အဆုံးသတ်သို့ မျှော်ရည်စူး
ထိုစံအိမ်ကြီးမှ လွတ်မြောက်ဖူးချင်တယ်
လာကူပါ့လား
အကြင်သူရယ် ....________•••GHOST HOUSE•••_______
(ရှေ့အပိုင်းမှ 👇👇)
"ကဲကဲ အခု အရေးကြီးတာ ငါတို့ ဒီထဲက ထွက်ဖို့ပဲ အချိန်မရှိဘူး မြန်မြန်ထွက်ကြစို့ "
Yoongi ရဲ့ တိုက်တွန်းစကားကို အားလုံးတသွေမသိမ်း နားထောင်ကာ အခန်းမှ ထွက်ရန် တံခါးမကြီးဆီ ပြေးသွားကြတော့သည်။
တံခါးရှေ့ ဦးစွာ ရောက်သွားတာက Jungkook။ အငယ်ဆုံးပီပီ ဘာလုပ်လုပ်
သွက်လက်စွာဖြင့် ရှေ့သို့ ရောက်စမြဲ ။သို့ပေမဲ့
တံခါးကို တွန်းဖွင့်လေတဲ့သူ ။
အားပြင်းပြင်းနဲ့ တွန်းသော်လည်း တုတ်တုတ်မျှမလုပ်လေသော တံခါး၊ သရဲမက အပြင်ထွက်လို့မရအောင် အဘယ်သို့ စီရင်ခဲ့လေသည်မသိ။နောက်ဆုံးတော့ အခန်းအပြင်သို့ ထွက်နိုင်ဖို့ဖြစ်တဲ့ အားလုံးရဲ့ မျှော်လင့်ချက်တွေဟာ ကြွေကျမြေခကုန်လေတော့သည်။
"ဘယ်လိုလုပ်မလဲ ငါတို့
ဘယ်လို လုပ်ကြမလဲ အခုတော့ ဒီအခန်းထဲမှာပဲ ပိတ်မိပြီး သေရတော့မှာလား"Jimin ရဲ့ စကားကိုပြန်ဖြေနိုင်သူ တယောက်မှမရှိ။ အကုန်လုံး ဘာစကားမှ မပြောနိုင် ဖြစ်ကုန်ကြလေသည်။
ထိုအခိုက်မှာ
"Omma"
အော်ဟစ်ရင်း Jungkook ကျောပေါ်သို့ ခွတက်လိုက်လေတဲ့ Tae ကြောင့် ကျန်လူအားလုံး ထိတ်ထိတ်ပြာပြာ ဖြစ်သွားရတော့သည်။
Tae တစ်ယောက် ဘာဖြစ်တာလဲ၊ ဘာ့ကြောင့်လဲ
ဘာကို တွေ့မြင်မိလိုက်လို့လဲ ဆိုတာကတော့.
.
.
.
.»»»»»»»»»»»»»»
"ဟိုးမှာလေ ခေါင်းတလားနားက မဲမဲလုံးလုံးကြီး အာ့ ဘာကြီးလဲ? "
Tae Hyung လက်ညိုးထိုးပြသည့် နေရာကို အကုန်ဝိုင်းကြည့်ပြီးနောက် ဦးစွာတွေ့မြင်လိုက်သည့် Namjoon က ပေါ့ပေါပါးပါးလေသံဖြင့်
ESTÁS LEYENDO
မာယာများနဲ့သရဲစံအိမ်[Completed]
De Todoကြောက်တတ်သူများ မဖတ်ရ။ 😨 😨 ရယ်ချင်သူများ ဖတ်ပါ။ 😂 😂 ✌Kim Namjoon ✌Kim Seok Jin ✌Min Yoongi ✌Jung Hoseok ✌Park Jimin ✌Kim Tae Hyung ✌Jeon Jung Kook မမျှော်လင့်ခဲ့ပါဘဲ မရည်ရွယ်တဲ့ အခွင့်အလမ်းတစ်ရပ်ကနေ သရဲစံအိမ်အတွင်းသို့ သူတို့...