စာမျက်နှာ (၁၃)

9.9K 1.8K 968
                                    

မာယာ .....

မာယာ ဆိုတာကို စကားနှစ်လုံးထဲမို့
ပါးပါးလေးလို့ အထင်မသေးလိုက်ပါနဲ့

သင်မသိမမြင်နိုင်တဲ့
နက်နက်ရှိုင်းရှိုင်း ထောင်ချောက်တွေ
မာယာရဲ့ နောက်ကွယ်မှာ
တခမ်းတနား တည်ရှိတယ် ။

________•••GHOST HOUSE•••_______

Kookhope အခန်းထဲ၌ Kookhope နှစ်ယောက် အိမ်မက်လား တကယ်လား ဟူသည့် ကိစ္စများစွာ ဖြစ်ပျက်နေခဲ့ချိန်တွင်
Tae မှာလည်း သူ့အခန်းဝယ် ဟိုးရှေ့အပိုင်းက ဖော်ပြထားသကဲ့သို့ ဖြစ်ပျက်နေ၏ ။ အဖြစ်အပျက် အားလုံးသည် တချိန်တည်း သူ့အခန်း၌သူ ပြိုင်တူ ဖြစ်ပျက်နေခြင်းသာ ။

ထို့အတူ Yoonmin မှာလဲ ..... ??

________•••GHOST HOUSE•••_______

"Jhope အခန်းဘက်ကလား မသိဘူး
အော်သံ ..... အော်သံ ခပ်တိုးတိုး
ကြားလိုက်တယ်"

မျက်နှာငယ်လေးဖြင့် မှန်တင်ခုံရှေ့တွင် ထိုင်နေသည့် Jimin ။ ထိတ်လန့်အားငယ်သံ လေးဖြင့် ကြောက်ရွံ့စွာ ဆိုလာလေတာ။

အသံတိုးတိုးလေးနဲ့ ထိုသို့ ဆိုပြီးနောက် မျက်လုံးလေးတွေ မှေးစင်းရင်း နားလေးကို အသာစွင့်ကာ နားထောင်နေပုံမှာ တိတ်ဆိတ်ခြင်းသာ လွှမ်းမိုးထားသည့် ဒီစံအိမ်အတွင်း တချက်တချက် ဖောက်ထွက်လာသည့် အသံများကို အာရုံခံစားမိရန်နှင့်အတူ Jhope အော်သံဟု သံသယရှိလိုက်မိသည့် ထိုအသံ ထပ်မံထွက်ပေါ်လာလေဦးမလား ဟူသည့် မျှော်လင့်ချက်ဖြင့် ။

Jimin ကို မမှိတ်မသုန် လှမ်းကြည့်နေသည့် Yoongi မှာလဲ ကုတင်ထက်ဝယ် မလှုပ်မယှက်ထိုင်ကာ Jimin နည်းတူစွာ တစုံတရာ ထွက်ပေါ်လာနိုင်သည့် အသံကို နားစွင့်နေမိသည် ။

ထိုအခိုက်ဝယ် ကြားလိုက်ရသည်က Jhope အသံတော့မဟုတ် ။ Tae အသံလဲ မဟုတ် ။ မည်သူမည်ဝါမှန်းလဲ မသိ။

အဘယ်ကြောင့်ဆိုသော်

တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သည့် ထိုအသံက အခန်းရှေ့က ကော်ရစ်ဒါလမ်းမတလျှောက် တစုံတယောက် လမ်းလျှောက်နေရာမှ ထွက်ပေါ်လာသည့်အသံမို့ ။

မာယာများနဲ့သရဲစံအိမ်[Completed]Onde histórias criam vida. Descubra agora