ကျေးဇူးတင်လွှာ

6.3K 1K 259
                                    

သို့ ....

Cuttiehsumindooly ချစ်ရပါသော ကလေးများ

"မာယာများနဲ့ သရဲစံအိမ်" Fic လေးနဲ့ ပက်သက်ပြီး နှုတ်ဆက်စကား ဆိုရတော့မဲ့ အချိန်ရောက်ခဲ့ပြီပေါ့နော် ။

တကယ်ဝမ်းနည်းမိတယ် ။

ဒီ Fic လေးကို နှစ်သက် သဘောကျပြီး အားပေးတဲ့သူတွေ အများကြီးရှိခဲ့တာကို ကိုယ်သာ အသိဆုံး။

နိဂုံးအဆုံး (Final) လေး တင်ပြီးပြီးချင်း တက်လာတဲ့ Comment တွေကို ဖတ်ရင်း ကိုယ်တကယ် ငိုချင်သွားတယ် ။ အရမ်းအားပေးခဲ့တဲ့ Reader လေးတွေနဲ့ ခွဲရတော့မှာမို့ ။

တကယ်ပါ ။ ကိုယ်ရေးခဲ့တဲ့ Fic တွေထဲမှာ Intro မှာတင် Vote 600 နီးပါးနဲ့ Comment တွေ အများကြီးရခဲ့ဖူးတာ ဒီ Fic လေးပဲ ရှိတယ်။

အပိုင်းတိုင်း အပိုင်းတိုင်းမှာ ပေးခဲ့ကြတဲ့ Vote တွေ Comment တွေ ဒီစာရေးသူတစ်ယောက်ရဲ့ အားထုတ်ခဲ့မှုကို အသိအမှတ်ပြု လက်ခံတဲ့ သဘောမို့ ကိုယ် သိပ်ကျေးဇူးတင်တာရယ် ။

အထူးသဖြင့် ဒီ Fic လေးထဲက Comment တွေ ၊ ကိုယ်ရေးတဲ့ ဟာသ တကွက်ချင်းပေါ် အသေးစိတ်ဖတ်ရင်း reader လေးတွေရဲ့ အမြင်နဲ့ ပြန်ရေးပေးတဲ့ comment လေးတွေကကို ဒီလူကို အူတွေတက်စေတာ ။

Comment တွေ ဖတ်ပြီး တခွီးခွီး ရယ်ခဲ့ရတာပေါ့။
အော် နောက်ဆို ထပ်မရနိုင်တော့တဲ့ အမှတ်တရတွေပေါ့နော် ။

ကိုယ်ပေးတဲ့ ပျော်ရွှင်မှုရသမှုတဆင့် ကိုယ့်ကို ပြန်ပြီးပေးခဲ့တဲ့ ကြည်နူးမှုတွေအတွက် စာဖတ်သူတယောက်ချင်းစီကို ကျေးဇူးတင်ကြောင်း ဆိုချင်ပါတယ်။

ဒါပေမဲ့ ကိုယ်ဒီFic လေးမှာမှ ပိုပြီး သတိထားမိတာလေး တခုရှိတယ်။ အဲ့ဒါဘာလဲ ဆိုတော့ Fic ရဲ့ အရှေ့ ၄ ပိုင်း ၅ ပိုင်း လောက်မှာ vote တွေ comment တွေ လှိုင်လှိုင်ကြီး ပေးခဲ့ update တွေ တောင်းခဲ့ပြီး နောက်ပိုင်းရောက်တော့ တချက်ကလေးမှတောင် လှည့်ပြီး အဖက်မလုပ်တော့တဲ့ စာဖတ်သူအချို့ကို တွေ့ခဲ့မိလို့ပါ ။

အဲ့အချိန် ကိုယ်တွေးမိတာက ငါ့အရေးအသားတွေများ မကောင်းတော့လို့လား ၊ ဘယ်နေရာမှာများ လိုအပ်နေပါလိမ့် စသည်ဖြင့်ပေါ့ ဘာ့ကြောင့်ဆိုတဲ့ အကြောင်းတရားကိုတော့ သေချာမသိပေမဲ့ အခုလိုရောက်တတ်ရာရာ တွေးမိပြီး စိတ်မကောင်းဖြစ်မိတယ်။ အဲ့အတွက် ကြောင့်လဲ ပိုပိုပြီး ကြိုးစားရေးဖြစ်တယ်။

မာယာများနဲ့သရဲစံအိမ်[Completed]Onde histórias criam vida. Descubra agora