လူကြီး ပေးခဲ့တဲ့ ရေချိုးချိန် ဆယ်မိနစ်လေးဟာ ငိုကြွေးခြင်းဖြင့်ပင် ကုန်ဆုံးသွားခဲ့ပါပြီ
သူ့ရဲ့ဘယ်ဘက်ခြေထောက်က ဘယ်လိုမှလှုပ်လို့မရ လှုပ်ရှားလိုက်တိုင်း အသည်းခိုက်မတတ် နာကျင်နေသဖြင့် လူကြီးထားခဲ့သည့်အတိုင်း ကန်ဘောင်ပေါ်တွင် ထိုင်လျက်ရှိနေဆဲပင်...
လမ်းလျှောက်သံ...
သူရှိတဲ့ ရေချိုးခန်းဘက်ကို ဦးတည်ပြီး လျှောက်လာတဲ့ ခြေသံ
"ဟော...!! အခုထိ ရေမချိုးရသေးဘူးလား??"
ထင်သည့်အတိုင်း Kim jonginဆိုသည့် လူကြီး ပြန်ရောက်လာပါပြီ
"အဟင့်__ဟင့်__ဟင့်__"
"ဟေ့!! သြော်__ ဒုက္ခပါပဲ ဘာဖြစ်လို့ ငိုနေတာလဲ ဘာဖြစ်လို့လဲ??"
လူကြီးက ရေချိုးပြီးလာတဲ့ပုံပင် ကိုယ်တိုက်ဆပ်ပြာရနံ့က နှာခေါင်းထဲသို့ လတ်ဆတ်မွှေးပျံ့စွာ ဝင်လာသည်။
"ဟို__ဟို__ကျွန်တော့ခြေထောက်နာနေလို့ မတ်တတ်မရပ်နိုင်ဘူး အဟင့်__ဟင့်__ဟင့်__"
"အဲ့ဒါကြောင့် ကိုယ်ပြောတယ်မဟုတ်လား? ရေအတူတူချိုးမယ်ဆိုတော့ ကောင်လေးက လက်မှမခံပဲ"
"ကျွန်တော့ကို မဆူပါနဲ့ အီး__ဟီး__ဟီး__"
သူလည်း လူကြီးကိုကြောက်သောကြောင့် အော်ကြီးဟစ်ကျယ်ပင် အော်ငိုချပစ်လိုက်ပါတော့သည်။
"အေးပါကွာ... ကိုယ်က ကိုယ့်ကလေးကို မဆူပါဘူး လာ!ထတော့ ကိုယ်ရေချိုးပေးမယ် ဟုတ်ပြီလား??"
"............"
"ကဲပါ ကလေးရယ်..ရှက်မနေပါနဲ့တော့ နောက်လည်း မြင်ရမှာပဲဟာ"
ဘာအဓိပ္ပာယ်လဲ လူကြီးပြောတဲ့ စကားရဲ့အဓိပ္ပာယ်က ဘာလဲ??
လူကြီးက သူ့အား ရီဝေညှို့ငင်သလို ကြည့်နေပြီး အင်္ကျီကြယ်သီးများကို တလုံးခြင်း ညင်သာစွာ ဖြုတ်ပေးနေသည်။
လူကြီးရဲ့ ၀င်သက်ထွက်သက် လေနွေးနွေးက မျက်နှာဆီသို့ လာရောက်ထိတွေ့နေသဖြင့် မျက်နှာပူ အနေခက်နေတာတော့ အမှန်
"မတ်တပ်ရပ်တော့လေ"
"............"
"sorry!! မင်းက ခြေထောက်မှ ထောက်လို့မရပဲ"
YOU ARE READING
အရိုးထိအောင်ရူး(Z+U){COℳPℓξፐξD}
FanfictionDika,kaisoo(yaoi) wattpadတွင် ပထမဆုံးရေးသည့်fic ပထမဆုံးမို့ အမှားများစွာ ပါနိုင်ပါသည်။ အမှားပါလျှင်လည်း ခွင့်လွတ်ပါလို့ အားလုံးကို ကျေးဇူးတင်ပါတယ်.....