHOST HOUSE•••_______
👇Previous (ရှေ့အပိုင်းမှ) 👇>> >>
Yoongi တွန်းအတိုက်မှာ တံခါးနားရောက်ကာနီးမှ ၀ုန်းကနဲ ပွင့်သွားလေသော တံခါး ။
တယောက်ယောက်က သူ တွန်းတိုက်မယ်မှန်းသိလို့ အချိန်မီ လာဖွင့်ပေးလိုက်လေသလိုမျိုး ။
သို့ပေမဲ့ တံခါးရှေ့တည့်တည့်မှာ ဘယ်သူမှမရှိ ။ သူ့အလိုလို ပွင့်သွားတာလဲ အသေအချာ။
ထို့နည်းတူစွာ လူကလဲ အရှိန်နဲ့ လွန်ပြီး ပွင့်သွားတဲ့ တံခါးမှသည့် အခန်းရှေ့သို့ လျောကနဲ။
သို့ပေမဲ့
ကိုယ်ဟန်ကို မနည်းထိန်းပြီး ခြေအစုံကို အတင်းရပ်တန့်ပစ်လိုက်ကာ ဘေးသို့ လှည့်ကြည့်မိချိန်မှာတော့ Yoongi ဘေး မလှမ်းမကန်းရှိ ကော်ရစ်ဒါလမ်းပေါ်ဝယ် မြင်လိုက်ရသည်က ....။
Yoongi တစ်ယောက် ဘာကို မြင်တွေ့လိုက်လေသနည်း ???
________•••GHOST HOUSE•••_______
Another Pov:
ပန်းရောင်လွှမ်းသော မာရီယိုကမ္ဘာတည်ဆောက်မည့်
University Wide Handsome ဖြစ်သည့်Kim Seok Jin 's Pov :
ကိစ္စများစွာ ဖြစ်ပျက်ပြီးနောက်
ထမင်းစားခန်းအတွင်းဝယ် Namjoon ကို"မင်းက ဘယ်သူလဲ" ဟု
မေးပြီးသည့် စကားအဆုံး လှိုက်လှိုက်လှဲလှဲ ပြုံးပြလာသည့် သူ့အပြုံးကို မြင်တွေ့ပြီး
မည်သို့ ဖြစ်သည်မသိ စိတ်ညို့ခံလိုက်ရသည့် လူတယောက်လိုဖစ်ကာ သတိလစ်မေ့မျောသွားခဲ့သည်။အချိန်ဘယ်လောက်တောင် မေ့မျောသွားသည်မသိ ။
တစုံတယောက်က တို့ထိကာ နှိုးလိုက်သလို ခံစားမိပြီး ပြန်လည် သတိရလာချိန်တွင်တော့
ဘေးတွင် Namjoon မရှိ ။
![](https://img.wattpad.com/cover/123849318-288-k894209.jpg)
ESTÁS LEYENDO
မာယာများနဲ့သရဲစံအိမ်[Completed]
De Todoကြောက်တတ်သူများ မဖတ်ရ။ 😨 😨 ရယ်ချင်သူများ ဖတ်ပါ။ 😂 😂 ✌Kim Namjoon ✌Kim Seok Jin ✌Min Yoongi ✌Jung Hoseok ✌Park Jimin ✌Kim Tae Hyung ✌Jeon Jung Kook မမျှော်လင့်ခဲ့ပါဘဲ မရည်ရွယ်တဲ့ အခွင့်အလမ်းတစ်ရပ်ကနေ သရဲစံအိမ်အတွင်းသို့ သူတို့...