အမှောင်ရိပ်ခိုကာ အိမ်လေးဆီသို့ ချဉ်းကပ်လာတဲ့ လူတစ်ယောက်တောထဲမှာ နှစ်ရှည်လများ သွားလာဖူးသူမို့ အမှောင်ရိပ်ထဲ၌ မျက်စိတို့က နေသားကျနေပါသည်။
အိမ်ကလေးနား နီးလာလေလေ ခြေလှမ်းတွေက ပိုသွက်လာခဲ့တယ်
သူ့ကလေးလေးကို တွေ့ရတော့မည်လေ...
ကလေးလေးကရော သူ့ကို လွမ်းနေရဲ့လား... သူကတော့ ဝေနေခဲ့တဲ့ တချိန်လုံး ငရဲကျနေသည့်နှယ်....
အိမ်အနောက်ဘက်မှ ပတ်ဝင်လိုက်ပြီး အိမ်တံခါးကို သော့တူနဲ့ ဖွင့်လိုက်ပါတယ်
လိုရမည်ရဆိုပြီး ဒီအိမ်သော့ကို သော့တူပွားထားတာ မှန်သွားတယ်...
•••click•••
တံခါးလေး ပွင့်သွားတယ်....
နံရံမှာရှိတဲ့ မီးခလုတ်လေးကို စမ်းပြီးဖွင့်လိုက်တော့....
"သေစမ်း!!!!လူယုတ်မာ"
အနောက်မှ ဓါးမြောင်ကို ကိုင်ပြီး နံကြားကိုထိုးရန် ပြေးဝင်လာသော ကောင်လေး....
"ဟာ.. ဟေ့! Do kyungsoo... စိတ်ထိန်းစမ်း..."
Kaiလည်း လက်ထဲမှ သားရေလက်ဆွဲအိတ်လေးကို ပစ်ချလိုက်ကာ ကောင်လေးရဲ့လက်ကို လိမ်ချိုးပြီး ဓါးကို ဆွဲလုလိုက်ပါတယ်
"လူသတ်သမား...ကျုပ်ကို လွှတ်ပေး! လွှတ်ပေးစမ်း!!!"
"စိတ်လျှော့ ကလေးလေး...စိတ်လျှော့ပါကွယ်...ကိုယ်လေ..မင်းကို သိပ်ချစ်တဲ့ kim kaiပါ...kim jonginမဟုတ်ပါဘူး...."
သူ့စကားကြားတော့မှ သွေးရူးသွေးတန်းဖြစ်နေတဲ့ ကောင်လေး..ငြိမ်ကျသွားပါတယ်..
"kim kai___ kim kaiဆိုတာ ကိုကိုလား သည်းရဲ့ ကိုကိုလား...."
ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ကောင်လေးရဲ့စိတ် ငြိမ်သွားပြီ ပုံမှန်ပြန်ဖြစ်သွားပြီပဲ
"သည်းရယ်...."
တဆတ်ဆတ်တုန်နေတဲ့ ကောင်လေးရဲ့ ကိုယ်လုံးလေးကို ရင်ခွင်ထဲထည့် ဖက်ထားလိုက်ပါတော့တယ်....
![](https://img.wattpad.com/cover/125227438-288-k590066.jpg)
VOCÊ ESTÁ LENDO
အရိုးထိအောင်ရူး(Z+U){COℳPℓξፐξD}
FanficDika,kaisoo(yaoi) wattpadတွင် ပထမဆုံးရေးသည့်fic ပထမဆုံးမို့ အမှားများစွာ ပါနိုင်ပါသည်။ အမှားပါလျှင်လည်း ခွင့်လွတ်ပါလို့ အားလုံးကို ကျေးဇူးတင်ပါတယ်.....