ကားပေါ်ရောက်သည်အထိ ဘာစကားမှမပြောပါစကားမပြောရုံမက ကြည့်ပင်မကြည့်မိပါ သေချာပါတယ် ကျွန်တော့မျက်နှာက တော်တော်လေးကို မအီမသာဖြစ်နေမယ်ဆိုတာ
“ကလေးလေး ဘယ်သွားချင်လဲ"
လူကြီးက ကားမောင်းနေရင်းဖြင့်ပင် ကျွန်တော့ကိုပြုံးကြည့်ပြီး ဘယ်သွားချင်လဲဟု မေးနေပြန်ပါသည်။
~~ကျွန်တော်ဘယ်သွားချင်လဲ??~~
~~ဘယ်သွားချင်လဲ ဆိုရင်တော့ စိတ်ထဲမှာ ဖြစ်ပေါ်နေတာက ဒီလူကြီးနဲ့ ခပ်ဝေးဝေးကို ထွက်ပြေးချင်နေတာပဲ~~
“ဘယ်မှမသွားချင်ဘူး!!"
စကားတွေကို ရှည်ရှည်ဝေးဝေးမပြောချင် ရင်းရင်းနှီးနှီးလည်း မဆက်ဆံချင်၍ လိုရင်းတိုရှင်း ခပ်ပြတ်ပြတ်သာ
“မနက်က စောစောစီးစီး baekလေးဖုန်းဆက်လာတော့ ကိုယ့်မှာဘယ်လောက်ထိ ၀မ်းသာသွားမိတယ်ထင်လဲ?"
ဘယ်သွားချင်လဲလို့ မေးတုန်းကမေးတယ် ကျွန်တော်ပြန်ဖြေတော့လည်း အရေးမထား မသိသလိုနဲ့ တခြားစကားတွေ ပြောနေပြန်ပါသည်။
~~ဒါနဲ့များ လေကုန်ခံပြီးတော့ ဘာဖြစ်လို့ ဘယ်သွားချင်လဲ မေးနေပါလိမ့်~~
“မသိဘူးလေ ကျွန်တော်က အကြားအမြင်ရနေတဲ့သူမှ မဟုတ်တာ"
“ဟုတ်သားပဲ!! ကိုယ်ကလည်း ကလေးကို ဘာတွေလျှောက်မေးနေမှန်း မသိပါဘူးကွာ ဟင်းဟင်း! ကလေးကကိုယ်နဲ့တွဲမယ်ဆိုတဲ့ စကားလည်းကြားရော ကိုယ်လေ ပျော်လွန်းလို့ ထခုန်မိမတတ်ပဲ အရမ်းဝမ်းသာတယ် ပြီးတော့ အရမ်းလည်းပျော်သွားတယ် ကလေးရယ်...."
ကျွန်တော်ကတော့ လူကြီးရဲ့စကားကို မကြားချင်ယောင်ဆောင်ပြီး ကားတံခါးမှန်မှ အပြင်ရှုခင်းများကို ငေးကြည့်နေမိပါတယ်
“ကျွန်တော် ကျောင်းမပြေးချင်ဘူး လူကြီး"
ရင်ထဲက အဖြစ်ချင်ဆုံးဆန္ဒတစ်ခု
“ကိုယ်ခွင့်တိုင်ပြီးပါပြီ မင်းနဲ့baekအတွက် ဆရာယွန်းဆီ ဖုန်းဆက်ပြီး ခွင့်တိုင်ပေးထားပါတယ်"
ESTÁS LEYENDO
အရိုးထိအောင်ရူး(Z+U){COℳPℓξፐξD}
FanficDika,kaisoo(yaoi) wattpadတွင် ပထမဆုံးရေးသည့်fic ပထမဆုံးမို့ အမှားများစွာ ပါနိုင်ပါသည်။ အမှားပါလျှင်လည်း ခွင့်လွတ်ပါလို့ အားလုံးကို ကျေးဇူးတင်ပါတယ်.....